ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုးပါတီ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလီဘောပြိုင်ပွဲ အခမ်းအနားဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အမျိုးသားဘောလီဘောပြိုင်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

Read more

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ လားဟူနှစ်သစ်ကူးပွဲ တက်ရောက် အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝိလ်ဆင်မိုး၊ ခရိုင်ကော်မတီဝင် ဦးဟန်ဦး၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော် မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်အရံကော်မတီဝင် ဦးထက်အောင် နှင့် လူငယ်အဖွဲ့ဝင်များလိုက်ပါခဲ့လျှက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်း(စံပြ) ကျေးရွာတွင် ၂၀၁၇ ဇန်န၀ါရီလ (၁) ရက်က ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

Read more

သန်လျင်မြို့နယ် မြို့နယ်ပါတီကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ ပုံမှန် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အားများကိစ္စ၊ လူငယ်/အမျိုးသမီးရေးရာများ ဖွဲ့စည်းရေးနှင့် သတင်းမီဒီယာ ဆိုင်ရာများ အားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

မဲဆန္ဒနယ်ပြင်ပရောက်နေသူများ မတ်လဆန်းကစ၍ ကြိုတင်မဲပေးနိုင်

မဲဆန္ဒနယ်ပြင်ပရှိ အချုပ်ခန်း၊ သင်တန်း၊ ကျောင်းနှင့် ဆေးရုံများသို့ ရောက်ရှိနေသည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည် မတ်လ ၃ ရက်မှ ၁၀ ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ (more…)


Read more

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး PACE အဖွဲ့ စစ်တမ်းပြုလုပ်မည်

၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ထွက်ရှိရေးအတွက် ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်း လှုပ်ရှားမှုအဖွဲ့ (PACE) က လစ်လပ်မဲဆန္ဒနယ်များ၌ စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ (more…)


Read more

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် ရှင်က ဇန်နဝါရီ ၂ ရက်၌ ထုတ်ပြန်သည်။ (more…)


Read more

Brix Series Gaming ကွန်ပျူတာသစ်ကို Gigabyte မိတ်ဆက်

Gigabyte သည် Brix အမှတ်တံဆိပ် gaming တစ်ကိုယ်ရေ ကွန်ပျူတာများ ထုတ်လုပ်လျက် ရှိသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ ယခုအခါ Gigabyte က Brix series သစ် BRIX-GZ1DTi7 ကွန်ပျူတာကို မိတ် ဆက်ခဲ့သည်။

 

(more…)


Read more

ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးအပ်နှင်းပွဲတွင် သီချင်းသီဆို ဖျော်ဖြေပေးရန် စလင်းဒီယွန် ငြင်းပယ်ခဲ့

နာမည်ကျော်အဆိုတော် စလင်းဒီယွန်ဟာ အရွေးချယ်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးအပ်နှင်းပွဲ အတွက် သီချင်းသီဆိုဖျော်ဖြေပေးရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါသည်။

(more…)


Read more

ရှောက်သီးနဲ့ ပျားရည် ဆေးနည်းက အကောင်းဆုံး ချောင်းဆိုး ပျောက်ဆေးဖြစ်

ဆောင်းရာသီ ၀င်လာတာမို့ လူတွေအအေးမိ၊ ချောင်းဆိုးတွေ အဖြစ်များနေပြီ ဖြစ်ပါတယ်။ အအေးမိ ချောင်းဆိုး တဲ့ အခါ ပိုက်ဆံ အကုန်ခံပြီး နာမည်ကြီး တံဆိပ်နဲ့ ချောင်းဆိုးပျောက်ဆေး ၀ယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီး ဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ ညွှန်းလိုက်ပါတယ်။

(more…)


Read more

အသားအရေ ဝင်းပပြီး ဆံပင်နက်မှောင်တောက်ပစေမယ့် ဇာတိပ္ဖိုလ်သီး

ဇာတိပ္ဖိုလ်သီး (nutmeg) က ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ကောင်းမွန်တာရော သိပြီးပြီ လား။ အပေါ်ယံကြမ်းထော်ပြီး ရနံ့စူးရှတဲ့ ဇာတိပ္ဖိုလ်သီးက အလှအပသုံးအတွက် အင်မတန်ကောင်းမွန်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဇာတိပ္ဖိုလ်သီးမှုန့် ပုံမှန်သုံးစွဲခြင်းက နက်မှောင်တောက်ပတဲ့ ဆံကေသာနဲ့ အသားအရေ ကြည်လင် ဝင်းပစေပါတယ်။ နူးညံ့ချောမွေ့ပြီး ဝက်ခြံကင်းတဲ့ အသားအရေ ရရှိပိုင်ဆိုင်စေပါတယ်။

 

(more…)


Read more