ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲတွင် အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ရုံးချုပ်သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)ကို ယနေ့ နံနက် ၈နာရီခွဲတွင် နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် လိုအပ်ချက်နှင့်တောင်းဆိုချက်များအရ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ လေ့လာသင်ယူရမည့်ကိစ္စရပ်များအားလုံးကို အပတ်တကုတ် လေ့လာမှတ်သားသွားကြရန်လိုကြောင်း၊ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ အမြဲတမ်းလေ့လာဆည်းပူးနေမှသာ တိုးတက်အောင်မြင်မှုရှိလာမည်ဖြစ်ကြောင်း၊ မိမိအကျိုးနှင့် ပါတီအကျိုးယှဉ် လာလျှင် ပါတီအကျိုးကိုဦးစားပေး ပြီး ပါတီအကျိုးနှင့် နိုင်ငံအကျိုး ယှဉ်လာလျှင် နိုင်ငံအကျိုးကိုဦးစား ပေးရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆို သည့်အချက်များကို လိုက်နာကျင့် ကြံအားထုတ်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

Read more

ရုံးပတေသီးရဲ့ အကျိုးကျေးဇူး

ရုံးပတေသီးက သွေးအတွင်း ကိုလက်စထရော ဓာတ်တွေကိုကျဆင်းစေပြီး၊ အမြင်အာရုံကို ကောင်းစေကာ၊ အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် အသားအရေကို လှပစေပြီး ကင်ဆာကို ကာကွယ်ပေးကာ အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးကာ သွေးလည်ပတ်မှု ကောင်းပြီး သွေးတိုးတာကိုလည်း ကာကွယ်ပေးပါတယ်။

Read more

“ဒီပျော်ရည်က သင့်အဆီပိုတွေကို တစ်ညတည်းနဲ့ လျော့ချပေးနိုင်”

“ဒီပျော်ရည်က သင့်အဆီပိုတွေကို တစ်ညတည်းနဲ့ လျော့ချပေးနိုင်” ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ဒီဖျော်ရည်နဲ့ အဆီအနှစ်တွေကို ညတွင်းချင်း လောင်ကျွမ်းစေပါ။ ဒီဖျော်ရည်က ကိုယ်အလေးချိန် လျော့ချခြင်း အတွက် ကောင်းကျိုး ဖြစ်စေပါတယ်။

ကျန်းမာရေးကောင်းကျိုးများ

ငရုပ်ကောင်းမှုန့်- ငရုပ်ကောင်းမှုန့်က အစာခြေဖျက်မှု အားကောင်းစေပြီး အစာခြေဖျက်မှုအတွက် အသုံးတည့်ပါတယ်။ ရှာလကာရည်- အဆီကျအောင် လှုံ့ဆော်ပေးတယ်။ သံပုယို- အဆီကာကွယ်ရာမှာ အကျိုးပြုပေးတယ်။ အရောင်တင် ပန်းငရုပ်ကောင်းမှုန့်နဲ့ သံပုယိုသီး ဖျော်ရည်

Read more

Telenor ဆင်းမ်ကတ်ပိုင်ဆိုင်မှုဆိုင်ရာများကို အွန်လိုင်းမှဆောင်ရွက်နိုင်

Telenor ဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ ဆင်းမ်ကတ်ပိုင်ဆိုင်မှု စစ်ဆေးခြင်း၊ အချက်အလက် ပြောင်းလဲလိုပါက အမည်ပြောင်းလဲခြင်းတွေကို အွန်လိုင်းကနေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Read more

နေမာကြောင့် ပီအက်စ်ဂျီအသင်း၏ ဈေးဆိုင်များ အလွန်အမင်း အရောင်းမြင့်တက်

စက်တင်ဘာ ၁၈၊ ပြင်သစ်

ဘရာဇီးတိုက်စစ်မှူးနေမာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ အရောင်းဆိုင်တွေဟာ ယမန်နှစ်ကထက် သိသိသာသာ အရောင်းမြင့်တက်လာခဲ့ပါတယ်။ နေမာရဲ့ဂျာစီတွေဟာ ပြီးခဲ့တဲ့ ၁ လအတွင်းမှာ အထည်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ရောင်းချခဲ့ရတာပါ။ ဒါက အသင်းအတွက် ၀င်ငွေ ပေါင် ၈ သန်းအထိ ပြန်လည်ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။

Read more

ဒူးအရွတ် ဒဏ်ရာကြောင့် WLC-3 ပွဲစဉ်တွင် ထွန်းထွန်းမင်း ယှဉ်ပြိုင်နိုင်မည် မဟုတ်

ရန်ကုန်မြို့၌ နိုဝင်ဘာ ၄ ရက်တွင် ကျင်းပမည့် WLC-3 ပွဲစဉ်တွင် ဒဏ်ရာကြောင့် အနား ယူနေရသော ထွန်းထွန်းမင်း ပါဝင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိရသည်။

ထွန်းထွန်းမင်း ပါဝင်သော တွဲဆိုင်းကို မူလက WLC-3 တွင် ထည့်သွင်းရန် ရှိသော်လည်း ၎င်း၏ ဒူးအရွတ်ဒဏ်ရာနှင့် ပတ်သက်၍ ဆရာဝန်၏ အတည်ပြုချက် မရခဲ့သောကြောင့် မပါဝင်နိုင်ခြင်း ဖြစ်သည်။ ထွန်းထွန်းမင်းသည် အဆိုပါ ဒူးအရွတ် ဒဏ်ရာကို ဒေ့ဗ်နှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

Read more

ထိုင်း ယူ-၁၈ အသင်း ငါးကြိမ်မြောက် ဗိုလ်စွဲ

 

၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာ ထိုင်းအသင်းဗိုလ်စွဲခဲ့သည်။ တတိယနေရာလုပွဲတွင် အင်ဒိုနီးရှား အသင်းက မြန်မာအသင်းကို ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည်။ မြန်မာအသင်းသည် ဗိုလ်လု ပွဲနှင့်လွဲချော်ခဲ့၍ တတိယနေရာရရန်ကြိုးပမ်းခဲ့သော်လည်း အင်ဒိုနီးရှားအသင်းက အုပ်စုပွဲထက် ကစားပုံပိုမို ကောင်းမွန် သောကြောင့် ရှုံးနိမ့်ခဲ့ရသည်။

Read more

မစ်ဒယ်ဝိတ်ချန်ပီယံ ဂိုလော့ဗ်ကင်နှင့် အယ်ဗာရက်ဇ်တို့ပွဲ၌ သရေကျ

 

စက်တင်ဘာ ၁၆ ရက်ညက ထိုးသတ်ခဲ့သော ဂို လော့ဗ်ကင်နှင့် အယ်ဗာရက်ဇ်တို့ ပွဲတွင် အနိုင်၊ အရှုံးမပေါ်ဘဲ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြီး ဂိုလော့ဗ်ကင်က မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်များကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။

Read more

မလေးရှား ကျောင်းမီးလောင်မှုနှင့် ပတ်သက်၍ သံသယရှိသူ ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီးထား

မလေးရှား နိုင်ငံတွင် ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်မှုနှင့် ပတ်သက်ပြီး ကလေးနှင့် ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။  ပြီးခဲ့သည့် သီတင်းပတ်၊ စက်တင်ဘာ ၁၄ ရက်က ကွာလာလမ်ပူရှိ ကိုရန်ကျမ်းစာသင် ကျောင်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ ကျောင်းသား ကလေးငယ် ၂၁ ဦးနှင့် ကျောင်းဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြသည်။ အဆိုပါကျောင်းသည် ယောက်ျားလေး သီးသန့် လက်ခံသင်ကြားပေးပြီး ကျောင်းသားများကို ကျောင်းအိပ် ကျောင်းစား လက်ခံထားသဖြင့် မနက် အစောပိုင်း မီးလောင်မှုတွင် အသေအပျောက် များခဲ့ခြင်း ဖြစ်သည်။

Read more