ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်ရှိ ဆုတောင်းပြည့်အောင်မြေသာယာရွှေစေတီတော် မြတ်ကြီးတွင် ယခုလ ၁၂ ရက် မွန်းလွဲ ၃နာရီက (၂၃)ကြိမ် မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက် ပိုင်းခရိုင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဒုဥက္ကဋ္ဌများနှင့် ကော်မတီဝင်များသည်ဆုတောင်းပြည့် အောင်မြေ သာယာရွှေစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မကွေးတိုင်းဒေသကြီးအတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဗဟိုအတွင်းရေးမှူး များ ဖြစ်ကြသော ဦးတင်အောင်ချစ်၊ ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့ လိုက်ပါလျက် ဖေဖော်ဝါရီ (၁၄) ရက် နေ့လည် (၁၂) နာရီအချိန်က မကွေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီရေးရာကိစ္စများ၊ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မိမိပါတီအောင်နိုင်ရေးနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးကိစ္စများ မှာကြားခဲ့သည်။

Read more

ပည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း ချောင်းဆုံ အရှေ့ရပ်ကွက် နှင့် အနောက်ရပ်ကွက်ရှိ မဲဆန္ဒရှင်များအား မဲဆွယ်စည်းရုံး

 

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ချောင်းဆုံတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် ဖေဖော်ဝါရီလ (၁၂) ရက် နံနက်(၀၉း၃၀) နာရီချိန်မှစတင်ကာ ချောင်းဆုံမြို့ ချောင်းဆုံအရှေ့ရပ်ကွက်နှင့် အနောက် ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား စည်းရုံးမဲဆွယ်ခဲ့သည်။

Read more

ယခုနှစ် ဂရမ်မီဆုတွေကို သိမ်းကျုံးဆွတ်ခူးသွားတဲ့ အဒဲလ်

(၅၉)ကြိမ် မြောက် ဂရမ်မီဆုပေးပွဲတွင် နာ မည်ကျော် ဗြိတိန်အဆိုတော် အဒဲလ်က ‘‘Hello’’ သီချင်းဖြင့် Song of the Year ဆုနှင့် Record of the Year ဆု အပါအ၀င် စုစုပေါင်း ငါးဆုရရှိခဲ့သည်။ အဒဲလ်သည် ဂရမ်မီ ဆုပေးပွဲ တွင် အကောင်းဆုံးသီချင်းဆုရရှိ ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၂ ကလည်း ‘‘Rolling in the Deep’’ သီချင်းဖြင့် အဆိုပါဆုကို ချီးမြှင့်ခံခဲ့ရသည်။

(more…)


Read more

ဝမ်းနည်းအားငယ်နေချိန်မှာ စားသင့်တဲ့အရာ (၅) မျိုး

ဘ၀မှာ ပျော်စရာတွေနဲ့ ကြုံလာတော့ ပျော်လိုက်ရသလို စိတ်ညစ်စရာတွေနဲ့ကြုံလာရင်းလည်း ဝမ်းနည်းအားငယ် ရတာပါပဲ။ ဒီလိုမျိုး ဝမ်းနည်းအားငယ်ချိန်တွေဟာ သိပ်ကို အထီးကျန်ဆန်လွန်းပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ ချင်၊ ဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲမှာ ခွေရုံခွေနေချင်တဲ့ အချိန်တွေပါ။ အဲ့ဒီလိုကြီး ခွေခေါက်မနေပါနဲ့။ ဝမ်းနည်း အားငယ်မှုတွေကို အစားနဲ့တိုက်ထုတ်ပြီး လန်းလန်းဆန်းဆန်း ဖြတ်သန်းလိုက်ပါ။

 

(more…)


Read more

Android ဂိမ်းများ ကစားနိုင်မည့် Gameband စမတ်နာရီ

MTwo Game ဟု အမည်ရသော ကုမ္ပဏီသည် စမတ်နာရီတွင် မိုဘိုင်းဂိမ်းများ ကစားနိုင်မည့် Gameband ထုတ်ကုန်အတွက် Kickstarter တွင်ရန်ပုံငွေ စုဆောင်းလျက်ရှိသည်။

 

(more…)


Read more

ငါးကြီးဆီ၏ ကောင်းကျိုးများ

ငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မားစေပါတယ်။ အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံအားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။

(more…)


Read more

ရုပ်လုံးပေါ်လာတဲ့ အက်ပ်ပဲလ်ရဲ့ ဌာနချုပ်သစ်

အက်ပ်ပဲလ်ရဲ့ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဟာ ၎င်းမကွယ်လွန်မီ လပိုင်းအလို ၂၀၁၁ မှာ ကုမ္ပဏီရဲ့ အရေး အပါဆုံး အနာဂတ်စီမံကိန်းတစ်ရပ်ကို ကြေညာခဲ့ပါတယ်။ အဲဒါကတော့ ကယ်လီဖိုးနီးယားမှာ ကုမ္ပဏီရဲ့ ဌာနချုပ် အသစ်တည် ဆောက်မယ့်ကိစ္စပါ။ ဂျော့ထုတ်ပြလိုက်တဲ့ အဆောက်အအုံဒီဇိုင်းတွေက စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေထဲက အာကာသ ယာဉ်ကြီးနဲ့ တူနေပြီး အသေးစိတ်ဖန်တီးမှုတွေကလည်း ယုံဖို့ခက်လောက်အောင် ပြည့်စုံကောင်းမွန်နေတဲ့အတွက် ယုတ္တိမတန် ဘူးလို့ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဒီဧရာမ ဌာနချုပ်သစ်ကြီးဟာ လုပ်ငန်းစတင်လည်ပတ်ဖို့ နောက်ဆုံး အဆင့်ထိ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

 

(more…)


Read more

ရတနာပုံအသင်းကို ၂၀၂၀ တွင် အများပိုင်အဖြစ် ပြောင်းလဲမည်ဟု အသင်းပိုင်ရှင်ဆို

မြန်မာလိဂ်ကလပ် ရတနာပုံအသင်းကို အများပိုင်အဖြစ် လာမည့် ၂၀၂၀ တွင် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း က ပြောသည်။

 

(more…)


Read more

မော်ရင်ဟိုနှင့် စိတ်ဓာတ်စစ်ဆင်ရေး မလုပ်လိုကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီပြော

မန်ယူနည်းပြမော်ရင်ဟိုနှင့် စိတ်ဓာတ်စစ်ဆင်ရေး မပြုလုပ်လိုကြောင်း ချယ်လ်ဆီးနည်းပြကွန်တီက ပြောဆို လိုက်သည်။ မန်ယူအသင်းက ၀က်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် တွင် မော်ရင်ဟိုက ၎င်းတို့အသင်းအနေဖြင့် ချယ်လ်ဆီးကို လိုက်မီနိုင်လိ့မ်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ချယ်လ်ဆီးမှာ ခံစစ်ကို အလွန်အသား ပေးပြီး တန်ပြန်တိုက်စစ်ဖြင့်သာ ကစားသည့် အသင်းဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

 

(more…)


Read more