ခရမ်းပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်ရွာပြည်သူများနှင့်အတူသစ်ကိုင်းသစ်ခက်များ ခုတ်ထွင် ရှင်းလင်း

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ပြည်ခိုင်ဖြိုးမှ လူငယ်ပါတီဝင်များသည် ယနေ့ နံနက် ၈ နာရီ က ခရမ်းမြို့နယ် (၁) ရပ်ကွက် ခိုင်ရွှေဝါလမ်းမှ ရပ်ကွက်လုပ်သား ပြည်သူများနှင့်အတူ      လျှပ်စစ် အန္တရာယ်မဖြစ်ပွားစေရေးအတွက် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်း များကို ရပ်ရွာပြည်သူ များနှင့်အတူ ဝိုင်းဝန်းခုတ်ထွင် ရှင်းလင်းပေးခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကွန်ပျူတာနည်းပညာသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ လူငယ်ထုနှင့် အမျိုးသမီးထုအ တွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန်ရည်သန်လျက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ဖြိုး Computer Training Center တို့ ပူးပေါင်းဖွင့်လှစ်သော ကွန်ပျူတာအသုံးချ နည်းပညာ သင်တန်းများ တတိယအကြိမ် သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပခဲ့သည်။

Read more

ရခိုင်တွင် လူသားချင်းစာနာမှု အကူအညီများကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် နေ့ရပ်စွန့် ခွာတိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင်သူများ အား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement) တို့  ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်သည်။

Read more

ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး သီးခြားစီတွေ့ဆုံ၍ ရခိုင်အရေးဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုမာဆူဒီသည် စက်တင်ဘာ ၄ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ၍ ရခိုင် ပြည်နယ်အရေး အဓိကထားဆွေး နွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အင်ဒိုနီးရှားက ပါဝင်ပံ့ပိုး ပေးနိုင်ရေးနှင့် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Read more

မောင်တောဒေသတည်ငြိမ်သည်အထိ စစ်ဆင်ရေးနယ်မြေသတ်မှတ်ဆောင်ရွက်မည်

မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတည်ငြိမ်မှုမရှိမချင်း စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်မည်ဟု အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရ စန်းလွင်က ပြောသည်။  မောင်တောဒေသတွင် ရဲကင်းနှင့် ရဲစခန်း စုစုပေါင်း ၃၀ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခံရသည့် သြဂုတ် ၂၅ ရက်က စ၍ စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

Read more

ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်အတွင်း ကျပ်နှစ်ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်းတွင် ဩဂုတ်အတွင်းက အစုရှယ် ယာ ကျပ် ၂ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်ထက်တစ်ဘီလီယံပိုခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း က စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပမာဏသည် လွန်ခဲ့သည့် ငါးလအတွင်း အများဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့် ပမာဏဖြစ်ပြီး အထူးသဖြင့် သီလဝါ အများပိုင် ကုမ္ပဏီ(MTSH) နှင့် ပထမပုဂ္ဂလိကဘဏ်တို့၏ ရှယ် ယာများ ရောင်းအားနှစ်ဆခန့် မြင့်တက်ခြင်းကြောင့်ဖြစ်သည်။

Read more

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ သင်္ဘောသီးမှည့်ဟာဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။  သင်္ဘောသီးမှည့်ကိုစားလျှင် ရရှိနိုင်သောအကျိုးကျေးဇူးတွေကတော့ –

(၁) အသားအရေကို လှပါစေပါတယ်။

(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။

(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ဝမ်းကို ပျော့စေပါတယ်။

Read more

မျက်နှာအဆီပြန်သူ တို့အတွက် အုန်းရည် !

မျက်နှာပြင်မှ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေသူတို့ အတွက်ပါ။ ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့ မျက်နှာပြင် အလှတွေပျက်နေတယ်လို့ သင်ထင်ပါသလား။ မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့ အလှပြင် ပစ္စည်းတွေကို တကူတက ရှာဖွေဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့ အုန်းရည်ကို အသုံးပြု ဖြေရှင်းနိုင်ပါ တယ်။

Read more

13MP+5MP ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Samsung Galaxy J7+

Note 8 ကို မိတ်ဆက်ကြေညာခဲ့ပြီးတဲ့နောက် Samsung က ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Galaxy J7+ ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။

Galaxy J7+ မှာ 13MP+5MP ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ဖုန်းကို အလူမီနီယမ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး display က ၅.၅ လက်မ FullHD Super AMOLED ဖြစ်ပါတယ်။

Read more

သြဂုတ်လကုန်အထိ တယ်လီဖုန်းဆိုင်ရာ ဝန်ဆောင်မှုလိုင်စင် ၁၅၆ ခုထုတ်ပေးပြီးဖြစ်

သြဂုတ်လ ၂၈ ရက်အထိ တယ်လီဖုန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့တဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၅၆ ခုရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ့အရေအတွက်ကို သြဂုတ်လ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ တယ်လီဖုန်း ကိရိယာနဲ့ ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နဲ့ စမ်းသပ်ပြသခွင့် လိုင်စင်လာရောက် လျှောက်ထားသူတွေကို စိစစ်ဆောင်ရွက်ပြီး လိုင်စင်ထုတ်ပေးခဲ့တဲ့ ကုမ္ပဏီတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Read more