ယဉ်ကျေးမှုစစ်မှ အမျိုးကိုချစ်မည်

မြန်မာအမျိုးသမီးများတွင် ယဉ်ကျေးမှုစတင်ထွန်းကားစဉ်ကာလကပင် ပဝါခြုံသော ယဉ်ကျေးမှုရှိခဲ့သည်။ ပုဂံခေတ်က ပန်းအလှထိုးထားသော ပဝါများ ပခုံးပေါ်တင် ဝတ်ဆင်ကြသည်။ ပဝါကို မြန်မာအမျိုးသမီးများ၏ ရိုးရာအဆင်တန်ဆာ တစ်မျိုးအဖြစ် ပွဲနေပွဲထိုင်၊ အခမ်းအနားတိုင်းတွင်လည်းကောင်း၊ ဘုရားသွားကျောင်းတက်ရာတွင်လည်းကောင်း မပါမဖြစ် သော ပခုံးတင်အဆင်တန်ဆာတစ်ခုအဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ထိုသို့ဆင်ယင်ခြင်းသည်လည်း မြန်မာတို့၏ ယဉ်ကျေးမှုတစ်ခုဖြစ်ပေသည်။
မြန်မာတို့ဓလေ့တွင် ပဝါခြုံနည်းအမျိုးမျိုးရှိရာ ဒေဝီခြုံနည်း၊ ကတော်ခြုံနည်း၊ အပူသည်ခြုံနည်း စသည်ဖြင့် အမျိုးမျိုးကွဲကြ သည်။ များသောအားဖြင့် ဘုရင်မ၊ မိဖုရား အစ ယနေ့တော်ဝင်သူအားလုံးလည်း ကတော်ခြုံနည်းကဲ့သို့ ပဝါနှစ်စကို ရှေ့ကို ချပြီး အရှည်ဝဲ/ယာအညီ ဝတ်ဆင်လေ့ရှိပါသည်။













