Author: USDP 2016
မောင်တောဒေသလုံခြုံရေး တာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များနှင့် နေရပ်စွန့် ဒေသခံများသို့ ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း
ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း၏ ဦးဆောင်မှုဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင်၊ ပေါက် ငါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ရခိုင်ပြည်နယ် မောင်တောတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကူညီထောက်ပံ့ရန်လိုအပ်သော တိုင်းရင်းသားများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယခုလ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပခုက္ကူမြို့ ပြည်သာယာခန်းမတွင် ကျင်းပသည်။
Read more
ရွာဦးအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ကျောင်းဆောင်သစ်ဖွင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်
ဂျပန်နိုင်ငံအစိုးရ၏ ၂ဝ၁၅ခုနှစ် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး (GGP) အစီအစဉ်အရ ဂျပန်အစိုးရနှင့် ပြည်သူတို့၏ထောက်ပံ့ငွေဖြင့် ဆောက်လုပ်လှူဒါန်းသော ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လိပ်ချောင်း ကျေးရွာအုပ်စု ရွာဦးအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ (၉) ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အဆိုပါကျောင်း၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်း၊ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အတွင်းဝန် Mr.Kasia Yoshi Manasa နှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်ဘရိုစ့်၊ ဟင်္သာတ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

Read more
ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁ဝ၅) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ပဒေသာပင်များ၊ နဝကမ္မ အလှူငွေများ၊ အတီးအမှုတ် အကအခုန်များနှင့်အတူ ပို့ဆောင်လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ (၉) ရက်နေ့ မွန်းလွဲ ၂နာရီတွင် ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း ပါဝင်လှူဒါန်းခဲ့သည်။

Read more
ဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) နှင့်အဖွဲ့ တိုင်း/ခရိုင်/မြို့နယ်ပါတီ လူငယ်ရေးရာတာဝန်ခံများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်ဦးနှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင် ဒေါ်ခင်ရွှေမြင့် တို့သည် ယနေ့ (၁၁.၁၁.၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီရုံး၌ တိုင်း/ခရိုင်/မြို့နယ် လူငယ်တာဝန်ခံများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ တိုင်းပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ ခရိုင်(၂)ခရိုင် မှ ဥက္ကဋ္ဌများနှင့် လူငယ်တာဝန်ခံများ မြို့နယ်(၁၄)မြို့နယ်မှ လူငယ်တာဝန်ခံများ စုစုပေါင်း အင်အား(၇၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
Read moreဗဟိုဦးဆောင်ကော်မတီဝင်သူရဦးအေးမြင့် မုံရွာခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ယခုလ ၈ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မုံရွာခရိုင်၊ မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

Read more
တနင်္သာရီတိုင်းဒေသကြီးပါတီနာယက ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းမှုပြု
တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယကအဖွဲ့ဝင် ဦးကျားမောင်သည် ပါတီ ဗဟိုကော်မတီဝင်၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြိတ်ခရိုင်ပါတီကော်တီဝင် ဦးအောင်သူစိုး တို့ လိုက်ပါလျက် ပင်လယ်ပိုင်းကျေးရွာများဖြစ်သော မဲတော၊ အုတ်ဖိုမော်နှင့် စခန်းသစ်ကျေးရွာများသို့ နိုဝင်ဘာ (၈) ရက်နှင့် (၉) ရက်နေ့များက သွားရောက်၍ ဒေသခံပါတီဝင်များ၊ ပါတီကိုလိုလားထောက်ခံသူများ၊ ကျေးရွာ ရပ်မိရပ်ဖ ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည်။

Read more










