အီတလီအသင္း နည္းျပရာထူးအတြက္ ဂြါဒီယိုလာ ေဆြးေႏြး

အီတလီအသင္း နည္းျပရာထူးအတြက္ ဂြါဒီယိုလာ ေဆြးေႏြး
=========================
အီတလီေဘာလုံးအဖြဲခ်ဳပ္(FIGC)ဟာ လက္ေ႐ြးစင္အသင္းနည္းျပရာထူးအတြက္ စပိန္နာမည္ေက်ာ္နည္းျပ ဂြါဒီယိုလာနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။
FIGC နည္းစနစ္ဒါ႐ိုက္တာသစ္ ေပၚလိုမာလ္ဒီနီ၊ အႀကံေပး လီယိုနာဒိုတိုဟာ ဘာစီလိုနာၿမိဳကို သြားေရာက္ၿပီး သုံးရက္ၾကာ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။
စပိန္ကြင္းလယ္လူေဟာင္း ဂြါဒီယိုလာသာ အီတလီအသင္းကို ကိုင္တြယ္ရင္ အသင္းသမိုင္းမွာ ၁၉၆၆ ခုႏွစ္က လပိုင္းတာဝန္ယူခဲ့တဲ့ အာဂ်င္တီးနားႏိုင္ငံသား ဟာရဲရားၿပီးေနာက္ ဒုတိယေျမာက္ အီတလီႏိုင္ငံသားမဟုတ္တဲ့နည္းျပ
ျဖစ္လာပါလိမ့္မယ္။
ဂြါဒီယိုလာ(၅၅ ႏွစ္)ဟာ အီတလီစကားကို ကြၽမ္းက်င္စြာေျပာႏိုင္ၿပီး ကစားသမားဘ၀ စီးရီးေအမွာ ႏွစ္ရာသီ ကစားခဲ့ဖူးပါတယ္။
၎ဟာ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္အထိ ဘရက္စီယာမွာ ႏွစ္ႀကိမ္နဲ႔ ႐ိုးမားမွာ တစ္ႀကိမ္ ကစားခဲ့တာျဖစ္တယ္။
ဂြါဒီယိုလာရဲ႕ကလပ္နည္းျပဘဝက ေအာင္ျမင္မႈမ်ားစြာရခဲ့ၿပီး စပိန္၊ ဂ်ာမနီနဲ႔ အဂၤလန္တိုမွာ အမွတ္ေပးခ်န္ပီယံဆု ၁၂ ႀကိမ္အထိ ရရွိခဲ့ပါတယ္။
အီတလီအသင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ေနာက္ဆုံးခ်န္ပီယံျဖစ္ထားေပမဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ သုံးႀကိမ္ဆက္ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့ပါဘူး။
အီတလီအသင္းနည္းျပရာထူးအတြက္ ယူ႐ိုခ်န္ပီယံဆု ယူေပးခဲ့တဲ့ မန္ခ်ီနီ၊ ကစားသမားေဟာင္း ပီယာလိုတို႔လည္း သတင္းထြက္ေနပါတယ္။
အီတလီအသင်း နည်းပြရာထူးအတွက် ဂွါဒီယိုလာ ဆွေးနွေး
=========================
အီတလီဘောလုံးအဖွဲချုပ်(FIGC)ဟာ လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် စပိန်နာမည်ကျော်နည်းပြ ဂွါဒီယိုလာနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
FIGC နည်းစနစ်ဒါရိုက်တာသစ် ပေါ်လိုမာလ်ဒီနီ၊ အကြံပေး လီယိုနာဒိုတိုဟာ ဘာစီလိုနာမြိုကို သွားရောက်ပြီး သုံးရက်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စပိန်ကွင်းလယ်လူဟောင်း ဂွါဒီယိုလာသာ အီတလီအသင်းကို ကိုင်တွယ်ရင် အသင်းသမိုင်းမှာ ၁၉၆၆ ခုနှစ်က လပိုင်းတာဝန်ယူခဲ့တဲ့ အာဂျင်တီးနားနိုင်ငံသား ဟာရဲရားပြီးနောက် ဒုတိယမြောက် အီတလီနိုင်ငံသားမဟုတ်တဲ့နည်းပြ
ဖြစ်လာပါလိမ့်မယ်။
ဂွါဒီယိုလာ(၅၅ နှစ်)ဟာ အီတလီစကားကို ကျွမ်းကျင်စွာပြောနိုင်ပြီး ကစားသမားဘ၀ စီးရီးအေမှာ နှစ်ရာသီ ကစားခဲ့ဖူးပါတယ်။
၎င်းဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဘရက်စီယာမှာ နှစ်ကြိမ်နဲ့ ရိုးမားမှာ တစ်ကြိမ် ကစားခဲ့တာဖြစ်တယ်။
ဂွါဒီယိုလာရဲ့ကလပ်နည်းပြဘဝက အောင်မြင်မှုများစွာရခဲ့ပြီး စပိန်၊ ဂျာမနီနဲ့ အင်္ဂလန်တိုမှာ အမှတ်ပေးချန်ပီယံဆု ၁၂ ကြိမ်အထိ ရရှိခဲ့ပါတယ်။
အီတလီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နောက်ဆုံးချန်ပီယံဖြစ်ထားပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။
အီတလီအသင်းနည်းပြရာထူးအတွက် ယူရိုချန်ပီယံဆု ယူပေးခဲ့တဲ့ မန်ချီနီ၊ ကစားသမားဟောင်း ပီယာလိုတို့လည်း သတင်းထွက်နေပါတယ်။




