ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာတဲ့ နောက်ခံလူ ဒေးဗစ်လုဇ်

320BA58700000578-3765683-image-a-10-1472579233077

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချယ်လ်ဆီးအသင်းက အသင်းကစားသမားဟောင်း ဒေးဗစ်လုဇ် ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံကစားသမားတစ်ဦး ရှာဖွေဖို့ ကြိုးစားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခြား ခေါ်ယူချင်တဲ့ ကစားသမားတွေကို ခေါ်ယူခွင့်မရခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းကစားသမား ဒေးဗစ်လုဇ်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာပဲ ဒေးဗစ်လုဇ်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် လန်ဒန်ကို ဆေးစစ်ဖို့ ထွက်ခွာလာခဲ့ပါပြီ။

Read more

မက်ဆီ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်

messi-injury

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဘီလ်ဘာအိုလ်ကို ၁ ဂိုး ဂိုးမရှိ အနိုင်ရတဲ့ပွဲမှာ ဘယ်ဘက်တံကောက်ကျော ဒဏ်ရာရရှိခဲ့လို့ အာဂျင်တီးနားလက်ရွေးစင် အသင်းကနေ နုတ်ထွက်လိုက်ရပါတယ်။

မက်ဆီဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ချန်ပီယံဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကအနား ယူခဲ့ပေမယ့် အသင်းကပြန်လည်ကစားဖို့ တောင်းဆိုခဲ့လို့ လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားဖို့ဆုံးဖြတ်ခဲ့တာပါ။

Read more

ဘုန်းမောက်သို့ တစ်ရာသီအငှားစာချုပ်ဖြင့် ၀ဲလ်ရှိုင်းယား ပြောင်းရွှေ့

14203110_1758534037732813_1633343037664675586_n

အာဆင်နယ်အသင်းကွင်းလယ်လူ ၀ဲလ်ရှိုင်းယားသည် ဘုန်းမောက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ သွားပြီဖြစ် ကြောင်းသိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ၀ဲလ်ရှိုင်းယား ကို ရိုးမား၊ အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်စသည့်အသင်းများက ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ပဲလေ့စ်အသင်းမှာ ၀ဲလ်ရှိုင်းယားအတွက် အငှား ပြောင်းရွှေ့ကြေးကို ပေးချေလိုသော်လည်း ကစားသမား၏ လစာငွေ ကိုမူ အပြည့်ပေးချေလိုခြင်းမရှိသဖြင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပေ။

Read more

ဘောလုံးသုံးသပ်ချက် ဝက်ဘ်ဆိုက်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာချုပ်ချုပ်ဆို

Stat-752x440-1-

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ရုရှားနိုင်ငံက ဘောလုံးသုံးသပ်ချက် ဝက်ဘ်ဆိုက်တစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အသင်းတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် စွမ်းဆောင်ရည်နဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်တွေအတွက် ရုရှားအခြေစိုက် Football Analysis Software ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ InStat နဲ့ ၁၈ လ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ InStat ဟာ မြန်မာ့ လက်ရွေးစင်အသင်း၊ ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင် ယူ-၂၂ အသင်း၊ လက်ရွေးစင် ယူ-၁၉ အသင်းနဲ့ လက်ရွေးစင် အမျိုးသမီးအသင်းတွေအတွက် လေ့လာ သုံးသပ်ချက်တွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Read more

ဘရာဇီးလ်သမ္မတသစ် ခန့်အပ်

042727827

ဘရာဇီးလ်နိုင်ငံမှာ သမ္မတသစ် ဖြစ်လာတဲ့ Michel Temer က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့နိုင်ငံအတွက် ခေတ်သစ်အစိုးရတရပ်ကို ထူထောင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ ကတိပေးလိုက်ပါတယ်။

အရင်သမ္မတဟောင်း Dilma Rousseff ကို အစိုးရဘတ်ဂျက်ငွေ ရသုံးစာရင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ရာထူးကနေ ဖယ်ရှားဖို့ ဘရာဇီးလ် အထက်လွှတ်တော်က ထောက်ခံမဲ ၆၁ မဲ ကန့်ကွက်မဲ ၂၀ နဲ့ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

Read more

ဂါဘွန်မှာ သမ္မတရွေးကောက်ပွဲရလဒ်ကို မကျေနပ်မှုကြောင့် လွှတ်တော်ကို မီးရှို့

90988419-035034181

မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံ တွေက ယူဆ နေပါတယ်။

Read more

သင်္ဘောပစ် ဒုံးထုတ်နိုင်ရေးအတွက် စံချိန်တင် ကာကွယ်ရေးအသုံးစရိတ် သုံးစွဲရန် ဂျပန်စီစဉ်

Japan-eyes

ပင်လယ်ပြင်ကျွန်းစုများအရေး တရုတ်နှင့် နယ်မြေအငြင်းပွားမှုများ အရှိန်မြင့်လာနေချိန်တွင် သင်္ဘောပစ် ဒုံးလက်နက် စနစ်တစ်ခု ချထားနိုင်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်များပြားသည့် အသုံးစရိတ်တစ်ရပ်ကို တောင်းခံထားသည်။

ဆန်ကာကူကျွန်းစုများက ဂျပန်တို့ဘက်က မှည့်ခေါ်ထားသော အရှေ့တရုတ်ပင်လယ်တွင်းရှိ လူသူမနေသည့် ကျွန်းစုများကို တရုတ်ရန်မှ ကာကွယ်နိုင်ရန် ယခုကဲ့သို့   ရေကြောင်းလက်နက် အင်အားကို တိုးမြင့်နိုင်ရန် ဂျပန်တို့က စီစဉ်လာခြင်းဖြစ်သည်။

Read more

အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူသုံးဦးအား မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီး

045275278278

ကွာလာလမ်ပူ သြဂုတ် ၃၁

ဘာတူလိုဏ်ဂူများဒေသရှိ ဟိန္ဒူဘာသာ ဝတ်ပြုကျောင်း၊ ရဲဌာနများနှင့်ဖျော်ဖြေရေး ကပွဲရုံများအား တိုက်ခိုက်ရန် စီစဉ်နေသည့် အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

Read more

ကနေဒါနိုင်ငံက AIIB အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှု တရုတ်ကြိုဆို

14183793_1089738304452389_1007738990440243017_n

ပေကျင်း သြဂုတ် ၃၁

အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လျှောက်ထားရန် ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။

Read more

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကာဂျစ်စတန်ရှိ တရုတ် နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်

ကာဂျစ်စတန်နိုင်ငံ၏ မြို့တော်ဘီရှက်ရှိ တရုတ်သံရုံးဂိတ်ပေါက်ကို အသေခံကားဗုံးခွဲသူတစ်ဦးက ၀င်တိုက်ခဲ့ ပြီးနောက် ယင်းနိုင်ငံတွင်ရှိနေသော တရုတ် နိုင်ငံသားများ ပြင်ပသို့ သွားလာ ခြင်းနှင့် လူထူထပ်သော နေရာများသို့ လည်ပတ်ခြင်းများမှ ရှောင်ရှားကြရန် တရုတ်အစိုးရက အကြံပြုခဲ့သည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုတွင် တိုက်ခိုက်သူအ ပါအ၀င် အနည်းဆုံး အခြားလူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် ဖြစ်သည်ဟု နှစ်နိုင်ငံအရာရှိများက ပြောသည်။

Read more