Author: USDP 2016
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ သာပေါင်း၊ ကန်ကြီးဒေါင့်မြို့နယ် ကော်မတီဝင် များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ခရိုင် ကော်မတီဝင်များသည် နိုဝင်ဘာ (၂၆) ရက် နံနက် ၉နာရီတွင် သာပေါင်းမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ မွန်းလွဲ ၂နာရီတွင် ကန်ကြီးဒေါင့်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအဖွဲ့ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။
Read moreပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက် မြို့နယ် အမာခံကေဒါ များနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာ (၂၆) ရက် မွန်းလွဲ ၁၂ နာရီခွဲ က ကြို့ပင်ကောက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ကြို့ပင်ကောက်မြို့နယ် အမာခံကေဒါ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ရေးရာကဏ္ဍ အသီးသီးတို့ကို ဆွေးနွေးကြသည်။
Read moreမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပထမအကြိမ် (၂+၂ ) အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်ပသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ “ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ” နှင့် ပတ်သက်သည့် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် (မြန်မာ+အင်္ဂလိပ်) ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
Read more
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို KNU ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးရှိမှ နိုင်ငံတိုးတက်မည်ဟု ဦးသန်းရွှေက ပြောကြားခဲ့ဟုဆို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့သည် နေပြည်တော်တွင်ရှိသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (more…)
Read more
တကောင်းမြို့ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ နိုဝင်ဘာ (၂၃) ရက်က ကျင်းပပြုလုပ်သော ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဌ ဦးအောင်ဝင်းကြည်၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်နိုင်ဦး သပိတ်ကျင်းမြို့နယ် ပါတီ ဥက္ကဌ ဦးထွန်းတင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီ ခေါင်းဆောင်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြပြီး ညနေ (၄) နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
Read more






