“ရာဇသင်္ဂဟဖောင်ဒေးရှင်း” မှ သက်ကြီးဘိုးဘွားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက၊ နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ဦးဆောင်သော ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ သက်ကြီးဘိုးဘွားများဖြစ်သော မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ငါလင်းပုတ်ကျေးရွာတွင် နေထိုင်သူအဘ ဦးပေါ်ဦး အသက်တစ်ရာနှစ်နှင့် ညောင်ဦးမြို့နယ် သာယာအေးကျေးရွာရှိ အဘဦးကြီးဖြူ အသက်တစ်ရာနှစ်တို့ အား ငွေကျပ် နှစ်သိန်းစီ လှူဒါန်းခဲ့ပါသည်။

Read more

မန်စီးတီးကွင်းလယ်လူ နာဆရီ ဆီဗီလာအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိ

14183934_1758173907768826_3299258190128874388_n

မန်စီးတီးအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား နာဆရီသည် စပိန်လာလီဂါကလပ် ဆီဗီလာအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ရန် စပိန်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

နာဆရီသည် နည်းပြသစ် ဂွါဒီယိုလာ မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် အလိုမရှိစာရင်း အသွင်းခံခဲ့ရသည့် ကစားသမားများစွာထဲမှ တစ်ဦးဖြစ်ပြီး အသက်(၂၉)နှစ်ရှိနေပြီဖြစ်သည်။

ဆီဗီလာအသင်းသည် နာဆရီကို အငှားခေါ်ယူစဉ်ကာလအတွင်း လစာ၏ (၆၅%)ကိုသာ ပေးချေရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Read more

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိသားစုမှ ယနေ့ (၃၀-၈-၂၀၁၆) အာရုံဆွမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။


Read more

မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို တိုရွန်တိုအသင်း စတင်ပွဲထုတ်

nintchdbpict000263007340

မန်စီးတီးအသင်း ဂိုးသမား ဂျိုးဟတ်ကို အီတလီကလပ် တိုရွန်တိုအသင်းက ပရိသတ်တွေနဲ့ မိတ်ဆက်လိုက်ပါတယ်။ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ဟာ မန်စီးတီးမှာ နေရာပျောက်ဆုံးခဲ့ရပြီးနောက် အသင်းပြောင်းလာခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ တိုရွန်တိုအသင်းတို့ ဆွေးနွေးခဲ့ပြီးနောက် ဂိုးသမား ဂျိုးဟတ်ကလည်း အသင်းပြောင်ရွှေ့ဖို့ ခေါင်းညိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျိုးဟတ်ဟာ တစ်ပတ်ကို ပေါင် တစ်သိန်းဝန်းကျင် လစာရရှိနေတာဖြစ်ပြီး အခု ဂျိုးဟတ်ရဲ့လစာ တစ်စိတ်တစ်ပိုင်းကို မန်စီးတီးအသင်းကလည်း ပေးချေပေးရမှာဖြစ်ပါတယ်။

Read more

အာဆင်နယ်နှင့် ပွဲထွက်ကစားရန် မစောင့်နိုင်တော့ကြောင်း မူစတာဖီနှင့် ပီရက်ဇ်တို့ ပြောကြား

Arsenal_5

သြဂုတ် ၃၁၊ အင်္ဂလန်

အာဆင်နယ်၏ ကစားသမားသစ်များဖြစ်သော တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်နှင့် နောက်ခံလူ မူစတာဖီတို့က အာဆင်နယ်အသင်းနှင့်အတူပွဲထွက်ကစားရန် မစောင့်နိုင်တော့ကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ တစ်ရက်အလိုတွင် ဒီပို့တီဗိုတိုက်စစ်မှူး ပီရက်ဇ်နှင့် ဗလင်စီယာနောက်ခံလူ မူစတာဖီတို့ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ပီရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းပေးချေခဲ့ရပြီး မူစတာဖီအတွက် ပေါင် ၃၅ သန်း ပေးချေခဲ့ရသည်။

Read more

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ရွန်နီဆက်ရှိမည်

Rooney-continue-capatin

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဝိန်းရွန်နီကို ဆက်လက်ထားရှိမည်ဖြစ်ပြီး လွယ်ကူသည့်ဆုံးဖြတ်ချက်ဟု နည်းပြ အလာဒိုက်စ် က ပြောသည်။

ရွန်နီသည် အင်္ဂလန်အသင်းအတွက်ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်က အင်္ဂလန်အသင်း ခေါင်းဆောင် ရာထူးကို ဂျရတ်ထံမှ လွှဲပြောင်း ရယူခဲ့သည်။ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရွန်နီသည် အသင်းဖော်များထံမှ လေးစားမှု ကြီးစွာရရှိထားသူဖြစ်ပြီး အသင်း ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူဖြစ်သည်ဟု အလာဒိုက်စ်က ပြောသည်။

Read more

အိုင်အက်စ်၏ မဟာဗျူဟာ စစ်ဆင်ရေးမှူးတစ်ဦး ဆီးရီးယားတွင် သေဆုံး

htrh

အိုင်အက်စ်၏ အဓိက မဟာဗျူဟာ စစ်ဆင်ရေးမှူးတစ်ဦး အနောက်အုပ်စု မဟာမိတ်များနှင့် တိုက်ပွဲဝင်ရင်း သေဆုံးသွားကြောင်း သိရသည်။

အိုင်အက်စ်ကို လိုလားသည့် မီဒီယာတစ်ခုဖြစ်သော Amaq သတင်းအေဂျင်စီက အဘူမူဟာမက် အယ်လ် အက်ဒ်နာနီသည် အေလက်ပိုတွင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အေလက်ပိုအနီးရှိ အယ်လ်ဘက်မြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုတစ်ခု၌ အက်ဒ်နာနီ သေဆုံး ခဲ့ခြင်းဟု ထုတ်ပြန်သည်။

Read more

Apple အခွန်ဆောင်ဖို့ ဥရောပဆုံးဖြတ်ချက် ကန်ဝေဖန်

365375278

Apple နည်းပညာကုမ္ပဏီက အိုင်ယာလန်နိုင်ငံကို ပေးဆောင်သင့်တဲ့ အခွန် ၁၄.၅ ဘီလီယံ ပြန်ပေးဆောင်ဖို့ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း အမေရိကန်အစိုးရက တုံ့ပြန်လိုက်ပါတယ်။

ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အဆုံးသတ်မှာတော့ အမေရိကန်နိုင်ငံက အခွန်ပေးဆောင်သူတွေကို ထိခိုက်နစ်နာစေလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

Read more

ဇီကာကြောင့် အကြားအာရုံကိုပါထိခိုက်နိုင်

GettyImages-507388532-0

ဘရာဇီးသုတေသီတွေဟာ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနိုင်တဲ့ ဆိုးကျိုးတစ်ခုကိုပါ ထပ်မံသိရှိခဲ့ကြပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့မိခင်မှ မွေးဖွားလာတဲ့ ကလေးတွေမှာ အကြားအာရုံဆုံးရှုံးခြင်းနဲ့ပါ ကြုံတွေ့ရ နိုင်တယ်လို့ သိရပါတယ်။

 ယခင်သုတေသနရလဒ်တွေမှာတော့ ဇီကာဟာ အမြင်အာရုံကိုပါ ထိခိုက်စေနိုင်သလို ဦးနှောက်ကိုပါ ပြင်းပြင်း ထန်ထန် ထိခိုက်စေနိုင်တယ်လို့လည်း သိရှိခဲ့ပြီးပါပြီ။ သိပ္ပံပညာရှင်တွေဟာ ဇီကာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရဖို့ ကြိုးစားနေကြဆဲပါပဲ။

Read more

အမေရိကန်နှင့် အိန္ဒိယ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

14115578_1748655298708304_2763561776387362309_o

နယူးဒေလီ သြဂုတ် ၃ဝ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် စီးပွားရေးဝန်ကြီး ပန်နီပရစ်ဇ်ကာ တို့သည် အင်္ဂါနေ့က အိန္ဒိယအစိုးရ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ရက်တာ ဆွေးနွေးပွဲကိုစတင်ခဲ့ပြီး ကတ်ရှ်မီးယားဒေသနှင့်ပတ်သက်၍ ပါကစ္စတန်နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယ်ရီသည် နယူးဒေလီသို့ တနင်္လာနေ့ညက အမေရိကန်- အိန္ဒိယမဟာဗျူဟာ မြောက် နှစ်ပတ်လည်နေ့အတွက် ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

Read more