ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ကျောက်ပန်းတောင်းမြို့နယ် ကြက်ပြစ်ကျေးရွာ ဒေသခံပြည်သူများ၊ တောင်သူများနှင့် တွေ့ဆုံ

 

မတ် ၂၊ ကျောက်ပန်းတောင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကြက်ပြစ်ရွာမှာ ဒေသခံတောင်သူလယ်သမားများ၊ ပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် တောင်သူလယ်သမား၊ ပြည်သူများမှ သိရှိလိုသည်များမေးမြန်း ပြီး၊ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့မှုများအား ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် အဖွဲ့ဝင်များမှ ပြန်လည်းဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ ကြက်ပြစ်ကျေးရွာ ဒေသခံ တောင်သူလယ်သမားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Read more

အမျိုးအမည်မသိ ဒုံးကျည်ဖူးနှစ်ခု မြောက်ကိုရီးယားပစ်လွှတ်

မြောက်ကိုရီးယားသည် ယမန်နေ့က အမျိုးအမည်မသိဒုံးကျည် ထိပ်ဖူးနှစ်ခုကိုပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားအစိုးရက တာဝေးပစ်ဒုံးကျည်များပစ်လွှတ် စမ်းသပ်မှုနှင့်ပတ်သက်၍ ၄င်း၏ တရားဝင် ဆိုင်းငံ့ထားမှုကာလသည် ပြီးဆုံးသွားပြီဟု ထုတ်ပြန်ကြေညာခဲ့ပြီး သီတင်းပတ်အနည်း ငယ်အကြာတွင် ယခုကဲ့သို့ ပစ်ခတ်စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဒုံးကျည်ထိပ်ဖူးနှစ်ခုကို မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ ဘက် ကမ်းရိုးတန်းရှိ ဝန်ဆန်ဒေသမှ ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ အရှေ့ဘက်စူးစူးသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။ တောင်ကိုရီးယားစစ်တပ်အနေဖြင့် နောက်ထပ် ပစ်လွှတ်မှုများအား စောင့်ကြည့်လေ့လာနေလျက်ရှိပြီး အသင့်အနေအထားဖြစ်အောင်ပြင်ဆင်ထားသည်ဟု ကြေညာချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

Read more

လိဂ်ဖလားပြိုင်ပွဲတွင် သုံးကြိမ်ဆက်ဗိုလ်စွဲနိုင်ခဲ့ခြင်းကို ဂွါဒီယိုလာဂုဏ်ယူ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ က လိဂ်ဖလားပြိုင်ပွဲ၌ သုံးကြိမ် ဆက်ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာကောင်းသော အောင်မြင်မှုဖြစ်သည်ဟု ပြောကြားလိုက်သည်။ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သောဗိုလ်လုပွဲတွင် မန်စီးတီးသည် ဗီလာအား ၂-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ၄င်းတို့သည် ၂ဝ၁၈၊ ၂ဝ၁၉ နှင့် ၂ဝ၂ဝ ဗိုလ်လုပွဲသုံး ကြိမ်ဆက်တိုက် အာဆင်နယ်၊ ချဲလ်ဆီးနှင့် ဗီလာတို့ကို အနိုင်ရကာ ဗိုလ်စွဲထားခြင်းဖြစ်သည်။

Read more

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်လာခြင်းအား သတိပြုရန်တိုက်တွန်း

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များက ရန်ကုန်မြို့ရှိ လေထုညစ်ညမ်းမှုအခြေအနေသည် အန္တရာယ်ရှိသည့် အနေအထားသို့ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရောက်ရှိခဲ့မှုအတွက် သတိပြု ဆောင်ရွက်ရန် တိုက်တွန်းလျက် ရှိသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီမြို့နယ် ရပ်မိရပ်ဖများ ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၇

Read more

ကစားသမား ၈ ဦးအထိ ရောင်းချရန် ချဲလ်ဆီးနည်းပြ ပြင်ဆင်

ချဲလ်ဆီးအသင်းရဲ့နည်းပြ ဖရန်ခ့်လမ်းပတ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ကစားသမား ၈ ဦးထိ ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရောစ့်ဘာကလီ၊ ဂျော်ဂျင်ဟိုတို့လို ကစားသမားတွေဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်သလို မားကိုစ့်အလွန်ဆို၊ အီမာဆင်၊ ဇူးမား၊ ဝီလျံနဲ့ ပက်ဒရို တို့လို ကစားသမားတွေဟာလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား လက်ခံတွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

Read more

ဂေါ်သဇင်ကျေးရွာ ရေနွေးကြမ်းစကားဝိုင်းသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

(ဖေဖေါ်ဝါရီ) ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ကျွဲကူးကျေးရွာအုပ်စု ရေကျော်ကုန်းးကျေးရွာတွင် မွန်းလွဲ (၁) နာရီအချိန် ကျေးရွာရှိ ရပ်မိ/ရပ်ဖ ဒေသခံများနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဒေါက်တာနေလင်း ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ တွေ့ဆုံမိတ်ဆက်ကြကြပြီး ရေနွေးကြမ်းစကားဝိုင်း ကျင်းပကြောင်း သိရှိရသည်။

Read more