မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီခေါင်းဆောင်များ ဆွေးနွေးပွဲပြုလုပ်

 

မြိုင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဥက္ကဌ ဦး​အောင်​နိုင်​၊အတွင်း​ရေးမှူး ဦးထိန်​လင်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များသည်​ ၂၀၁၇ခုနှစ်​စက်​တင်​ဘာလ (၁၉ )ရက်​​နေတွင်​ ပါတီစည်းရုံး​ရေးနယ်​​မြေ (၃) စုရပ်​ဇုံ (၅)​တောင်​တိုင်​​ကျေးရပ်​​ကျေးစည်းမှူး ဦးဖိုးထွန်း​နေအိမ်​တွင် ​​ရပ်​​ကျေးပါတီ​ခေါင်း​ဆောင်​များနှင့်တွေ့ဆုံ၍ (၂၀၂၀ )​အောင်​နိုင်​​ရေး​​ဆွေး​နွေးအ​ဖြေရှာခြင်း ၊ ​ကော်​မတီများကျစ်​လစ်​ ခိုင်​မာ​စေ​ရေး​ဆွေး​နွေးခြင်းအား​နေ့လည်​ ၂နာရီမှ ၄နာရီအထိဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

Read more

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့် စေတီတော် လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီတော် ဆုတောင်းပြည့်ဘုရားဝန်းတွင် အမှိုက်များ၊ မြက်များကို စက်တင်ဘာ၁၉ နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုး ၊ ဒေါ်အေး၊ နောင်ကိုင်တော်ရပ်ကွက် စည်းရုံးရေးမှူး ဦးသာအောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီရေးရာအဖွဲ့များ၊ ဒေါ်ခင်ပို၊ ဒေါ်လတ်တို့ ဦးစီးပြီး နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီ ဆုတောင်းပြည့်ဘုရား ပန်းအိုးထိုးခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းခြင်း ၊ မြက်များကို စက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။

Read more

ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ အလှူ လုပ်အားဒါနပြုလုပ်

 

ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ မြဉ္ဇူလေးဆူရှင်းမြတ်စွာဘုရား ဗြဟ္မဝိဟာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး သက်တော်၈၈နှင့် သိက္ခာတော်(၆၆)ဝါ၏ အန္တိမဈာပနသို့ ပြင်ဦးလွင်မြို့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်(၁)သိန်းလှူဒါန်းပြီး ဆီထမင်းနှင့်​အကြော်အလှူဒါနပြု သန့်ရှင်းရေးလုပ်​အားဒါနပြုလုပ်ပြီးကုသိုလ်ယူခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

စလင်းမြို့နယ်​ပြည်ခိုင်ဖြိုးပါတီမှ လူငယ်​​တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​​တွေ့ဆုံပွဲအခမ်းအနားကို ယ​နေ့ နံက်​(၁၀း၀၀) နာရီတွင်​ စလင်းမြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​ခဲ့ရာ
အခမ်းအနားသို့ တိုင်းပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊တိုင်း​လူငယ်​​ရေရာတာဝန်​ခံ၊ တိုင်း​ကော်​မတီဝင်​ ဦး​ကျော်​သူဦးဦး​အောင်​နိုင်​၊ မင်းဘူးခရိုင်​​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​အတွင်း  မြို့နယ်​များမှ လူငယ်​တာဝန်​ခံများ၊ပွင့်​ဖြူ စလင်းမြို့နယ်​တို့မှ ပါတီဥက္ကဌများနှင့်ကော်မတီဝင်​များ၊ လူငယ်​အဖွဲ့ဝင်​များ တက်​​ရောက်​​ဆောင်​ရွက်​လျက်​ရှိကြောင်း သိရသည်။

Read more

လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ(၆း၀၀)နာရီအချိန်တွင်လမ်းမတော်မြို့နယ် အမှတ်(၁၁)ရပ်ကွက်(လမ်းသစ်ရိပ်သာအိမ်ရာ)အတွင်းရှိ ဓမ္မာရုံ၌ လမ်းမတော်မြို့နယ်အမျိုးသမီးဝတ်အဖွဲ့နှင့်အတူ ပြည်ခိုင်ဖြိုးပါတီများအား အလှူ ရှင်ဦးမင်းမင်းထွန်းမြတ်တို့မှ အဟာရဒါနအဖြစ်ရေသန့် နှင့်မုန့်မျိုးစုံ လှူ ဒါန်းခြင်းပြီး ဓမ္မစကြာပါဌ်နိသယနှင့် အနတ္တလက္ခဏသုတ်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)


Read more

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း

 

ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နေလည် ၃း၀၀နာရီအချိန်က မိခင်နှင့်ကလေးအဖွဲ့ဝင် သစ်များအားဝတ်စုံပေးအပ်ခြင်းနှင့် ပုဇွန်တောင်    မြို့နယ် မိခင်နှင့်ကလေး ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။

အေးအေးဝင်း (ပုဇွန်တောင်)


Read more

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအား ကြိုဆိုကြောင်း ကြံ့ခိုင်ရေးပါတီပြော

 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကြိုဆိုတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

နေပြည်တော်မှာ နိုင်ငံတကာသံတမန်တွေဖိတ်ကြားပြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ ဒေသငြိမ်းချမ်းရေးနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို နိုင်ငံတကာက နားလည်အောင်အဓိက ရည်ရွယ်ပြီး ပြောဆိုသွား တယ်လို့ နားလည်ကြောင်း သူက ပြောပါတယ်။

Read more

အိပ်ဆေးမသောက်နဲ့ ငှက်ပျောသီးစားပါ

ညဉ့်နက်ချိန်ထိအောင် အိပ်မပျော်နိုင်ဖြစ်ခဲ့တဲ့ညတွေများနေပါသလား။ တော်တော်နဲ့အိပ်မပျော်လို့ အိပ်ဆေးကို လက်စွဲတော်အဖြစ် အားကိုးနေရတာမျိုးက ကျန်းမာရေးအတွက် မကောင်းပါဘူး။ အိပ်ဆေးစွဲနေတာကိုလည်း ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။

အိပ်မပျော်သူတွေအတွက် အိပ်ဆေးနေရာမှာ အစားထိုးဖို့ရာ အကောင်းဆုံးကတော့ ငှက်ပျောသီး (Banana)ပါပဲ။ ငှက်ပျောသီးစားခြင်းဟာ အိပ်စက်ခြင်းကို အထောက်အကူပြုစေနိုင် ကြောင်း ကျန်းမာရေးပညာရှင်တွေအားလုံးက ထောက်ခံထားကြပါတယ်။

Read more

ဂေါ်ဖီထုပ် ဟင်းချိုနဲ့ ဝိတ်ချကြည့်မလား

ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းနေသူတွေအတွက် အကုန်အကျလည်း သက်သာပြီး ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ဝိတ်လျှော့ချင်တယ်ဆိုရင်တော့ ဂေါ်ဖီထုပ်ဟင်းချိုက ကူညီနိုင်ပါလိမ့်မယ်။

အဲဒီနည်းနဲ့ ဝိတ်ချမယ် ဆိုရင် ဂေါ်ဖီထုပ်ဟင်းချိုတစ်မျိုးတည်းကို အဓိကစားရမှာဖြစ်ပြီး စားသောက်နည်းကတော့ ဂေါ်ဖီထုပ် ဟင်းချိုတစ်ပန်းကန်နဲ့အတူ ငှက်ပျောသီးကလွဲလို့ တခြားသီးနှံတွေ အကုန်ဖြည့်စွက်စားနိုင်ပါတယ်။ နောက်ရက်မှာတော့ ဂေါ်ဖီထုပ် ဟင်းချို မပါတော့ဘဲ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေ ဖြည့်စွက်စားနိုင်ပြီး ပဲအမျိုးမျိုး၊ အာလူးစတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုတော့ ရှောင်ရမှာပါ။

Read more

Samsung Galaxy Note 8 ကို ကြိုမှာသူတွေအတွက် technoland က အထူးအစီအစဉ်ပြုလုပ်

Samsung Galaxy Note 8 ကို စက်တင်ဘာလ ၁၈ ရက်က၂၇ ရက်အတွင်း ကြိုတင်မှာယူသူတွေအတွက် Technoland ကနေ အထူးအစီအစဉ် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ သတ်မှတ်ရက်အတွင်း ကြိုတင်မှာ ယူသူတွေအတွက် ငွေကျပ် ၁ သိန်းကျော်တန်ဖိုးရှိ လက်ဆောင်တွေအပြင် Telenor အသုံးပြုသူတွေအတွက် အင်တာနက် 30GB ၆လစီ နဲ့ လစဉ် ၁ သောင်းကျပ် ငွေဖြည့်ပြီး အခမဲ့အင်တာနက် လစဉ် 5GB ၆ လ ပေးအပ်သွားမယ်လို့ သိရပါတယ်။

Read more