“နိုင်ငံရေးလုပ်တယ်ဆိုတာ ပရဟိတစိတ်ရှိတဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ် ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်”
တချို့တွေက နိုင်ငံရေးလုပ်တယ်ဆိုတဲ့အလုပ်ဟာ လူညစ်ပတ်တွေ လုပ်တဲ့ အလုပ်လို့ ဗြိတိသျှအရာရှိကြီးတစ်ဦးက သူ့ဘာသာသူ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်ဟုတ်မလဲ သူတော်စင်တွေမှ လုပ်နိုင်တာ။ ဒီလိုတွေ အငြင်းပွားကြတာရှိတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် နိုင်ငံရေး အလုပ်ဆိုတဲ့ကိစ္စဟာ ကိုယ်သာ အစိုးရဖြစ်လာရင် နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒရှိတဲ့ သူတွေလုပ်တဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ပြောရရင် ပရဟိတစိတ်ရှိတဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ် ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။
Read more















