Author: USDP 2016
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို လုံခြုံရေးကောင်စီ တစ်ညီတစ်ညွတ်တည်း ရှုတ်ချ
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၄
မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စိတ်ပိုင်းဖြတ်ထားသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ယင်းနိုင်ငံရဲ့ နောက်ဆုံးဖျက်အားပြင်း ဒုံးကျည် စမ်းသပ်မှုအပေါ် ဖေဖော်ဝါရီ ၁၃ ရက်မှာ တစ်ညီတစ်ညွတ်တည်း ရှုတ်ချလိုက်ပါတယ်။

Read more
မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း လေယာဉ်များ ပျံသန်းခွင့်ရရေး နိုင်ငံနှစ်နိုင်ငံက စာချုပ်ချုပ်ဆိုရန် ထပ်မံ ကမ်းလှမ်း
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံနှင့် ဝေဟင်ပိုင်နက် အတွင်း လေယာဉ်များ ဖြတ်ကျော် ပျံသန်းနိုင်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ထပ်မံ၍ မွန်ဂိုလီးယား နှင့် တူရကီနိုင်ငံ တို့ကလည်း စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း လာသဖြင့် ညှိနှိုင်းဆွေးနွေး နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (more…)
Read more
တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော ဆင်းမ်ကတ်များ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိ
မောင်တောခရိုင်နယ်မြေအတွင်း လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့ (Sim Card) တွေ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး က သိရပါတယ်။ (more…)
Read more
ဘူးသီးတောင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စစ်တုရင် ပြိုင်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှစ် (၇၀) ပြည့်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ပါတီရုံးတွင် တတိယအကြိမ်မြောက်ဖြစ် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အနိုင်ရှိသူများအား ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အသင်းလိုက် ပထမဆုများကို မြို့နယ်ပါတီဥက္ကဌ ဦးကျော်စွာသိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ စစ်တုရင်အသင်းဥက္ကဌ ဦးမောင်ကျော်သာတို့မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။










