တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် PDF ဖေ့စ်ဘွတ်ခ်တွင် ထုတ်ပြန်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများအတွက် အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ဝေသည့် ၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် (PDF) ကို ပညာရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ သြဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။ (more…)


Read more

နိုင်ငံခြားသားခရီးသည်များအတွက် မန္တလေး-ပုဂံအမြန်ရေယာဉ် စက်တင်ဘာ ၁ ရက်မှစတင်၍ ပြေးဆွဲမည်

MGRG အုပ်စုမှ ခရီးသွားရာသီချိန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား မန္တလေး-ပုဂံ အသွားအပြန် အမြန်ရေယာဉ်ခရီး ပြေးဆွဲပေးလျက်ရှိရာ ယခုနှစ် ခရီးသွားရာသီအတွက် စက်တင်ဘာ (၁) ရက်မှစတင်၍ နေ့စဉ်ပြေး ဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ (more…)


Read more

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်မည့်သူများအား လစဉ်ချီးမြှင့်ငွေ မပေးဘဲ ရွေးကောက်ပွဲ နီးမှသာ ပေးမည်ဟုဆို

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်သူများအား လစဉ်ချီးမြှင့်ငွေမပေးဘဲ ရွေးကောက်ပွဲကျင်းပရန်ရှိသည့် အချိန်ရောက်မှ ကိုးလထက် မပိုသော အချိန်ကာလသတ်မှတ်၍ ချီးမြှင့်ငွေပေး မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်ကပြောကြားသည်။ (more…)


Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ ဧရာဝတီတိုင်း ဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်ပေးအပ်ပွဲကို သြဂုတ် (၃၀) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး နှင့် ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ တက်ရောက်ချီြးှမှင့်ခဲ့သည်။

Read more

ဘန်ကီမွန်းနှင့် ဘာသာပေါင်းစုံ ခေါင်းဆောင်များ နေပြည်တော်တွင် တစ်နာရီကြာ တွေ့မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် နေပြည်တော်၌ သြဂုတ် ၃၁ ရက်တွင်တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


Read more

ရန်ကုန်တိုင်းဒေသကြီးပါတီ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်စည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယနေ့ (၃၀-၈-၂၀၁၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်က တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ အဖွင့်လမ်းညွှန်အမှာစကား ပြောကြား ခဲ့သည်။

Read more

ဓနုဖြူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ (၃၁.၈.၂၀၁၆) နံနက် (၁၀) နာရီအချိန်က မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကျင်းပခဲ့သည်။

အစည်းအဝေးတွင် သြဂုတ် (၃၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် ဗဟိုနာယကအဖွဲ့ဝင် ဦးဌေးဦးနှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့၏ လမ်းညွှန်မှု
များ အား ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဦးဆောင်သောအဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ လေ့လာရေးထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဦးဆောင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီကော်မတီဝင်များ စုစုပေါင်း ၂၁ ဦးတို့သည် သြဂုတ်လ (၃၀) ရက် မွန်းလွဲ ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်လေဆိပ်မှ CHINA EASTERN B – 6143 လေယာဉ်ဖြင့် ထွက်ခွာသွားသည်။

????????????????????????????????????

(more…)


Read more

ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ငလျင်ဒဏ်သင့် ပုဂံဘုရားများတွင် လုပ်အားဒါနပြု ရှင်းလင်းရေးဆောင်ရွက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့က တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားများ အနက် ဘုရားအမှတ် ၄၃၂ ဘုရားနှင့် ဘုရားအမှတ် ၆၉၇ ဆင်ဖြူရှင်ဘုရားကြီး၌ ပြိုကျပျက်စီးမှုများအား မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ လုပ်အားဒါနဖြင့် သြဂုတ် (၃၀) ရက်နေ့က လုပ်အားဒါနပြု ရှင်းလင်းးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်စည်းဝေးကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ် အစည်း အဝေးကို သြဂုတ်လ (၂၈) ရက် နေ့လည် (၁) နာရီအချိန်မှ နေ့လည် (၂) နာရီခွဲအထိ မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းမှူးများ တက်ရောက်၍ ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Read more