ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျခဲ့သော ပုဂံဘုရားစေတီများ ပြန်လည် ပြုပြင် တည်ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်ကူညီဆောင်ရွက်ပေးမည်

ယခုလ ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ်က ချောက်မြို့ အနောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး အင်အား ၆ ဒသမ ၈ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်မှုဒဏ်ကြောင့် ညောင်ဦးမြို့အတွင်း ပျက်စီးပြို ကျခဲ့ရသော ပုဂံဘုရားစေတီများအား ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲမြင့်က သြဂုတ် (၂၆) ရက် နံနက် ၇ နာရီက ပြောကြားခဲ့သည်။

Read more

ကြက်မောက်သီး အစွမ်း

rambuta

၁။ သွေးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် တို့ ဆက်စပ် ရောဂါ၊ သွေးပေါင် ချိန်တက်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အသီး တစ်မျိုး ဖြစ်ပါတယ်။

၂။ ကြက်မောက်သီးဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝတဲ့အတွက် သံဓာတ်၊ ကော့ပါးဓာတ် ဆုပ်ယူနိုင်မှု အားကောင်းတဲ့အတွက် သံဓာတ်ဖြည့် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

Read more

ဝမ်းတွင်းအမြှေးပါးရောင်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

open-uri20140407-8015-3h0epv

ဝမ်းဗိုက်အတွင်းပိုင်းနံရံတစ်ဝိုက်စိုစွတ်သော တစ်သျှူးသို့ ဗက်တီးရီးယားများကဲ့သို့ ရောဂါပိုးဝင်ပါက ယင်း ၀မ်းတွင်းအမြှေး ရောင်ရမ်းမှုဖြစ်ပေါ်လာပြီး အခြေအနေ ပြင်းထန်ပါက အသက်အန္တရာယ်ရှိနိုင်သည်။ ၀မ်းဗိုက် ပိုင်းရုတ်တရက်ပြင်းထန်စွာ နာကျင်လာပါက ၀မ်းတွင်းအမြှေးရောင်ရမ်းခြင်းဖြစ်ဖွယ်ရှိသဖြင့် ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုသည်။

ဝမ်းတွင်းအမြှေးရောင်ပါက ကိုယ်အပူချိန် ၁၀၀ ဒသမ ၄ ကျော်ပြီး အဖျားတက်ခြင်း၊ မူးမော်အော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အစာစား ချင်စိတ်မရှိခြင်း၊ ဆီးများများ မသွားခြင်း၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း နှင့် ၀မ်း (သို့မဟုတ်) လေမလည်နိုင်၊ မသွားနိုင်ဖြစ်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

Read more

စတင်မိတ်ဆက်ပြီး နှစ်ပတ်အတွင်း OPPO F1s စမတ်ဖုန်းက သုံးစွဲသူ စိတ်ဝင်စားမှု အမြင့်ဆုံးဖုန်းအဖြစ် ရပ်တည်

14141980_10207245429275126_3357366671185810507_n

သြဂုတ်လ ၁၇ ရက်မှ ၂၅ ရက်ထိ ကြိုတင်မှာယူစနစ်ဖြင့် ရောင်းချ ခဲ့သည့် OPPO F1s စမတ်ဖုန်းသည် စတင်မိတ်ဆက်ပြီး နှစ်ပတ်အတွင်း ဖုန်းကြို တင်မှာယူနှုန်းမှာ အမှာရယူနိုင်သည့် ဆိုင်အားလုံးေ ရာင်းအား၏ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး သုံးစွဲသူများ စိတ်ဝင်စားမှု အမြင့်ဆုံးဖုန်းတစ်လုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း OPPO Myanmar Sales Team ၏ ထုတ် ဖော်ပြောဆိုချက်များအရသိရသည်။

Read more

အနောက်တိုင်းဆေးများ ရောနှောပြီး မှန်ပုံတင်ထားခြင်းမရှိသော သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးများ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော တိုင်းရင်းဆေး ၅ မျိုးတွင် အနောက်တိုင်းဆေးများ ရောနှော ထုတ်လုပ် ထားသည့်အပြင် တိုင်းရင်းဆေးဝန်းမှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးများဖြစ်သဖြင့် စစ်မှန်အစွမ်ူထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများ ပြည်သူများ သုံးစွဲရန် မသင်လျြောက်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

14054110_1236297299734599_3300903376850906726_n

(more…)


Read more

ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် လူငယ်များစုပေါင်း၍ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ အလှူခံထွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှ အလှူငွေ ၅ သိန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် မိသားစုမှ အလှူငွေ ၁ သိန်း၊ ဗဟိုကော်မတီဝင် ဆရာကြီး ဦးခင်မောင်ရီမိသားစုမှ အလှူငွေ ၂ သောင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ အလှူငွေ ၅ သောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၅ သောင်း အသီးသီး ပါဝင်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

Read more

လေယာဉ်ပျက်ကျသည့် သတင်းဟောင်း ထုတ်လွှင့်မှု MNTV ကို တပ်မတော်သတိပေး

၂၀၁၄ ခုနှစ်က တပ်မတော်(လေ)မှ MiG 29 UB ပျက်ကျမှု သတင်းဟောင်းကို ပြန်လည်ထုတ်လွှင့်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုပိုင် MNTV ရုပ်သံလိုင်းအား တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၂၈ ရက်နေ့ည သတင်းထုတ်လွှင့်အပြီးတွင် သတိပေးထုတ်ပြန်ခဲ့သည်။

MNTV

(more…)


Read more

University of Technology Sydney နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

14046018_10207768443228910_4979898854188960194_n

သြစတြေးလျတက္ကသိုလ်ဖြစ်သော University of Technology Sydney နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် သြဂုတ်လ၂၉ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီ အထိ Grace Education Services & Learning Center ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Read more

ရန်ကုန်-ဒလ မြစ်ကူးတံတားဆောက်မည့် ကုမ္ပဏီကို ရွေးချယ်မည့်အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည်

ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးအတွက် ဆောက်လုပ်မည့်ကုမ္ပဏီကို ရွေးချယ်မည့် အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

(more…)


Read more

ပုသိမ်ကြီးမြို့နယ် လက်ကောင်း-သလဲကုန်း-ရွာရှည်ကွန်ကရစ် လမ်းခင်းရန်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် ၁၃ဝ လှူဒါန်း

ပုသိမ်ကြီးမြို့နယ် သလဲကုန်း ကျေးရွာအုပ်စု အတွင်းရှိ လက် ကောင်း- သလဲကုန်း- ရွာရှည် ကွန်ကရစ်လမ်းခင်းရန်အတွက် မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်း၍ ဘိလပ်မြေအိတ် ၁၃ဝ ကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေ့သည့် ရွာရှည်ကျေး ရွာတွင် လမ်းဖြစ်မြောက်ရေး ကော်မတီသို့သွားရောက်လှူဒါန်း ခဲ့သည်။
”ကျွန်တော်တို့ပါတီက ကျေး လက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပါတီအနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။အခုလည်း လက်ကောင်း- သလဲ ကုန်း-ရွာရှည် ကွန်ကရစ်လမ်းကြီး အမြန်ဆုံး ပြီးမြောက်ဖို့အတွက် ခရိုင်နဲ့မြို့နယ်ပူးပေါင်းပြီး ဘိလပ် မြေအိတ်တွေလာလှူတာပါ။ ခရိုင် အနေနဲ့ အိတ်၃ဝရယ် မြို့နယ်က အိတ်၁ဝဝရယ် လှူဒါန်းတာပါ။ ဒီလမ်းကြီးပြီးသွားရင် ဒီနယ်မှာ နေတဲ့ ဒေသခံပြည်သူတွေအတွက် စီးပွားရေးကိစ္စတွေ ကျန်းမာရေး ကိစ္စတွေ၊ လူမှုရေးကိစ္စတွေစတဲ့ အရေးကိစ္စတွေမှာ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသဖွံဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ပါ တယ်”ဟု ပုသိမ်ကြီးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဆွေသန်းက ပြောကြား ခဲ့သည်။

Read more