ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ က ဆီးရီးယားနိုင်ငံ အား S-300 လေကြောင်း ကာကွယ်ရေးစနစ် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား

ရုရှား နိုင်ငံ ၏ S-300 လေကြောင်း ကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
မော်စကို ၊ အောက်တိုဘာ ၃ ရက်
Read more
ရုရှား နိုင်ငံ ၏ S-300 လေကြောင်း ကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
မော်စကို ၊ အောက်တိုဘာ ၃ ရက်
Read more
စတော့ဟုမ်း၊ အောက်တိုဘာ ၃
မျက်စိခွဲစိတ်မှုတွေမှာ အနုစိတ်တိကျမှုကို ပေးနိုင်စွမ်းတဲ့ အမြင်အာရုံနဲ့ ဆိုင်တဲ့ လေဆာရောင်ခြည် တီထွင်မှုအတွက် သိပ္ပံပညာရှင်သုံးဦးကို ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၂ ရက်မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
Read more
ကဘူးလ်၊ အောက်တိုဘာ ၃
အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ လွှတ်တော်ရွေးကောက်ပွဲ လူစုရုံးမှုကို အောက်တိုဘာ ၂ ရက်က အသေခံဗုံးခွဲရာ သေဆုံးသူ ၁၄ ဦး ရှိပြီး ဒဏ်ရာရသူပေါင်း ၄၇ ဦးအထိ ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
Read more
မိုးကောင်း၊ အောက်တိုဘာ ၁
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာ ဒေါ်စိန်မေကြည် နေအိမ်တွင် အောက်တိုဘာ (၁) ရက်နေ့နံနက် ၉း၃၀ နာရီအချိန်တွင် နယ်မြေ (၂) ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းထွန်းအောင် နှင့် မြို့နယ်စီမံ ဦးဝင်းသိန်း၊ နယ်မြေ (၂) တာဝန်ခံ ဦးစိုးနွယ်၊ မြို့နယ်ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးစိုင်းထွန်းလှ၊ မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်၊ မြို့နယ်ကော်မတီအရန် ဦးစိုး၊ ဦးသန်းစိုးတို့သည် နယ်မြေ (၂) ခေါင်းဆောင်ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။ အခမ်းအနားတွင် ပါတီအင်းအား ၄၅ ဦးဖြင့် အပြန်အလှန်ဆွေးနွေတင်ပြလျက်ရှိပါကြောင်း တင်ပြလိုက်ပါသည်။
အောက်တိုဘာ ၂ ၊ဆိပ်ဖြူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ယနေ့နံနက် ၁၁နာရီ၃၀မိနစ်က ဆိပ်ဖြူမြို့နယ်ပါတီရုံးတွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသောဦးဝဏ္ဏမောင်လွင်၊ဦးသောင်းအေး၊ဦးအောင်တင်မြင့်၊မကွေးတိုင်းဒေသကြီပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌသိန်းထွန်းနှင့် ခရိုင်ပါတီကော်တီဝင်များ၊ ဆိပ်ဖြူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဆောင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ အပါအဝင် စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
မင်းဘူး၊ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် အောင်နိုင်ရေး ဆိုင်းဘုတ်ကို အောက်တိုဘာ (၁) ရက်နေ့ နံနက် ၈ နာရီခွဲက မင်းဘူးမြို့ အမှတ် ၃ ရပ်ကွက်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုး
ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည့် ဦးစိန်ရွှေမင်းအတွက် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်းဖြစ်ပြီး အဆိုပါဆိုင်းဘုတ်ထူခြင်းသို့ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်သူဦးနှင့် အောင်နိုင်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြိုညှိနှိုင်းအစည်းအဝေးနှင့် ရေးရာအလိုက် လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမဆောင် တွင် ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူးဦးသန်းလှိုင်၊ မြို့နယ်ရေးရာ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက်ကြသည်။

ဗလင်စီယာပွဲမတိုင်မီ မန်ယူ အသင်း၏ လေ့ကျင့်မှုတွင် ဂျက်ဆီလင်းဂတ်၊ ဟာရဲရား၊ အက်ရှ်လေယန်းနှင့် ရိုဂျိုတို့ မပါဝင်ဘဲ ပေါ့ဂ်ဘာက ပြုံးပြုံးရွှင်ရွှင် လေ့ကျင့်နေသည်။
မန်ယူသည် ဗလင်စီယာနှင့် ချန်ပီယံလိဂ်ပွဲကို အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားရမည်ဖြစ်ကာ ပထမအုပ်စု ပွဲတစ်ပွဲ၌ ယန်းဘွိုင်းအသင်းကို အနိုင်ရရှိထားသည်။ ဗလင်စီယာသည် မန်ယူအတွက် ယန်းဘွိုင်းထက် ပိုမိုခက်ခဲသော ပြိုင်ဘက်ဖြစ်ကြောင်း သက်သေပြနိုင်ပြီး အိမ်ကွင်းအားသာချက်ဖြင့် အမှတ်ပြည့်ယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
Read more
အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရလဒ်ကောင်းရန်လိုအပ်ပြီး ကစားသမားများ ကြိုးစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က တိုက်တွန်းသည်။
ဒေသတွင်း အဆင့်အမြင့်ဆုံးဆူဇူကီး ဖလားပြိုင်ပွဲကို နိုဝင်ဘာ၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)၌ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေ သည်။ ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တွင် ကစား သမား ၂၇ ဦးပါဝင်ပြီး စက်တင်ဘာ ၂၈ ရက်ကစ၍ လေ့ကျင့်နေသည်။
Read more