မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် နိုင်ငံ ၂၅ နိုင်ငံမှ ကစားသမား ၁၀၀ ကျော်ပြိုင်မည်

၂၀၁၇ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်ပ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကစားသမား ၁၀၀ ကျော် လာရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၂၆ ရက်မှ ၂၉ ရက်အထိ မင်္ဂလာဒုံဂေါက်ကလပ်ကွင်း၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသတွင်း ဂေါက် သီးချန်ပီယံများ အပါအ၀င် ဂျပန်နိုင်ငံမှ ဂေါက်သီးရိုက်ချန်ပီယံများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

(more…)


Read more

အီစတန်ဘူလ် နိုက်ကလပ် တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဟု အိုင်အက်စ် ကြေညာ

တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့ရှိ နိုက်ကလပ် တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းတို့ လက်ချက်ဟု အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ကြေညာခဲ့သည်။ နှစ်သစ်ကူး အကြိုညက ရုပ်ဖျက်လာသည့် သေနတ်သမား တစ်ဦးက အီစတန်ဘူလ်ရှိ လူစည်ကားနေသော နိုက်ကလပ် တစ်ခုကို ရိုင်ဖယ်တစ်လက်ဖြင့် အလစ်အငိုက် စီးနင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူ ၃၉ ဦး သေဆုံး ခဲ့သည်။

 

(more…)


Read more

မြောက်ကိုရီးယား ဒုံးကျည်ကြေညာချက်ကို ထရမ့်လှောင်ပြောင်

အမေရိကန် ကမ်းခြေထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်များ တည်ဆောက်နိုင်တော့မည်ဆိုသည့် မြောက်ကိုရီးယား ကြေညာချက်ကို ဒေါ်နယ်လ်ထရမ့်က လှောင်ပြောင်လိုက်သည်။

 

(more…)


Read more

သမ္မတအိုဘားမား Chicago မှာ နှုတ်ဆက်မိန့်ခွန်းပြောမည်

အမေရိကန်သမ္မတ Barack Obama က သူရာထူးက အနားမယူခင် သူတာဝန်ထမ်းဆောင်စဉ် အောင်မြင်ခဲ့တဲ့ အခြေအနေတွေနဲ့ တိုင်းပြည် ဘယ်ကို ဦးတည်သွားနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရှေ့သီတင်း ပတ်အတွင်း နှုတ်ဆက်စကား ပြောကြားဖို့ စီစဉ်ထားပါတယ်။ Donald Trump ဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

(more…)


Read more

ခြစားမှုကိစ္စနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု စုံစမ်းစစ်ဆေးခံနေရ

စီးပွားရေးလုပ်ငန်းရှင်ကြီးများထံမှ တံစိုးလက်ဆောင်ပဏ္ဍာများ လက်ခံရယူခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့ခြင်းနှင့် စပ်လျင်း၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုအား ဇန်န၀ါရီလ ၂ ရက်တွင် ရဲတပ်ဖွဲ့က သုံးနာရီကြာ စုံစမ်းမေးမြန်းခဲ့သည်ဟု သိရသည်။

 

(more…)


Read more

၂၀၁၇ ခုနှစ်အတွင်း ထိုင်းရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိဟုဆို

လိုအပ်သော ဥပဒေများ လုံလောက်စွာ ပြဋ္ဌာန်းရန် အချိန်လိုအပ်ပါသဖြင့် ထိုင်းရွေးကောက်ပွဲကို ၂၀၁၈ အထိ ရွှေ့ဆိုင်းထားရန် လိုအပ်ကြောင်း စစ်အစိုးရ၏ ဥပဒေပြုရေး ပါလီမန်အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဆိုထားသည်။

 

(more…)


Read more

အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ ကားလမ်းမအချို့ ခေတ္တပိတ်မည်

ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပမည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် အချို့လမ်းမကြီးများနှင့် လမ်းသွယ်များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများ ဖြစ်ကြသည့် Yoma Strategic Holdings, First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) တို့မှ ကြေညာလိုက်သည်။ (more…)


Read more

မဲဆန္ဒနယ်ပြင်ပရောက်နေသူများ မတ်လဆန်းကစ၍ ကြိုတင်မဲပေးနိုင်

မဲဆန္ဒနယ်ပြင်ပရှိ အချုပ်ခန်း၊ သင်တန်း၊ ကျောင်းနှင့် ဆေးရုံများသို့ ရောက်ရှိနေသည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည် မတ်လ ၃ ရက်မှ ၁၀ ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ (more…)


Read more

ပုဏ္ဏားကျွန်းတွင် အသေးစားပေါက်ကွဲမှုဖြစ် မင်းပြားတွင်လည်း လက်လုပ်မိုင်းတစ်လုံးတွေ့

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် ဇန်န၀ါရီ ၁ ရက် ညနေက အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းအနီး မေလွမ်းကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်၌လည်း လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဇန်န၀ါရီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ (more…)


Read more

ကျောက်မျက်ရတနာမျိုးစုံကို ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ဖြင့်ရောင်းချမည့် Mandalay Yatanar Mall မကြာမီ ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့် ကျောက်မျက်ရတနာဆိုင်များ၊ စိန်ဆိုင်များ၊ ရွှေဆိုင်များနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းဆိုင်များကို တစ်နေရာတည်းတွင် ဆိုင်ခန်း ၃၀၀ ကျော်ဖြင့် စုစည်းခင်းကျင်းရောင်းချမည့် Mandalay Yatanar Mall ကို ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (more…)


Read more