ရွှေခြင်္သေ့ လူငယ် လူမှုကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

 

20.12.2016 ရက်နေ့ တမှုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ၌ ရွှေခြင်္သေ့လူငယ်လူမှု ကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ခရိုင်အရန်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရွှေခြင်္သေ့ လူမှုကူညီရေးအဖွဲ့ဝင်များ၊ အလှူရှင်များ ၊ မြို့မိမြို့ဖများ၊ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

ပြည်ကြီးတံခွန် ပြည်ခိုင်ဖြိုးပါတီမှ အားစကားပွဲပြုလုပ်

 

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပသော ရပ်/ကျေးကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များပူးပေါင်း၍ ဒီဇင်ဘာအားကစားလ၌ အပျော်တမ်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို ပျော်ရွှင်စွှာခတ်ကစားခဲ့ကြပြီး ပထမဆု (၅၀၀၀၀ )ဒုတိယဆ၉ု ၃၀၀၀၀) တတိယဆု (၂၀၀၀၀ )အသီးသီးချီးမြှင့်ခဲ့ပြီး ခရိုင်စည်းရုံးရေးတာဝန်ခံ ဦးသီဟဇော်မှ ဆုရရှိခဲ့သောအသင်းများအား ဆုကြေးငွေ ၁၀၀၀၀ကျပ်စီ အပိုထပ်ဆောင်းချီးမြှင့်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

ကော့မှူးမြို့နယ်တွင် အခြေခံမိတ်ကပ်နှင့် ဆံပင်အလှပြင်သင်တန်းဖွင့်လှစ် မြတ်ဟိန်းကျော်(ကော့မှူး)

 

Read more

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးများစုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်

 

(၂၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၆း၃၀)အချိန်တွင် မန္တလေးခရိုင်အတွင်းရှိပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိဘောလုံးကွင်းအတွင်း၌ ဒီဇင်ဘာလစုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်ရာ တိုင်းဒေသကြီးကော်မတီဝင်ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများကို စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေးကျင်းပ

 

မိုးညှင်းမြို့နယ် ဟိုပင်ဒေသပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေးကို
ဒေသခံပါတီ ကော်မတီနာယက ဦးညီလေး၊
ခရိုင်အရန်ကော်မတီဝင်ဦးဖုန်းမြင့် ၊ မိုးညှင်းမြို့ နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့ နယ်အရံကော်မတီဦးမြဝင်း ။ ဒေါ်ဝါဝါဆွေ ဒေါ်လင်းလင်းဝင်းနှင့် ရပ်ကျေးကော်မတီဝင်များ
ရေးရာကော်မတီဝင်များ လူငယ်ကေဒါများတက်ရောက် ကြပြီး
ရှေ့ ဆက် လုပ်ငန်းစဉ်များ ညှိနိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိသည်။

Read more

တနိုင်းမြို့နယ်လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းဝေး

 

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပုံမှန်အစည်းဝေးကို
ယနေ့နေ့လည်(၁၁း၃၀)နာရီတွင်စတင်ကျင်းပရာအစည်းဝေး
သို့ပြည်နယ်ကော်မတီဝင်(ချိန်ပိုင်း)ဦးkဆမ်အေါန်၊ ခရိုင်
ကော်မတီဝင်ဦးဆိုင်းလ(ချိန်ပိုင်း) မြို့နယ်ဥက္ကဌဦးမြင့်ကိုနှင့်မြို့
နယ်ကော်မတီဝင်များ ရပ်ကျေးစည်းမူးများစုစုပေါင်း(၄၀ဦး)
တက်ရောက်ကြပြီးညှိနှိုင်းအစည်းအဝေးအါးနေ့လည်(၂)နာရီ
တွင်ပြီးဆုံးကြောင်း သိရသည်။

Myint Ko‎


Read more

ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်

 

(၁၉.၁၂.၂၀၁၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီမှစတင်၍ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတင်ယု၏ စီစဉ်ဆောင်ရွက်မှုဖြင့် လှိုင်သာယာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၁) ရပ်ကွက်ရှိ မြခွါညိုလမ်း / ခိုင်သဇင် လမ်း/ ပိတောက်လမ်း/ ခရေလမ်း/ ကံ့ကော်လမ်း/ သပြေလမ်း/ န်ချယ်လမ်း/ ဂန္ဓမာလမ်း/ သရဖီလမ်း/ ချယ်ရီလမ်း/ စွယ်တော်လမ်းများအတွင်း သွေးလွန် တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းကို မြို့နယ်ကော်မ တီဝင် ဦးလေးနိုင်/ ဦးမောင်မောင်မြင့်/ မြို့နယ်ပါတီ အထောက်အကူပြု အဖွဲ့ဝင် ဦးစိုင်းလင်းဇော်/ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ဇော်နှင့် ကော်မတီဝင်များ/ ပါတီဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

Read more

ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီချိန်မှ စတင်ကာ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အဖွဲ့မှ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

Read more

Green Starပရဟိတလူငယ်အဖွဲ့ လုပ်အားကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားသော Green Star ပရဟိတလူငယ်အဖွဲ့သည် ယနေ့ ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၀၇:၃၀)နာရီချိန်မှ စတင်ကာ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာအုပ်စု ကော့တာတောရ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဘုရားဝင်းအတွင်း ကွန်ကရစ်လောင်းရာတွင် Green Star အဖွဲ့ဝင်များ စုပေါင်း၍ တက်ညီလက်ညီ လုပ်အားကုသိုလ်ပြုခဲ့ကြသည်။

Read more