ပြည်ခိုင်ဖြိုးပါတီ မန်ပင်ကျေးရွာ အခြေခံမူလတန်းကျောင်း လုပ်အားပေး ပြုလုပ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောအုပ်စု မန်ပင်အခြေခံပညာ မူလတန်းကျောင်းတွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ စက်တင်ဘာ ၄ ရက် နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်း အောင်နှင့် မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုး၊ ဦးငွေရှိန်း ၊ ဦးသန်းစိုး၊ ဒေါ်မအေး၊ မြို့ပေါ်စည်းရုံးရေးမှူးများ အင်အား ၂၅ ဦးဖြင့် မန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မြက်များကို စက်များ ဖြင့် လုပ်အားပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

Read more

မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ များ လိုက်ပါလျက် နယ်မြေ ကွင်းဆင်း ဆောင်ရွက်ခဲ့ —

 

မုံရွာခရိုင်အတွင်းရေးမှူးနှင့်အတူ မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ များ လိုက်ပါလျက် နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

မုံရွာခရိုင် မုံရွာမြို့နယ်ကော်မတီများ လစဉ်ပုံမှန် ရပ်/ကျေး ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်ကော်မတီများထံ (၄.၉.၂၀၁၇)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ စတင်ထွက်ခွါခဲ့ပြီး သက္ကယ်ကျင်းကျေးရွာအုပ်စု ၊ မုံရွေး ကျေးရွာအုပ်စုနှင့် အောင်သာကျေးရွာ များသို့  သွားရောက်တွေ့ဆုံခဲ့ကြပါ သည် ။

Read more

ပြည်သူရှိရာ ရပ်​ကျေးဆီမှ ကျောင်းသား/သူများအတွက် ဗလာစာအုပ် များ သွားရောက်လှူဒါန်း

 

(4.9.2017) ရက်နေ့ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ကော်မတီဝင်များ ၊ ရပ့်ကျေးစည်းမှူးများဖြင့် ကြက်စိမ့် ဆင်ဖြူကုန်းကျေးရွာရှိ မူကြို ၊ မူလတန်း ၊အလယ်တန်း ၊အထက် တန်း ကျောင်းသား/သူ (၁၅၉) ဦးအား ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်များကို အိမ်အရောက် ပေးအပ့်လှူဒါန်းခဲ့ကြောင်းသိရပါသည်။

Read more

အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးလူငယ် သန့်ရှင်းရေးပြုလုပ် ဘက်စုံအလှူငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ လူငယ်ထု လှုပ်ရှားမှုအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား၌ ယမန်နေ့ နံနက် ၆ နာရီက ဘုရားပန်းကပ် ခြင်း၊ သန့်ရှင်းရေးကုသိုလ်ပြုလုပ် ခဲ့ကြသည်။

Read more

သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ အာဟာရ မုန့်ထုပ်များလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ်ပြ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ကော်မတီဝင်က ယမန်နေ့ နံနက် ၁ဝ နာရီတွင် အလန်းကုန်းကျေးရွာ အုပ်စု စစ်ကိုင်းစုကျေးရွာနှင့် နဘဲကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ကျာင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အာဟာရမုန့်ထုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

စိုက်ပျိုးထားသည့်ခရေပင်များ ရှင်သန်ရေးဒဂုံအရှေ့ပြည်ခိုင်ဖြိုး လူငယ်များစုပေါင်း လုပ်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီလူငယ်ကော်မတီမှဦးဆောင်၍ ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ်များမှ လူငယ်     ကော်မတီဝင်များသည် လစဉ်၊အပတ်စဉ် လူငယ်နေ့ (Youth Day) အရ ယနေ့ မွန်းလွဲ ၂နာရီ ခွဲ တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်အနီးရှိ ရွှေပေါက်ကံ္က တံတားအဆင်း   ကျန်စစ်သားလမ်းမ ကြီးဘေးတွင် စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ဗဟိုအလုပ်အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ မြဝတီနှင့်ကော့ကရိတ်မြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်ပါတီအတွင်းရေးမှူးဦးစန်းကိုနှင့်အဖွဲ့သည် ကရင်ပြည်နယ် မြဝတီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခုလ ၁ရက်က မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်အင်အား ၅ဝခန့်နှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

Read more

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေး ဇီးကုန်းတွင်ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ဇီးကုန်းမြို့နယ်တွင် ယနေ့ နံနက် ၉နာရီက တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြင့်လွင်ဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုင်းအောင်လှိုင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလွင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်၊ ကျေး စည်းရုံးရေးမှူးများနှင့် ဒုစည်းရုံးရေးမှူးများ တက်ရောက်ကြပြီး ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏လစ်လပ်လျက်ရှိသော မြို့နယ်ပါတီအတွင်းရေးမှူးနေရာနှင့် မြို့နယ်ကော်မတီဝင် နေရာတို့ကို ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြသည်။

Read more

သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို သုံးခွမြို့နယ်ပါတီရုံးခန်းမ၌ယခုလ ၁ရက်  နံနက် ၁ဝနာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ အရန်ပါတီကော်မတီဝင်တောင်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌဦးလွင်ဦး၊သုံးခွမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါ်ခင် မြတ်စုနှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြ ကြောင်း သိရသည်။

Read more

ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံဦးဟုန်းငိုင်း၊ ပြည် နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ပြည်နယ်အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) ဦးကျုံးဘိခ့်အပါအဝင် ပါတီဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခုမှ ပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများအပါအဝင် ကိုယ်စားလှယ် ၅၇ ဦး တက်   ရောက်ခဲ့ကြသည်။

Read more