မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန်စီစဉ်

မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရန်လိုအပ်သည့် အသေးစိတ်အချက်အလက်များကို နှစ်နိုင်ငံညွှန်ကြားရေးမှူးချုပ်များ ဆွေးနွေး မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

‘‘တရုတ်နိုင်ငံကနေ ညွှန်ချုပ်အဆင့်ဖိတ်ထားတယ်။ သူတို့ ဘက်ကလည်း ကမ်းလှမ်းတယ်။ ဒီဘက်ကလည်း ဖိတ်ထားတယ်။ နှစ်နိုင်ငံဘယ်လိုလုပ်မယ်ဆိုတာတွေကို ညွှန်ချုပ်တွေအသေးစိတ် ဆွေးနွေးပြီးရင် ဆွေးနွေးချက် အပေါ် နှစ်ဖက်လုပ်မယ့် အစီအစဉ်တွေပြန်ညှိမယ်။ နှစ်ဖက်ကော်မတီဖွဲ့ပြီးမှ နေရာကို သတ်မှတ်ပါမယ်’’ ဟု ၎င်းကဆိုသည်။

Read more

နေရပ်ပြန် တိုင်းရင်းသားများလုံခြုံရေး အမြဲတာဝန်ယူပြီး နှစ်ဖက်လူ့အဖွဲ့အစည်းလုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးမည်ဟု ရဲမှူးချုပ်သူရစန်းလွင်ပြော

အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသော တိုင်းရင်းသားများ နေရပ်သို့ ပြန်လည်နေထိုင်မည်ဆိုပါက အမြဲတမ်း လုံခြုံရေးတာဝန်ယူမည် ဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်း လုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးမည်ဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

Read more

မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံကို ထိုင်းတရားရုံး လက်ခံကြားနာမည်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေသော မြန်မာလုပ်သားနှစ်ဦး၏ အမှုအတွက် နောက်ဆုံးတင်သွင်းသည့် အယူခံကို ထိုင်းနိုင်ငံ အယူခံတရားရုံးက စက်တင်ဘာ ၁၈ ရက်တွင် လက်ခံခဲ့သည်။ မြန်မာလုပ်သား နှစ်ဦးအတွက် နောက်ဆုံး တင်သွင်းထားသော အယူခံကို လက်ခံခြင်းရှိ၊ မရှိထိုင်းနိုင်ငံ အမှတ် (၈) အယူခံတ ရားရုံးက တစ်လခန့် စစ်ဆေးပြီး နောက်ယခုကဲ့သို့ လက်ခံခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ထိုင်းအမျိုးသမီးရှေ့နေ ဖီအန်ဖွန်က ပြောသည်။

Read more

ကန်ကြီးထောင့်မြို့နယ် သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ

 

၁၉.၉.၂၀၁၇ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် “သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ´´ ကို ယနေ့နံနက် ၉း၀၀ နာရီအချိန် တွင် ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူနှင့်ကော်မတီဝင်များ၊ ဒုမြို့နယိ        အုပ်ချူပ်ရေးမှူး၊ တိုင်းသမဦးစီးမှူးနှင့် တိုင်းခရိုင်မြို့နယ်သမနှင့် အခြေခံသမအသင်း (၁၈၀) မှ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

Read more

ရပ်စောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ယမန်နေ့(၁၈.၉.၂၀၁၇)ရက်နေ့တွင် ရပ်စောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးအောင်ထွန်း၊ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးမောင်မောင်လွင်တို့မှ ဟွှေးကျေးရွာအုပ်စု ရေဖြူ ကျေးရွာမှ ပါတီအဆင့်ဆင့်ခေါင်းဆောင်များ၊ အမာခံပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ပါတီဝင်အင်အား (၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

USDP – Yatsauk


Read more

မအူပင်ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

 

မအူပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ယမန်နေ့(၁၈-၉-၂၀၁၇)ရက်​​နေ့ နေ့လည် (၂း၀၀)နာရီအချိန်​တွင် ဧရာဝတီတိုင်းပါတီ​ကော်​မတီဝင်၊​ မအူပင်​ခရိုင်​တာဝန်​ခံ ဦးသန်းထွန်း၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​စော​သောင်းဒန်​ ၊ပါတီအတွင်း​ရေး​မှူး ဦးတင်​၀င်း ၊ပါတီ​ကော်​မတီဝင်​များ အရန်​​ကော်​မတီဝင်​များနှင့့်ပတီ၏​ရှေ့လုပ်​ငန်းစဉ်​များ ညှိနိုင်း​ဆွေး​နွေးကြကြောင်း သိရသည်။

Thein Lwin


Read more

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်မနောသုခသွေးလှူရှင်များစုပေါင်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား တီရှပ်အင်္ကျီလှူဒါန်း

 

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မနော သုခသွေးလှူရှင်များ စုပေါင်း၍ ဓမ္မစကူးလ်ကျောင်းသားကျောင်း သူများအား တီရှပ်အင်္ကျီလှူဒါန်းခဲ့ ကြောင်း သိရသည်။
အမျိုး၊ဘာသာ၊သာသနာစောင့် ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ဓမ္မ စကူးလ်သင်တန်းများကို နိုင်ငံ တစ်ဝန်း၌ အပတ်စဉ်တနင်္ဂနွေနေ့ တိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ဓမ္မစကူးလ်တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်အင်္ကျီများကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မနောသုခသွေး လှူရှင်နှင့်လူမှုရေးအဖွဲ့များက စုပေါင်း၍လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ              ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ထောင်စုနယ်မြေနှင့်ခရိုင်၊ မြို့နယ်များအစည်းအဝေးကျင်းပ ခဲ့သည်။

Read more

ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းခေါင်းဆောင်သော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပါတီဝင်စုစုပေါင်း ၂၁ ဦးတို့သည် ယနေ့မွန်းလွဲ ၃နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာသွားကြောင်းသိရသည်။
ယင်းချစ်ကြည်ရေးအဖွဲ့သည် ကူမင်းမြို့၊ ဝူဟန်မြို့၊ ဒါလျန်းမြို့နှင့်ပေကျင်းမြို့များသို့ ၁ဝရက်ကြာသွားရောက်လေ့လာမည်ဖြစ်ပြီး ယခုလ ၂၇ ရက်တွင် လေကြောင်းဖြင့်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူးဦးတင်အောင်ချစ် အောင်လံ မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင် အောင်ချစ်သည် မကွေးတိုင်းဒေသ ကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ပါတီ ကော်မတီဝင်များလိုက်ပါလျက် ယမန် နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အခြေစိုက် မြင်းကပိုင်ကျေး ရွာမှ ရွာဦးကျောင်းဆရာတော်အား ဖူးမြော်  ကြည်ညိုပြီး နဝကမ္မသုံးစွဲရန် အလှူငွေများလှူဒါန်းကာ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။ ထိုသို့တွေ့ဆုံရာတွင် ယနေ့နိုင်ငံရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

Read more