ကျော်ကိုကိုနှင့် အောင်သူကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမည်ဟု ထိုင်းကလပ် ဆာမက်ဆခွန် ထုတ်ပြန်

ထိုင်းလိဂ်-၃ကလပ်အသင်းတစ်သင်းဖြစ်သော ဆာမက်ဆခွန်အသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးများ ဖြစ်သော ကျော်ကိုကိုနှင့်အောင်သူတို့ကို   ခေါ်ယူနိုင်ရန်ကြိုးပမ်းမည်ဟု အသင်းဝက်ဘ်ဆိုက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ဆာမက်ဆခွန်အသင်းမှာ အသင်းသက်တမ်းရှစ်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် လိဂ်-၂သို့ တန်းတက်နိုင်ခဲ့ ပြီးနောက် အသင်းကို ကြီးမားသောပြင်ဆင်မှုများပြုလုပ်နေသည်။

Read more

မြောက်ကိုရီးယားနှင့် နျူကလီးယားစစ်ပွဲဆင်နွှဲရမည်ကို ကမ္ဘာကြီးကကြောက်ရွံ့နေကြောင်း ကုလသမဂ္ဂ အကြီးအကဲပြော

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၀

နျူကလီးယားစစ်ပွဲနှင့် ပက်သက်၍ ကမ္ဘာတစ်ဝန်းမှ ထိတ်လန့်ကြောက်ရွံ့မှုများသည် ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြောက်ကိုရီးယားအရေးအတွက် ဆွေးနွေးရန်ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

Read more

လိုအပ်လာပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်ဟု ထရမ့်ပြောကြား

မဖြစ်မနေ လိုအပ်လာသည့် အခြေအနေ တစ်ရပ်တွင် အမေရိကန်သည် မြောက်ကိုရီးယားကို ဖျက်ဆီး ပစ်လိုက်နိုင်စွမ်း ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အမေရိကန် သမ္မတအနေဖြင့် ပထမဆုံးအကြိမ် ပြောကြားသော မိန့်ခွန်းအတွင်း မြောက်ကိုရီးယားအပေါ် ၎င်း၏ သဘောထားကို ထရမ့်က ပွင့်ပွင့်လင်းလင်း ထည့်သွင်း ဖော်ပြသွားခဲ့သည်။

Read more

မက္ကဆီကိုတွင် ငလျင်ကြီးလှုပ်ကာ လူပေါင်း ၁၄၀ နီးပါး သေဆုံး

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၂၀

မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်က အင်အား ၇ ဒဿမ ၁ အဆင့်ရှိ ငလျင်ကြီးလှုပ်ရာ သေဆုံးသူပေါင်း ၁၄၀ နီးပါးရှိသည်။ ၁၉၈၅ ခုနှစ်က အင်အားပြင်းငလျင်ကြီး လှုပ်ခဲ့သည့် နှစ်ပတ်လည်အချိန်တွင် ငလျင်ကာကွယ်ရေး ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိစဉ် လှုပ်သွားသည့် ယခုငလျင်တွင် မြို့တော် မက္ကဆီကိုစီးတီးရှိ အဆောက်အအုံ များစွာ ပြိုလဲပျက်စီးသည်။

Read more

တရုတ်နှင့် ရုရှား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗိုစတော့ခ်ကို တရုတ်ရေတပ်သင်္ဘောစု ရောက်လာအပြီး စက်တင်ဘာ ၁၈ ရက်နေ့ က စတင်လေ့ကျင့်နေတာပါ။ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်နဲ့ အက်ခ်ဟော့စ်ခ်ပင်လယ်တွေမှာ လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

တရုတ်နဲ့ ရုရှား ၂ နိုင်ငံရေတပ်တွေ ပူးတွဲပြီး ဒုတိယအဆင့် စစ်ရေးလေ့ကျင့်နေပါတယ်

Read more

တနင်္သာရီတိုင်းရှိ ကျောက်မီးသွေးသတ္တုစီမံကိန်းကို ထိုင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ပူးပေါင်း စစ်ဆေးမည်

ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တိုင်ကြားခံရသည့် တနင်္သာရီတိုင်း ဘန်းချောင်းဒေသ ကျောက်မီးသွေးသတ္တုတွင်းစီမံ ကိန်းကို ထိုင်းနှင့် မြန်မာ လူ့အခွင့် အရေးကော်မရှင်နှစ်ရပ် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်။

ထိုင်းကုမ္ပဏီသုံးခုမှ အဓိကလုပ်ဆောင်နေသည့် ဘန်းချောင်း ဒေသကျောက်မီးသွေး သတ္တုတူးဖော်ရေး လုပ်ငန်း များကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် ထိ ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဌာနေတိုင်းရင်း သားများက ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ ၂၀၁၇ ဇွန်လ ၂၀ ရက်တွင် တိုင် ကြားခဲ့ရာ စက်တင်ဘာ ၁၁ရက် ၌ ကနဦးကြားနာစစ်ဆေးခဲ့သည်။

Read more

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ရှုတ်ချ

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးချိုး ဖောက်သူများအနေဖြင့် အပြစ်ပေးခံရမည် ဟု ပြောကြားခဲ့သည်။ သို့သော် ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည်ဆိုသော   ကုလသမဂ္ဂ၏ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန် တွင် ထည့်သွင်းပြောကြားခြင်းမရှိ ပေ။

Read more

ဥပဒေနှင့်အညီ နေထိုင်သည့် မွတ်စလင်ကျေးရွာများကို စောင့်ရှောက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီနေထိုင်သည့် မွတ်စလင် ကျေးရွာများစွာ ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

Read more

မွန်တိုင်းရင်းသားဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် အချက်အလက်နှင့် နည်းပညာ ကူညီရန် အထောက်အကူပြု ရုံးခန်းဖွင့်မည်

မွန်လူမျိုး၊ မွန်ပြည်နယ်အရေးနှင့်သက်ဆိုင်သည့် မူဝါဒမူကြမ်းများရေးဆွဲရာတွင် လိုအပ်သောအချက်အလက်နှင့် နည်းပညာများကူညီနိုင်ရန် ရည်ရွယ်၍ အထောက်အကူပြုရုံးခန်းဖွင့်လှစ် တည်ထောင်မည်ဖြစ်ကြောင်း မွန် အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးမင်းဇေယျာဦးက ပြောသည်။

Read more

ဗြိတိသျှသံရုံးမှ နိုင်ငံရေးအရာရှိ ရှမ်း/မြောက် ပြည်ခိုင်ဖြိုးပါတီနှင့် လာရောက်တွေ့ဆုံ

 

ဗြိတိသျှသံရုံးအရာရှိ Miss Lol Ram Muani သည် ရှမ်း/မြောက်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်နယ်ရုံး ဧည့်ခန်း၌ (၂၀-၉-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၀၀)နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းပါသည်။

ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ –

– ၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံး အောင်နိုင်ခဲ့မှုအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သနည်း။

Read more