Author: USDP 2016
ဒါဗီးစ်က ဟာလန်းကို ကျော်ဖြတ်ပြီး ဘွန်ဒက်စ်လီဂါ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဒါဗီးစ် ရရှိ

ဘိုင်ယန်မြူးနစ်ဘယ် နောက်ခံလူ အယ်လ်ဖွန်ဆိုဒါဗီးစ် သည် ၂၀၁၉-၂၀ ဘွန်ဒက်စ်လီဂါ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု (Bundesliga Rookie) ဆွတ်ခူးခဲ့သည်။
အသက် (၁၉) နှစ်အရွယ် ကနေဒါ လူငယ်ကြယ်ပွင့်သည် နည်းပြဟမ်ဆီဖလစ်ခ်၏ ဘိုင်ယန်မြူးနစ်ကို ရှစ်ကြိမ်ဆက် ဘွန်ဒက်စ်လီဂါဖလား ချန်ပီယံဖြစ်အောင် ကူညီပံ့ပိုးပေးပြီးနောက် ပရိသတ်များ၊ ကလပ်များနှင့် ဘောလုံးပဏ္ဍိတ်များက မဲပေး ရွေးချယ်သည့် ဆုရရှိခြင်း ဖြစ်သည်။
Read moreကုလ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် နိုင်ငံသစ်တွေ ရွေးချယ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့ဝင် နေရာအတွက် ရွေးချယ်ပွဲတွေကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ မှာ အိန္ဒိယ၊ အိုင်ယာလန်၊ မက္ကဆီကိုနဲ့ နော်ဝေးနိုင်ငံတို့ အရွေးခံခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မဲ အရေအတွက် သုံးပုံ နှစ်ပုံ ပြတ်ပြတ်သားသား မရခဲ့ကြတဲ့ ကင်ညာနဲ့ Djibouti နိုင်ငံတို့အတွက် ဒုတိယအကျော့ ရွေးချယ်ပွဲကို ကြာသပတေးနေ့မှာ ထပ်မံ ပြုလုပ်ခဲ့ရာမှာတော့ အာဖရိကတိုက်နေရာအတွက် ကင်ညာ နိုင်ငံက ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။
Read moreမြောက်ကိုရီးယားနှင့် တင်းမာမှုမြင့်တက်နေစဉ် တောင်ကိုရီးယားနျူအထူးကိုယ်စားလှယ် အမေရိကန်သို့ သွားရောက်

ကိုရီးယားနှစ်နိုင်ငံကြား ဆက်သွယ်ရေးရုံးကို ပြုံယမ်းက ဖောက်ခွဲကာ စစ်ရေးခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် တင်းမာမှုမြင့်တက်နေစဉ် တောင်ကိုရီးယား နျူက လီးယား ညှိနှိုင်းရေး အကြီးအကဲ သည် ဝါရှင်တန်တွင် အရာရှိများ နှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
တောင်ကိုရီးယားနှင့် နယ်စပ် ယောဆောင်မြို့ရှိ နှစ်ဖက် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲပြီး တောင်ကိုရီးယားနှင့် ဆွေးနွေးမှု အဆုံးသတ်ကြောင်း ကြေညာခဲ့ပြီးနောက် လီဒိုဟွန်း၏ ဝါရှင်တန်ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
Read moreဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Grade 4 သင်တန်း တက်ရောက်နေသော ဆရာ၊ ဆရာမများအတွက် Mask များ လှူဒါန်း
ဇွန် ၁၈၊ ဝေါ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Grade 4 သင်တန်းတက်ရောက် နေသော ဆရာ၊ ဆရာမများထံသို့ ၁၈-၆-၂၀၂၀ ရက်နေ့တွင် သွားရောက်ပြီး Mask များ လှူဒါန်းခဲ့ကြပါသည်။
Read more
တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ကာလအတွင်း Home Stay မိသားစုများအား ဆန်များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေး
တနင်္သာရီ ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးအောင်နု၊ မြို့နယ်ပါတီ ရုံးဦးစီးအဖွဲ့ဝင်ဦးဖြူမျိုးဝင်း၊ ချောင်းငယ်ရပ်ကွက်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီ မြို့နယ် ကျေးရွာများသို့ သွားရောက်ပြီး ပါတီကော်မတီဝင်များနှင့် ပူးပေါင်း၍ Home Stay မိသားစုများထံ ဆန် များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
Read moreစလင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥပဒေပြုရေးရုံးသို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
စလင်း ဇွန် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နှင့်မြို့နယ် ဥပဒေပြုရုံးများသို့ ယမန်နေ့ နံနက် ၉ နာရီကCOVID-19 ကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။
Read moreဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ရပ်ကျေးပါတီဥက္ကဌများ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံ
ဇေယျာသီရိ၊ ဇွန် ၁၈
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်အတွင်းရှိ အုပ်စုပါတီ ဥက္ကဌများ ပရဟိတအသင်းများနှင့် တွေ့ဆုံပြီး အော်ဂဲနစ်စံပြစိုက်ကွင်းများ အကောင်အထည်ဖော် စိုက်ပျိုးကြရန် ပရဟိတအသင်း (၁၀) သင်းမှ စိုက်ကွင်း (၁၀) ကွင်းအားစတင်၍ စမ်းသပ်စိုက်ပျိုသွားမည် ဖြစ်ကြောင်း လိုအပ်ချက်ရှိသော နည်းပညာများ မျိုးစေ့များကိုလည် သက်ဆိုင်ရာ စိုက်ပျိုးရေး အဖွဲ့များနှင့် ပေါင်းစပ်၍ ကူညီဆောင်ရွတ်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Read more









