ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ အမ်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သည့် ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ရောက်ရှိပြီး ဒေသခံ ပါတီဝင် များနှင့်တွေ့ဆုံကာ ပါတီစည်းရုံးရေးကိစ္စများကို ညှိနှိုင်းဆွေးနွေး မှာကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဒေါက်တာစန်းရွှေ (ပြည်နယ်ပါတီဥက္ကဌ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကိုကိုလွင် (ပါတီလုပ်ငန်းစစ်)၊ ဦးမင်းမင်းဇေယျာမြင့်(ပါတီလုပ်ငန်းစစ်)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်း ထိန်းသိမ်းရေး)၊ ဦးအောင်ကျော်ညွန့်(စီးပွားရေးရာ)၊ ဦးကိုကိုနိုင် (သုတေသနနှင့်ပညာရေးဌာနကြီး) တို့နှင့် အတူ ပြည်နယ်အလုပ်အမှုဆောင်များ၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်နှင့် အမ်းမြို့နယ်တို့မှ ပါတီဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများ အင်အား (၁၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

Read more

အငြင်းပွား ကျွန်းအရေးဆွေးနွေးရန် ရုရှားသမ္မတဗလာဒီမာပူတင် ဂျပန်သို့သွားမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့်နိုင်ငံများကို ကာကွယ်နိုင်သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများအရေးကိစ္စနှင့် ပတ်သက် ၍ ဆွေးနွေးအဖြေရှာရာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံရန် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်းသိရသည်။

(more…)


Read more

ကုလအတွင်းရေးမှူးးချုပ်သစ် Guterres ကျမ်းသစ္စာကျိန်ဆို

ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်ထော်ညူ ဂူထာရက်ရှ် ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ် ဖြစ်လာဖို့ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ပြီဖြစ်ပါတယ်။

မစ္စတာ ဂူထာရက်ရှ်ဟာ လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာကို လာမယ့်နှစ်ဆန်း ဇန်နဝါရီ တစ်ရက်နေ့ ကစလို့ လွှဲပြောင်းရယူပြီး ၅ နှစ်သက်တမ်း ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

(more…)


Read more

မြို့မဆင်ဖြူတော်နှင့် ဘုတ်ဆုံမ အပါအ၀င် နာမည်ကြီး ငရုတ်သီးမှုန့်များတွင် မှိုဆိပ်ပါကြောင်းကြေညာ

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့် အမှတ် တံဆိပ် ကိုးမျိုးတွင် မှိုဆိပ် (Aflatoxin B1) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိ သဖြင့် ဈေးကွက်အတွင်းမှ ပြန်လည် ရုပ်သိမ်းရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။  (more…)


Read more

မာန်အောင်ပြည်ခိုင်ဖြိုးပါတီ ရပ်ရွာများ၏ လိုအပ်ချက်များအား ဆောင်ရွက်

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ခရိုင်ကော်မတီဝင် ဦးကျော်လှဦး၊ မာန်အောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည် ဦးဆောင်၍ ကန်းစွန်းကျေးရွာအုပ်စု ကန်းစွန်းကျေးရွာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ချိုလင်း၊ ရပ်ကျေး အမျိုးသမီးရေးရာ ခေါင်းဆောင် ဒေါ်ခင်သီတာထွန်းနှင့် အဖွဲ့ဝင် များ မြို့နယ်ကော်မတီဝင်များ လိုက်ပါ၍ ကန်းစွန်းဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထု အစုစုအား လှူဒါန်းခဲ့ကြသည်။

Read more

မွန်ပြည်နယ်ပါတီဥက္ကဌ ရေးမြို့နယ်ပါတီနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ (ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်) နှင့် ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ် တွေ့ဆုံပွဲ အခမ်း အနားကို ရေးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁း၀၀ အချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်း၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပ ခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ တက်ရောက်ကြပါသည်။

Read more

အမရပူရမြို့နယ် မြို့နယ်ပါတီကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီ ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ (၁၂) ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အားများ စီစစ်ရေးကိစ္စ၊ လူငယ်/အမျိုးသမီးများ ဖွဲ့စည်းရေး ကိစ္စများအားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ငပုတောမြို့နယ် ချောင်းဝကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ချောင်းဝကျေးရွာအုပ်စု မင်းကွန်းကျောင်းတိုက် ဓမ္မာရုံ၌ ဒီဇင်ဘာ (၁၂) ရက် နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် (ငပုတော မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ) ဒေါက်တာစိုးသိမ်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်ဆိုင်ရာဆွေးနွေးခြင်းနှင့် ဒေသခံပြည်သူများမှ ဒေသဖွံဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။

Read more

ရသေ့တောင်မြို့နယ်ပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပါတီရုံး၌ ဒီဇင်ဘာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ကော်မတီစုံ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ပြုလုပ်ကျင်းပခဲ့သည်။

Read more

KIA, TNLA, MNDAA, AA အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခြင်းကို ထောက်ခံကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့ သဘောထားထုတ်ပြန်

KIA, TNLA, MNDAA, AA အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ခြင်းကို ထောက်ခံကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့က သဘောထားထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ (more…)


Read more