Author: USDP 2016
၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကျင်းပရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့နှင့် UNFC သဘောတူ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမတိုင်မီ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကျင်းပရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များဖြင့် စုဖွဲ့ထားသော UNFC တို့အကြား သဘောတူထားကြောင်း သတင်းရရှိသည်။ (more…)
Read more
စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနပြုလုပ်ပြီး အရိုးပြာအိုးကို ဧရာဝတီ မြစ်အတွင်းရေမျှောပူဇော်မည်
ဘဝ နတ်ထံပျံလွန်တော်မူသွားသော စုဒ္ဒ သမရွှေကျင်သာသနာပိုင် ဝါဆိုဆရာ တော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အ ဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနအခမ်းအနားကို ကျင်းပရန် ရွှေမန်းတောင် အားကစားကွင်း၌ ပြင်ဆင်နေပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အန္တိမဈာပနကျင်းပရေး ကော်မတီ တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (more…)
Read more
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးများကို ဆက်လက်ကာရံနေကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြော
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့ရှိ ဒေသလုံခြုံရေး ဆောင်ရွက်မှုကို မေးမြန်းခဲ့ရာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းသို့ ဖြေကြားခဲ့သည်။ (more…)
Read more
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း အား ဆွစ်ဇာလန်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းအား ဆွစ်ဇာလန်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Ms. Claudine Haenni က ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက် (၁၀) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမဆောင်သို့ လာရောက်တွေ့ဆုံ သည်။

Read more
ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်
အမည်……………………………..ဦးရှာမွေလရှဲန်
ပါတီ………………………………..ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း……………….B.A .B.Ed (Hist )
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်…အမှတ် ၂ – ကျိုင်းတုံမြို့နယ် ရှမ်းပြည်နယ်၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးရှာမွေလရှဲန်၏ ကိုယ်ရေးအကျဉ်း
ကျိုင်းတုံမြို့နယ် လွိုင်မွေဇာတိဖြစ်ပြီး အထက ပန်ဝိုင်အောက်တွင် အလယ်တန်း၊ အထက(၁) ကျိုင်းတုံတွင် အထက်တန်း၊ တောင်ကြီးကောလိပ်တွင် B.A(Hist) ဘွဲ့၊ မန္တလေး ပညာရေးတက္ကသိုလ်တွင် B.Ed (Hist) ဘွဲ့ကို ရရှိခဲ့ပါသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးဆောင်ရွက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မဲဆန္ဒနယ်အမှတ် ၂ ကျိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်၊ ကျိုင်းတုံမြို့နယ် ပါတီကော်မတီဝင် ဦးအားဂါ၊ စည်းရုံးရေးမှူး ဦးယာဘိုးတီတို့သည် ဖေဖော်ဝါရီ (၁၃) ရက်နံနက် (၁၀) နာရီ မှ မွန်းတည့် (၁၂) နာရီအချိန်ထိ ကျိုင်းတုံမြို့ဈ မိုင်းခွန်ကျေးရွာအုပ်စု၊ နောင်ပလာရွာသို့ လည်းကောင်း၊ နေ့လည် (၁) နာရီအချိန်မှ (၂) နာရီခွဲအချိန်အထိ ကျိင်းတုံမြို့ မိုင်းခွန်ကျေးရွာ အုပ်စု ဟွေဟွဲရွှာသို့လည်းကောင်း သွားရောက်၍ ဒေသ ခံပြည်သူများနှင့် တွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Read moreကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည်………………………….-.ဦးစိုင်းရွှေမှုံ(ခ)ဦးစိုင်းလိတ်
ပါတီ…………………………….-.ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း…………… -.ဒသမတန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်……….-.ကျေးသီးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်
မဲဆန္ဒနယ်………………………..ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်
…………………………………….ကိုယ်စားလှယ်လောင်း
==================================
ဦးစိုင်းရွှေမှုံ(ခ) ဦးစိုင်းလိတ်၏ ကိုယ်ရေးအကျဉ်း
==================================









