ရထားပို့ဆောင်ရေးဝန်ကြီး စူရတ်ရှ်ပရာဘူ ရာထူးမှနုတ်ထွက်ပြီးနောက် ဝန်ကြီးသစ်အဖြစ် ပီရွတ်ရှ်ဂိုရယ်ဆောင်ရွက်

နယူးဒေလီ စက်တင်ဘာ ၎

အိန္ဒိယနိုင်ငံတွင် ရက်အနည်းငယ်အတွင်း ရထားလမ်းချော်တိမ်းမှောက်မှုကြီး နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ရထားပို့ဆောင်ရေး ဝန်ကြီး စူရတ်ရှ်ပရာဘူသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အစိုးရအဖွဲ့အတွင်းရှိ ဝန်ကြီးများအား အပြောင်းအလဲပြုလုပ်မှုအရ ယခုအခါ ရထားပို့ဆောင်ရေး ဝန်ကြီးသစ်အဖြစ် စွမ်းအင်၊ကျောက်မီးသွေးနှင့် သတ္တုတွင်းဆိုင်ရာ ပြည်နယ်ဝန်ကြီးဖြစ်သည့် ပီရွတ်ရှ်ဂိုရယ်က ရထားပို့ဆောင်ရေးဝန်ကြီးသစ်အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရာထူးမှနုတ်ထွက်သွားသည့် ဝန်ကြီးဟောင်းစူရတ်ရှ်ပရာဘူသည် ရထားပို့ဆောင်ရေးဌာနမိသားစုဝင်များ၏ ကူညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

Read more

၂၀၁၈ခုနှစ် BRICS ထိပ်သီးအစည်းအဝေးပွဲအား တောင်အာဖရိက၌ ကျင်းပမည်

ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော BRICS အဖွဲ့အစည်း၏ ၁၀ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမိန်မြို့တွင် ကျင်းပသည့် ၂၀၁၇ခုနှစ် BRICS ထိပ်သီးအစည်းအဝေးပွဲ ၌

Read more

တရုတ်အီဂျစ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်မည်

ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန် နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အစဉ်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အီဂျစ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

Read more

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအရေးကိစ္စအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်

စက်တင်ဘာ ၅

မြောက်ကိုရီးယားတို့၏ အင်အားအပြင်းထန်ဆုံးဖြစ်သော ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ပြုံယမ်းအစိုးရအပေါ် တုံ့ပြန်အရေးယူသွားကြမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

တာဝေးပစ်ဒုံးကျည်ထိပ်ဖူးထဲ၌ ထည့်သွင်းပစ်လွှတ်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ပြီးခဲ့သောတနင်္ဂနွေနေ့ ၌ မြောက်ကိုရီးယားတို့က စမ်းသပ်ခဲ့သည့်အတွက် ထိုကိစ္စနှင့်ပက်သက်၍ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က တောင်းဆိုခဲ့ကြသည်။

Read more

အောင်လအန်ဆန် အောင်မြင်နေရခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်

 

One Championship Organization ကနေ ကျင်းပပြုလုပ်နေတဲ့ MMA ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး ပြိုင်ပွဲမှာ ရွှေခါးပတ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ မြန်မာပြည်ဖွား အောင်လအန်ဆန်က ၎င်းရဲ့ အောင်မြင် နေရခြင်း လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ဇနီးနဲ့ သားလေးရဲ့ အပြုံးတွေကသာ ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ ခွန်အားတွေပါ

Read more

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ဘောလုံးပွဲစဉ်တိုက်ရိုက် (Live) ထုတ်လွှင့်မည်

Myanmar  Vs  Indonesia

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံ ယူ- ၁၈ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှ စက်တင်ဘာ ၅ ရက် (ယနေ့)ည ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့၏ ဘောလုံးပွဲစဉ်ကို MWD Variety Channel နှင့် MWD Music Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

Read more

ကာဂျစ္စတန် – မြန်မာပွဲကို လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်း

စက်တင်ဘာလ(၅)ရက်နေ့တွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သော ကာဂျစ္စတန်-မြန်မာတို့၏ အာရှဖလား ခြေစစ်ပွဲကို လုံခြံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ သတင်းထုတ်ပြန်ခဲ့သည်။

MFF၏ ကြေညာချက်တွင် ကာဂျစ်ဘောလုံးအဖွဲ့ချုပ်သည် လုံခြုံရေး စိတ်ချရခြင်းမရှိသဖြင့် အဆိုပါပွဲစဉ်အား ရက်ရွှေ့ပေးပါရန် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား မေတ္တာရပ်ခံခဲ့ရာ သဘောတူခွင့်ပြု ခဲ့သဖြင့် ပွဲရွှေ့ခဲ့ခြင်းဖြစ်သည်။

Read more

ရီးရဲလ်မက်ဒရစ်အသင်း တန်ဖိုးအများဆုံးဖြစ်နေ

ယခုနွေရာသီအပြောင်း အရွှေ့ကာလအတွင်း ပီအက်စ်ဂျီက နေမာနှင့် မက်ဘီတို့ကို စံချိန်တင်ကြေးဖြင့် ဝယ်ယူထားသော်လည်း တန်ဖိုးအများဆုံးကလပ်စာရင်းတွင် ရီးရဲလ်မက်ဒရစ်က ယူရို ၇,၄၃၈ သန်းဖြင့် ဦးဆောင်နေသည်။

ပြီးခဲ့သည့်အပြောင်းအရွှေ့တွင် ရီးရဲလ်မှ မိုရက်တာ၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ ဒန်နီလို၊ မာရီယာနို၊ ကွန်ထရာအိုနှင့် ပီပီတို့ ထွက်ခွာသွားပြီး သီယိုနှင့် ဒန်နီဆီဗယ်လို့စ် တို့ ရောက်လာမှုနှင့်အတူ အငှားချထားသော ဗာရက်တီ၊ လိုရန်တေးနှင့် မာဟိုရယ်တို့ ပြန်ရောက်လာပြီးနောက် ကစားသမားများ၏ စုစုပေါင်း တန်ဖိုး ယူရို ၇,၄၃၈ သန်း ရှိနေသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကိုယ်စားလှယ် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာမေးခွန်း ပြည်နယ်လွှတ်တော်တွင်မေးမြန်း

Read more

ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ စည်းရုံး​ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ပြည်​​ထောင်​စုနယ်​​မြေ စည်းရုံး​ရေးရာတာဝန်​ခံများ ​တွေ့ဆုံ

 

၅.၉.၂၀၁၇ ရက်​​နေ့ အင်္ဂါ​နေ့တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ တာဝန်​ရှိသူများနှင့်​ ပြည်​​ထောင်​စုနယ်​​မြေအတွင်းရှိ မြို့နယ်​များမှ စည်းရုံး​ရေးရာတာဝန်​ခံများ၊ရုံးဝန်​ထမ်းများနှင့်​​တွေ့ဆုံပွဲအား ပြည်​​ထောင်​စုနယ်​​မြေပါတီရုံးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

၎င်း​တွေ့ဆုံပွဲသို့ ဗဟို​ကော်​မတီဝင်​ ဦးလှထွန်းဦး ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ ၊ ပြည်​​ထောင်​စုနယ်​​မြေအတွင်း​ရေးမှူး ဦး​ဌေးဝင်း ၊ တိုင်း​ကော်​မတီဝင်​ စည်းရုံး​ရေးရာတာဝန်​ခံ ​ဒေါ်ရီရီဝင်း၊ ခရိုင်​ဥက္ကဌ ဦး​အောင်​နိုင်​ဦး ၊ မြို့နယ်​များမှ စည်းရုံး​ရေးရာတာဝန်​ခံများ ၊ မြို့နယ်​ပါတီဝန်​ထမ်းများ(ကွန်​ပျူတာ)တို့တက်​​ရောက်​ခဲ့ကြပါသည်​။

Read more