အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသမားပီသစွာ လုပ်ဆောင်ရန်လိုအပ်ဟု လူငယ်များကို တိုက်တွန်း
မိတ္ထီလာ၊ စက်တင်ဘာ ၁၇
လူငယ်များ အနေဖြင့် ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသများ ပီသစွာ လုပ်ဆောင်ရန်လိုအပ်ပြီး အခွင့်ရေးကို မျှော်ကိုးသည့် အခွင့်ရေးနိုင်ငံရေးသမား မဖြစ်စေရန် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မိတ္ထီလာခရိုင်မှ လူငယ်များအား တိုက်တွန်းပြောဆို ခဲ့ပါသည်။
Read more









ယူအက်ဖ်စီ(UFC)လိုက်ဖ်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်နာမာဂိုမီဒေါ့ဗ်ဟာ စနေညကထိုးသတ်ခဲ့တဲ့ပွဲမှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသားဒက်စတင်ပွိုင်ရီယာကို အနိုင်ယူပြီး ချန်ပီယံဆုကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးပွဲစကတည်းက နာမာဂိုမီဒေါ့ဗ်ဟာ သူအားသာတဲ့ အချုပ်အလှဲနဲ့ အတူ ဒက်စတင်ပွိုင်ရီယာကို အနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။ ဒုတိယအချီအစမှာတော့ ဒက်စတင်ပွိုင် ရီယာက အချုပ်မခံတော့ပဲ ခွာကစားခဲ့လို့ နာမာဂိုမီဒေါ့ဗ်ကစားရခက်ခဲ့ပါတယ်။ တတိယအချီအရောက်မှာတော့ ပွိုင်ရီယာဟာ နာမာဂိုမီဒေါ့ဗ်ရဲ့အချုပ်ကွက်မိခဲ့ပြီး အရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ အခုပွဲအနိုင်ရခဲ့တာကြောင့် နာမာဂိုမီဒေါ့ဗ်ဟာကစားသမား ဘ၀(၂၈)ပွဲကစားထားရာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို (UFC)လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုလည်း ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ် သွားနိုင်ခဲ့ပါတယ်။