ေနမာ လက္ေ႐ြးစင္ကစားသမားဘဝက အနားယူ

ေနမာ လက္ေ႐ြးစင္ကစားသမားဘဝက အနားယူ
==========================
ဘရာဇီးလ္ဂိုးအမ်ားဆုံးမွတ္တမ္းရွင္ ေနမာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ ၁၆ သင္းအဆင့္က ထြက္လိုက္ရၿပီးေနာက္ လက္ေ႐ြးစင္ ကစားသမားဘဝက အနားယူခဲ့ၿပီျဖစ္ပါတယ္။
ေနမာဟာ ဘရာဇီးလ္အသင္း ရႈးပြဲအၿပီး ကြင္းထဲမွာပဲ မ်က္ရည္ေတြနဲ႔ ငိုေႂကြးခဲ့ကာ အသင္းေဖာ္ေတြက သူ႔အား ႏွစ္သိမ့္ခဲ့ရပါတယ္။
၎ဟာ အခုပြဲ ၆၇ မိနစ္မွာ လူစားဝင္ကစားၿပီး အခ်ိန္ပိုမွာ အသင္းအတြက္ ႏွစ္သိမ့္ဂိုးကို ပယ္နယ္တီကေန သြင္းယူေပးခဲ့ပါတယ္။
ဒီဂိုးဟာ ေနမာအတြက္ လက္ေ႐ြးစင္သြင္းဂိုး ၈၀ ျပည့္ေျမာက္တဲ့ဂိုးလည္း ျဖစ္ခဲ့ပါတယ္။
”ကြၽန္ေတာ္ ႀကိဳးစားခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီ MetLife Stadium မွာ ကစားသမားဘဝစတင္ၿပီး ဒီမွာပဲ အဆုံးသတ္
ခဲ့ပါတယ္။ အခု အားလုံးၿပီးဆုံးသြားပါၿပီ”လို ေနမာက ေျပာခဲ့ပါတယ္။
ေနမာဟာ ၂၀၁၀ ျပည့္ႏွစ္က MetLife Stadium မွာကစားတဲ့ အေမရိကန္နဲ႔ေျခစမ္းပြဲမွာ လက္ေ႐ြးစင္ပြဲဦးထြက္ခဲ့ပါတယ္။
၎အေနနဲ႔ ႏိုင္ငံအသင္းအတြက္ ပြဲေပါင္း ၁၃၀ အထိ ကစားခဲ့ၿပီး ပြဲအမ်ားဆုံးစာရင္းမွာ ကာဖူး(၁၄၂ ပြဲ)ၿပီးေနာက္ ဒုတိယအမ်ားဆုံးအျဖစ္လည္း ရပ္တည္ႏိုင္ခဲ့ပါတယ္။
နေမာ လက်ရွေးစင်ကစားသမားဘဝက အနားယူ
==========================
ဘရာဇီးလ်ဂိုးအများဆုံးမှတ်တမ်းရှင် နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်က ထွက်လိုက်ရပြီးနောက် လက်ရွေးစင် ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်ပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်း ရှုးပွဲအပြီး ကွင်းထဲမှာပဲ မျက်ရည်တွေနဲ့ ငိုကြွေးခဲ့ကာ အသင်းဖော်တွေက သူ့အား နှစ်သိမ့်ခဲ့ရပါတယ်။
၎င်းဟာ အခုပွဲ ၆၇ မိနစ်မှာ လူစားဝင်ကစားပြီး အချိန်ပိုမှာ အသင်းအတွက် နှစ်သိမ့်ဂိုးကို ပယ်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။
ဒီဂိုးဟာ နေမာအတွက် လက်ရွေးစင်သွင်းဂိုး ၈၀ ပြည့်မြောက်တဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။
”ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ဒီ MetLife Stadium မှာ ကစားသမားဘဝစတင်ပြီး ဒီမှာပဲ အဆုံးသတ်
ခဲ့ပါတယ်။ အခု အားလုံးပြီးဆုံးသွားပါပြီ”လို နေမာက ပြောခဲ့ပါတယ်။
နေမာဟာ ၂၀၁၀ ပြည့်နှစ်က MetLife Stadium မှာကစားတဲ့ အမေရိကန်နဲ့ခြေစမ်းပွဲမှာ လက်ရွေးစင်ပွဲဦးထွက်ခဲ့ပါတယ်။
၎င်းအနေနဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၃၀ အထိ ကစားခဲ့ပြီး ပွဲအများဆုံးစာရင်းမှာ ကာဖူး(၁၄၂ ပွဲ)ပြီးနောက် ဒုတိယအများဆုံးအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။




