Author: USDP 2016
ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၌ ဗီယက်နမ်ကုမ္ပဏီများ အရှိန်အဟုန်မြင့်လာဖွယ်ရှိ
လက်ရှိအချိန်၌မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နည်းပါးသည့် အခြေ အနေသာရှိနေသေးသော်လည်း ယခုနှစ်အတွင်း၌ ဗီယက် နမ်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အရှိန်အဟုန် မြင့်လာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း nikei သတင်းဌာနက ဖော်ပြသည်။ (more…)
Read more
အားလုံးပါဝင်ခွင့် မရရှိသည့်အတွက် ၂၁ ရာစုပင်လုံ – ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တက်ရောက်မည့်အစီအစဉ် ဖျက်သိမ်း
အားလုံးပါဝင်ခွင့်မရရှိသည့်အတွက် နေပြည်တော်တွင် သြဂုတ် ၃၁ ရက်တွင်စတင်၍ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံသို့ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တက်ရောက်မည့် အစီအစဉ်အား ဖျက်သိမ်း လိုက်သည်ဟု SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၏ ပြောကြားချက်အရ သိရသည်။ (more…)
Read more
(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင်အပစ်အခတ်ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် သဘောထား ထုတ်ပြန်ကြေညာ
(၂၁) ရာစု ပင်လုံညီလာခံစတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ်ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၁၃ ဖွဲ့မှ သြဂုတ် ၃၀ ရက်တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံအား စတင်ကျင်းပတော့မည်ဖြစ်ကြောင်း၊ ပြည်သူရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရသစ်လက်ထက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရရှိနိုင်ရန် ညီလာခံကြီးကို အစပြုနိုင်ခဲ့ခြင်းအတွက် မိမိတို့မှ များစွာဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ (၂၁) ရာစု ပင်လုံညီလာခံကြီးမှ စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရန်အတွက် အောက်ပါအချက်များကို ဖြည့်ဆည်းလုပ်ဆောင်ခြင်းဖြင့် အနှစ်သာရပြည့်ဝသော အလှည့်အပြောင်းဖြစ်စဉ်ကြီးတစ်ခုကို ဖော်ဆောင်နိုင်မည်ဟု မိမိတို့အရပ်ဘက်အဖွဲ့အစည်းများမှ ယုံကြည်ကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ၏ ဦးတည်ချက်နှင့် လုပ်ဆောင်ချက်များအတွက် အပြန်အလှန် လေးစားယုံကြည်မှုကို အကျည်းတန်ပျက်ပြားစေမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင် နေမှုများကို ချက်ချင်းရပ်တန့်ပြီး ညီလာခံစတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင်အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနယ်မြေနှင့် ဆက်စပ်နယ်မြေများအတွင်းရှိ တိုင်းရင်းသားပြည်သူ များ၏ လုံခြုံရေးကို ဖော်ဆောင်ရာတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ညှိနှိုင်းဆွေးနွေး၍ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာပေးရန် ဖော်ပြထားသည်။ (more…)
Read more
လွယ်ကူသက်သာတဲ့ နည်းလမ်းတွေနဲ့ အိမ်မှာ ခြင်ကင်းစင်အောင် လုပ်ကြမယ်
ခြင်ကြောင့် ငှက်ဖျားရောဂါနဲ့ တခြား အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါဖြစ်ပွားမှုတွေ ပြသနာတွေ ဖြစ်စေပါတယ်။ ပြီးတဲ့အပြင် ဈေးဆိုင်မှာဝယ်တဲ့ ခြင်ဆေးဘူးများ အသုံးပြုမှု များပြားလာခြင်းကိုလည်း သတိပေးထားပါတယ်။ ထိရောက်မှုရှိတာတော့ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် ဒီဆေးဘူးတွေက အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်ပေးပါတယ်။ ခြင်ကင်းစင်အောင်လုပ်ဖို့အတွက် ကျွန်ုပ်တို့ နေအိမ်၊ အသုံးအဆောင် ပစ္စည်းတွေဟာ ခြင်ကင်းစင်တဲ့ အကျိုးရလဒ်ဖြစ်စေနိုင်တဲ့ အရာတွေရှိပါတယ်။

Read more
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လောင်းအဖြစ် ပေါ်တူဂီနိုင်ငံမှ ဂူတာရီးစ် တတိယအကြိမ် မဲအများဆုံးရရှိ
ကုလသမဂ္ဂ၊ သြဂုတ် ၃၀ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရီးစ်သည် သြဂုတ် ၂၉ ရက်ကပြုလုပ်သော တတိယအကြိမ်ကောက်ယူသော စစ်တမ်းများအရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာ၌ လူကြိုက်များနေဆဲဟု သိရှိရသည်။ ဂူတာရီးစ်သည် လုံခြုံရေးကောင်စီဝင် ၁၅ ဦး မဲတွင် ၁၁ မဲရရှိခဲ့ပြီး၊ ကန့်ကွက်မဲ သုံးမဲနှင့် ကြားနေမဲ တစ်မဲ တို့ရရှိခဲ့သည်ဟု သိရှိရသည်။

Read more













