ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းအဝေးနှင့် ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ (စက်တင်ဘာလ ၁ ရက်) နံနက် (၉) နာရီအချိန်က ခရိုင်/မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်မြို့နယ် ပါတီဥက္ကဌ ဦးကျော်ကျော်စိုးက ညီလာခံ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

14117823_538828269644167_4187512688829916294_n(2)

(more…)


Read more

“ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ သက်ကြီးဘိုးဘွားများအတွက် လှူဒါန်းငွေအား ဆင်ပေါင်ဝဲပြည်ခိုင်ဖြိုး သွားရောက် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ နိုင်ငံတော်အတွင်း အသက် (၁၀၀) နှစ် နှင့်အထက် အဖိုးအဖွားများ၏။ ကျန်းမာရေး၊ လူနေမှုဘဝ အဆင်ပြေစေရေး အထောက်အကူပြုစေရန် တစ်ဦးလျှင် ကျပ် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးး ဆင်ပေါင်ဝဲမြို့နယ် စစ္စေးချောင်းရွာမှ အဖွား ဒေါ်အေးမြိုင် (၁၀၁) နှစ်အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သြဂုတ်လ (၃၁) ရက်နေ့က ကျေးရွာအရောက် သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Read more

တန်းတူညီမျှမရှိသည့်အတွက် ‘၀’ကိုယ်စားလှယ်များ ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ခွာ

ဖိတ်ကြားခံသူရသူတွေကြားမှာ တန်းတူညီမျမှုမရှိတဲ့အတွက် UWSA ‘၀’ ကိုယ်စားလှယ်တွေ စက်တင်ဘာ (၁) ရက်နေ့က ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

Wa

(more…)


Read more

မာန်အောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ သြဂုတ်လ (၃၁) ရက် နေ့လည်ပိုင်းက ပြည်နယ်ပါတီကော်မတီ ၀င်များ၊ အရန်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အရန်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ ပြည်နယ်ပါတီ၏ ညွန်ကြားချက်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြည်နယ် ပါတီ၏ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၂) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Read more

ပါတီဖွဲ့စည်းရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင် များသည် သြဂုတ်လ (၃၁) ရက် နံနက် (၁၁) နာရီအချိန်တွင် တောင်ငူခရိုင်ပါတီရုံး၌ တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။

Read more

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များကို ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ ယနေ့မှစပြီး ဖမ်းဆီးအရေးယူမည်

ယာဉ်မတော်တဆမှု ဖြစ်ပွားရာတွင် နာမည်ကြီးသည့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ် များကို ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက်မှစပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ (more…)


Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသော ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးမှ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ အသက် (၁ဝဝ) ပြည့်နှင့် အထက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” က လှူဒါန်းသော ထောက်ပံ့ငွေများကို သြဂုတ် (၃၀) ရက် နေ့က လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ခရိုင်ပါတီကော်မတီဝင် မိသားစုကို အားပေးကူညီထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့် ပါတီကော်မတီဝင်များသည် ပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်ဒဏ် ကျခံနေရ သည့် တောင်ငူခရိုင် ပါတီကော်မတီဝင် ဦးလွင်မြင့် (နေကာရံ) ၏ မိသားစုဝင် များအား ကျွဲပွဲမြို့ အမှတ်( ၁ ) ရပ်ကွက် ခင်ကြီးနေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးနှစ်သိမ့်ကာ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

Read more

တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/သူများ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးပုံမှန် အစည်းအဝေးကို သြဂုတ်လ (၃၁) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

(more…)


Read more

ဝက်စ်ဟမ်းနှင့်ပွဲတွင် ကြမ်းတမ်းစွာ ကစားခဲ့သော အဂူရိုကို စွဲချက်တင်

Aguero

ဝက်စ်ဟမ်းကစားသမား ၀င်စတန်ရိဒ်ကို တံတောင်ဖြင့် တွက်ခဲ့ခြင်းကြောင့် ကြမ်းတမ်းသော အပြုအမူအတွက် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က မန်စီးတီး တိုက်စစ်မှူး ဆာဂျီယိုအဂူရိုကို စွဲချက်တင်လိုက်သည်။

ပြစ်မှုထင်ရှားပါက အဂူရို သည် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံ ဖွယ်ရှိပြီး စက်တင်ဘာ ၁၀ ရက်နှင့်၁၇ ရက်တို့တွင် ကစားမည့် မန်ချက်စတာ ဒါဘီနှင့် ဘုန်းမောက်နှင့် ပွဲများပါ လွဲချော်နိုင်သည်။

Read more