Author: USDP 2016
လယ်ဝေးမြို့နယ်ပါတီရုံးတွင် အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးလျက်ရှိ
ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုးရီးယားသမ္မတနိုင်ငံ Globle Hope လူမှုအဖွဲ့အစည်းတို့ ပူပေါင်း၍ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုဝင်ဘာလ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

Read more
သပိတ်ကျင်းမြို့နယ် ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံး ရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို သပိတ်ကျင်းမြို့နယ်ပါတီရုံးတွင် နိုဝင်ဘာ (၂၂) ရက်နေ့က ကျင်းပပြုလုပ် ရာ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဌ ဦးအောင်ဝင်းကြည်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းနားကို ဖွင့်လှစ်ပေးခဲ့သည်။

Read more
လွိုင်ကော်ပြည်ခိုင်ဖြိုး ရပ်ကွက်/ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာ လှုပ်ရှားမှုအနေဖြင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်ပါတီရုံးဝန်းအတွင်း ဒီဇင်ဘာလ (၂) ရက်နေ့မှစ၍ ပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၂၂) ရက် နေ့လည်(၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

Read more
ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ဆေးကုသမှုခံယူနေသူအား သွားရောက်အားပေးစကား ပြောကြား

နိုဝင်ဘာ (၂၀) ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကြကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် တက်ရောက် နေသည့် သိန်းနီ ကောင်းဟော်အုပ်စု ဟိုတာကျေးရွာနေ ဦးစိုင်းထွန်းအေး အား ပြည်နယ်/ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ နိုဝင်ဘာ (၂၂) ရက် မွန်းလွဲ (၁၂း၁၅) အချိန်တွင် သွားရောက်၍ နှစ်သိမ့်အားပေးစကားပြောကြားကာ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Read moreကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာ (၂၂) ရက်နေ့ နံနက် (၉) နာရီ (၁၅) မိနစ်အချိန်တွင် ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။

Read more





