အသံလှိုင်း တိုက်ခိုက်မှုများ ကြုံခဲ့ပြီးနောက် ကျူးဘားရှိ သံရုံးကို ပိတ်ရန် အမေရိကန် စဉ်းစားနေ

အသံလှိုင်း တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည့်နောက် ကျူးဘားရှိ သံရုံးကို ပိတ်သိမ်းရန် စဉ်းစားနေကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့သည်။ဟာဗားနားတွင် ဖွင့်လှစ်ထားသည့် အမေရိကန် သံရုံးကို ပိတ်သိမ်းရန် သင့်မသင့် မိမိတို့ ပြန်လည် စိစစ် သုံးသပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က ဆိုသည်။

Read more

ဂျပန်တွင် မုန်တိုင်းအန္တရာယ် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသမှာ မုန်တိုင်းတခု ချဉ်းကပ်လာတာကြောင့် မိုးများ၊ ရေကြီးတာတွေအတွက် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ လလောက်က ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှု ကြုံရပြီး အနည်းဆုံး လူ ၃၀ သေခဲ့ရတဲ့ ဒေသ အပါအဝင် ဂျပန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာ လှိုင်းကြီးတာတွေ၊ မိုးများရေလျှံတာတွေအတွက် သတိပေးချက် အမြင့်ဆုံးအဆင့်ကို ဂျပန်မိုးလေဝသအေဂျင်စီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။

Read more

တရုတ်နိုင်ငံ၌ လေထုညစ်ညမ်းမှုကို လျှော့ချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို တားမြစ်မည်

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်း၌ ဖြစ်ပွားနေသော လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် လာမည့် ဆောင်းရာသီတွင် မြို့တွင်းရှိ အဓိက ပြည်သူ့လုပ်ငန်းများမှ ဆောက်လုပ်ရေး စီမံကိန်းများကို တာဝန်ရှိ သူများက တားမြစ်သွားမည် ဖြစ်ကြောင်း အစိုးရ သတင်းဌာနများက စက်တင်ဘာ ၁၇ ရက်တွင်ပြောသည်။

Read more

မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို LED ဘုတ်ဖြင့် ဘာသာပြန်ပြသရန် တိုင်းအစိုးရစီစဉ်

စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အခြေပြမိန့်ခွန်းကို မန္တလေးမြို့ မနော်ရမ္မံကွင်းတွင် LED ဘုတ်ဖြင့် တိုက်ရိုက်ပြသမည့်အပြင် ဘာသာပြန်ထည့်သွင်းရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေသည်။ ‘‘တိုက်ရိုက်ပြနိုင်အောင် ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ တိုင်းအစိုးရ အဖွဲ့ရဲ့အစီ အစဉ်နဲ့ လုပ်ဆောင် ပေးတာဖြစ်ပါတယ်’’ဟု မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော က ပြောသည်။

Read more

ကွန်ဒိုနည်းဥပဒေတွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်ရောင်းခွင့်ပြုမည့်အချက်ပါဝင်မည်

မကြာမီထုတ်ပြန်မည့် စုပေါင်းပိုင် အဆောက်အအုံနည်း ဥပဒေ Condo Law တွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်း ပြီးမှသာကြိုပွိုင့်စနစ်ဖြင့် ရောင်းချနိုင်မည်ဆိုသော အချက်ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ စက်တင်ဘာ နောက်ဆုံးပတ်တွင် ထုတ်ပြန်မည့်အဆိုပါ နည်းဥပဒေ၌ အထက်ပါအချက်များ ထည့်သွင်းရေးဆွဲ ထားခြင်းကြောင့် မူလဥပဒေထက် နည်းဥပဒေသည် ပိုမိုပြည့်စုံ ကောင်းမွန် လာမည်ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

Read more

ကုလသမဂ္ဂတွင် ကမ္ဘာ့ခေါင်းဆောင်များ မြောက်ကိုရီးယားအရေးနှင့် မြန်မာအရေး အဓိကဆွေးနွေးမည်

စက်တင်ဘာ ၁၈ ရက် (ယနေ့) စတင်သည့် ကုလသမဂ္ဂ  အထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုအရှိန်မြင့်လာခြင်းနှင့် အတူ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို အဓိ ကထားဆွေးနွေးမည်ဖြစ်သည်။

Read more

ရခိုင်ပြည်နယ်အရေး ညီညွတ်ကြဖို့ ကာကွယ်ရေးဦးစီးချုပ် ပြော

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ညီညွတ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ကြောင်း AFP သတင်းက ဖေါ်ပြပါ တယ်။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ တိုင်းရင်းသားမဟုတ်ခဲ့သူတွေက ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုနေတဲ့ ဘင်္ဂါလီပြဿနာဟာ အမျိုးသားရေးဖြစ်တဲ့ပြင်၊ အမှန်တရားကို ထူထောင်ကြရမှာဖြစ်လို့ အားလုံးသွေးစည်း ညီညွတ်ကြဖို့လိုကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ စနေနေ့က ရေးသားခဲ့တယ်လို့ ဖေါ်ပြပါတယ်။

Read more

နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ဒိုင်းနက်(သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ်မြောက်ပိုင်းမေယု ခရိုင်အတွင်း သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်နေ ရပ်စွန့်ခွာတိမ်းရှောင်လာကြသော ဒိုင်းနက် (သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ က ထောက်ပံ့ငွေများပေးအပ်ကူညီ ခဲ့ကြကြောင်း သိရသည်။

Read more

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ လပတ်အစည်းဝေးကျင်းပ

 

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းဝေးကို ၁၅.၉.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ မြို့နယ်ဥက္ကဌဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ခရိုင်ပါတီ      ကော်မတီ ဦးအုန်းမောင်နှင့် ပြည်နယ်ပါတီ ဦးစိုင်းစိန်လင်းတို့ တက်ရောက်ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်ရှိ ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး “မိမိတို့ ပါတီဝင်များ အနေဖြင့် ပါတီဆောင်ပုဒ်များနဲ့အညီ ကြိုးစားနေထိုင်ကြရန်၊ ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးယှဉ်လာပါက တိုင်းပြည်အကျိုးကိုပိုမိုအလေးထားကြရန်”လမ်းညွှန်မှာကြားခဲ့ပါသည်။


Read more