လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် ပွင့်လင်းလွှတ်တော် Application

လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပွင့်လင်းလွှတ်တော် Application ကိုဒီနေ့က နေစတင်ပြီး အသုံးပြုနိုင်ပြီလို့ သတင်းရရှိပါတယ်။ ပွင့်လင်းလွှတ်တော် ကနေ တစ်ဆင့် မိမိတို့မဲဆန္ဒနယ် ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက် ဆက်သွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Read more

ကင်မရွန်းနွယ်ဖွား တိုက်ခိုက်ရေးသမားနဲ့ အောင်လအန်ဆန် ရန်ကုန်တွင် စိန်ခေါ်ပွဲထိုးသတ်မည်

One Championship ပြိုင်ပွဲ ကျင်းပရေး ကော်မတီက လာမယ့် နိုဝင်ဘာလ (၃)ရက်နေ့မှာ အောင်လ အန်ဆန်ရဲ့ ထိုးသတ်ပွဲတစ်ပွဲကို စီစဉ်ထားတယ်လို့ သိရပါတယ်။

ရုရှား ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးသမား ဗိုင်တာလီ ဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ရွှေခါးပတ်ချန်ပီယံဆုကို ဆွတ်ခူးရရှိထားတဲ့ အောင်လအန်ဆန်အနေနဲ့ ယခုထိုးသတ်မယ့် ပွဲစဉ်မှာ စိန်ခေါ်ပွဲသက်သက်သာ ဖြစ်တာကြောင့် ရွှေခါးပတ်လုပွဲ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ကင်မရွန်း နွယ်ဖွား တိုက်ခိုက်ရေးသမား ဂါလာနီအနေနဲ့ ဟဲဗီးဝိတ်တန်းရွှေခါးပတ်ချန်ပီယံဘွဲ့ကို ရရှိထားသူဖြစ်ပြီး အောင်လ အန်ဆန်ထက် ၀ိတ်တန်း မြင့်သူလည်း ဖြစ်ပါတယ်။

Read more

ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက် ရပ်တည်နေဆဲဖြစ်တဲ့ စပိန်တင်းနစ်သမား နဒါးလ်

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ယခုတပတ်အတွက် အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်ဟာ ကမ္ဘာ့နံပါတ် (၁) နေရာကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

ဂရင်းစလင်းချန်ပီယံ ၁၆ ကြိမ်ရ နဒါးလ်ဟာ ဒုတိယနေရာမှ  ဆွစ်ဇလန်တင်းနစ်သမား ရော်ဂျာ ဖက်ဒရာနှင့် တတိယနေရာမှ ဗြိတိန်ကစားသမား အန်ဒီမာရေးကို ကမ္ဘာ့အဆင့်ဇယားမှာ ဦးဆောင်ခဲ့ပါတယ်။

Read more

အရက်မူးပြီးကားမောင်းခဲ့သော ရွန်းနေ ၂ နှစ်ပိတ်ပင်ခံရ

အရက်မူးပြီးကားမောင်းခဲ့ ကြောင်းဝန်ခံပြီးနောက် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်းနေသည် ကားမောင်းခွင့် ၂ နှစ်ပိတ်ပင်ခံရသည်။

ယခုလ စောစောပိုင်းက မန် ချက်စတာမြို့ ပြင်ပ ၎င်း၏နေအိမ်အနီး ကားမောင်းနှင်စဉ် အဲဗာတန်တိုက်စစ်မှူး ရွန်းနေကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read more

မြန်မာယူ-၁၈ အသင်း၏ ပြင်သစ် ခြေစမ်းခရီးစဉ် ပျက်ပြယ်

Tuesday, September 19, 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသို့ စေလွတ်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ်ထားသော်လည်း ယင်းခရီးစဉ်မှာ ပျက်ပြယ် သွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၁၈ အသင်းသည် မူလက စက်တင်ဘာ(၂၅)ရက်မှ အောက်တိုဘာ တတိယပတ်အထိ ပြင်သစ် နိုင်ငံ၌ (၃)ပတ်ကျော်ကြာ နေထိုင်လေ့ကျင့်ရန် နှင့် ခြေစမ်းပွဲ(၄)ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။

Read more

ပိုင်နက်နယ်မြေအတွင်း ရိုဟင်ဂျာများ ရှိနေခြင်းက အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်ဟု အိန္ဒိယ ပြော

နယူးဒေလီ၊ စက်တင်ဘာ ၁၉

အိန္ဒိယ ပိုင်နက်နယ်မြေအတွင်း ရိုဟင်ဂျာ ရှိနေခြင်းသည် နိုင်ငံ၏ လုံခြုံရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုပဲ ဖြစ်သည်ဟု အိန္ဒိယအစိုးရက စက်တင်ဘာ ၁၈ ရက်တွင် ပြောလိုက်သည်။ အိန္ဒိယနိုင်ငံအတွင်း ရိုဟင်ဂျာဆိုသူများ လေးသောင်းနီးပါးရှိနေပြီး နိုင်ငံအတွင်းသို့ ဒုက္ခသည်အဖြစ် ပိုမိုဝင်ရောက် လာခြင်းများကို တားဆီးနေရသည်။

Read more

အရေးယူ ပိတ်ဆို့မှုများဖြင့် ၎င်းတို့ကို ဟန့်တားနိုင်မည် မဟုတ်ဟု မြောက်ကိုရီးယား ကြေညာ

အရေးယူ ပိတ်ဆို့မှုများက မိမိတို့၏ နျူကလီးယားလက်နက် ရည်မှန်းချက်များ အကောင်အထည် ဖော်မှုကို ပိုမို မြန်ဆန်အောင် အရှိန်မြှင့်ပေးရာ ရောက်နေကြောင်း မြောက်ကိုရီးယား က သတိပေး ပြောကြားလိုက်သည်။

Read more

စပိန်အစိုးရက မြောက်ကိုရီးယားသံအမတ်ကြီးအား နိုင်ငံအတွင်းမှနှင်ထုတ်

မက်ဒရစ်မြို့ရှိမြောက်ကိုရီးယားသံရုံးမှ သံအမတ်ကြီးကင်မ်ဟွတ်ခ်ချိုလ်အား စက်တင်ဘာလအကုန်တွင် စပိန်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် မက်ဒရစ်အစိုးရက အမိန့်ပေးခဲ့ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖွန်ဆို ဒက်စ်တစ်က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ပြုံယမ်းအစိုးရက နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်မှုများအား စဉ်ဆက်မပြတ်လုပ်ဆောင်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် တနင်္လာနေ့က မြောက်ကိုရီးယားသံအမတ်ကြီးကို စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားကာ မက်ဒရစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို အသိပေးခဲ့ကြောင်း ဒက်စ်တစ်က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ပြုံယမ်းတို့၏ လုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြိမ်းခြောက်နေသောကြောင့် စပိန်အစိုးရက ယခုလိုဆုံးဖြတ်ချက် ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Read more

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်း ချက်ချင်း ဆောင်ရွက်ရန် ကျပ်ဘီလီယံ၂၀လက်ငင်း ဖြည့်ဆည်းမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများချက်ချင်းဆောင်ရွက်နိုင် ရန် ပထမအဆင့် အနေဖြင့် ကျပ် ၂၀ ဘီလီယံကို အစိုးရက လက်ငင်း ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၈ ရက်တွင် သတင်း ထုတ်ပြန် သည်။ လက်ရှိအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

Read more

အိုင်အက်စ်အဖွဲ့က ရိုဟင်ဂျာအရေးကို အသုံးချပြီး လူငယ်တွေကို စည်းရုံး

ရိုဟင်ဂျာအရေးကို အသုံးချပြီး အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်အဖွဲ့က မလေးရှားနိုင်ငံသား လူငယ် တွေကို စည်းရုံးလူစုနေတယ်လို့ မလေးရှားအစိုးရ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ အကြီးအကဲတဦးဖြစ်သူ အယွတ်ခန် မိုင်ဒင်ပီချေးက ပြောကြားလိုက်ပါတယ်။

မလက္ကာပြည်နယ်မှာ ကျင်းပခဲ့တဲ့ ISIS အန္တရာယ်အရေး လူငယ်တွေ သိနားလည်ရေး ဆွေးနွေးပွဲအပြီးမှာ သူက မြန်မာနိုင်ငံဟာ ဆီးရီးယားတို့ ဖိလစ်ပိုင်တောင်ပိုင်းတို့နဲ့စာရင် မလေးရှားနဲ့ ပိုမိုနီးကပ်တာကြောင့် အိုင်အက်စ်အဖွဲ့က အကြမ်းဖက် ဂျီဟတ်စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို ပစ်မှတ်ထားနေတယ်လို့ ပြောသွားပါတယ်။

Read more