အမေရိကန်က မြောက်ကိုရီးယားကို ထပ်အရေးယူ

မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ် ပိတ်ဆို့ အရေးယူမှု အသစ်တွေချမှတ် လိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ စီးပွားရေးအရ ဆက်သွယ်တဲ့ လုပ်ငန်းတွေ ငွေကြေး အဖွဲ့အစည်းတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပစ်မှတ်ထား အရေးယူဖို့ လုပ်ပိုင်ခွင့်အပ်နှင်း လိုက်ပါတယ်။ အခုအခါ တရုတ် ဗဟိုဘဏ်က အခြား တရုတ် ဘဏ်တွေအနေနဲ့ မြောက်ကိုရီးယား အစိုးရနဲ့ စီးပွားရေး မလုပ်ဖို့ ညွှန်ကြားထားပြီ လို့လည်း သမ္မတထရမ့်က ထည့်သွင်း ပြောကြားသွားပါတယ်။

Read more

ရှောက်ရွက်ရဲ့ အသုံးဝင်ပုံ

ရှောက်ရွက်နုလေးတွေ ဈေးထဲမြင်ရင် တို့စရာ အဖြစ် စားချင်စိတ်ကို ထိန်းမရအောင်ပါပဲ။ ရှောက်ရွက်ဟာ အနံ့ သင်းလှပါတယ်။ အရသာမှာ အနည်းငယ်ခါးပြီး ပူရှိန်းရှိန်း ဖြစ်ပါတယ်။ ရှောက်ရွက်ဟာ ဒီလို မိုးတွင်း ကာလတွေမှာတော့ ပိုပြီး လတ်ဆတ်ပါတယ်။

Read more

ဒူးနာသက်သာအောင် နာနတ်သီးစားပါ

နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိ ပါတယ်။

ဒါ့အပြင် ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေမှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင် တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။

Read more

Octa-core CPU နဲ့ ၅.၂ လက်မ display ပါဝင်တဲ့ Meizu M6

ကြေညာထားတဲ့အတိုင်းပင် Meizu M6 ကို စက်တင်ဘာ ၂၀ ရက်မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ ၅.၂ လက်မ HD display ပါဝင်ပြီး Mediatek MT6750 SoC နဲ့ octa-core 1.5GHz processor ကို အသုံးပြုထားပါတယ်။ RAM ကို 2GB နဲ့ 3GB option များနဲ့ရရှိနိုင်ပြီး storage ကိုလည်း 16GB နဲ့ 32GB ဆိုပြီး ရရှိနိုင်ပါတယ်။

Read more

MPT ၏ အရောင်းဈေးကွက်ကို အသုံးပြု၍ Mobile Money ဝန်ဆောင်မှုပေးမည်ဟုဆို

MPT က Mobile Money ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတဲ့နေရာမှာ လက်ရှိရရှိထားတဲ့ အရောင်းဈေးကွက်ကို အသုံးပြုသွားမယ်လို့ သတင်းရရှိပါတယ်။ “ကျွန်တော်တို့ အနေနဲ့ MPT Mobile Money ကို မကြာမီမှာ စတင်ပြီး ဝန်ဆောင်မှုပေးသွားတော့မှာ ဖြစ်ပါတယ်။

Read more

အင်္ဂလန်လိဂ်ရှုံးထွက် ဖလားစတုတ္ထအဆင့်ပွဲစဉ်များတွင် ချယ်လ်ဆီးနှင့် စပါးတို့ ပွဲကျပ်နေ

 

စက်တင်ဘာ ၂၁၊ အင်္ဂလန်

ကာရာဘာအိုအားဖြည့်အချိုရည်က စပွန်ဆာပေးထားတဲ့ အင်္ဂလန်လိဂ်ရှုံးထွက်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီစတုတ္ထအဆင့် ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ ပွဲကျပ်နေကြပြီး ကျန်အသင်းကြီးတွေကတော့ ပွဲချောင်လျက်ရှိနေပါတယ်။

စပါးအသင်းက ၀က်စ်ဟမ်းအသင်းနဲ့တွေ့ဆုံနေပြီး ချယ်လ်ဆီးကတော့ အဲဗာတန်နဲ့တွေ့ဆုံနေတာဖြစ်ပါတယ်။ သူတို့နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပေမယ့် အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်လို့ အသာရမှုတော့ ရှိနေပါတယ်။

Read more

ကာရာဘိုအိုပြိုင်ပွဲ မကစားရရင် အင်္ဂလိပ်ကလပ်တွေ ဥရောပပြိုင်ပွဲမှာ အကျိုးရှိနိုင်တယ်လို့ မော်ရင်ဟိုပြော

အင်္ဂလိပ်ကလပ်တွေအနေနဲ့ ကာရာဘာအိုဖလားပြိုင်ပွဲမကစားရဘူးဆိုရင် ဥရောပပြိုင်ပွဲမှာ အကျိုးရှိနိုင် တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

မန်ယူနည်းပြဟာ ပွဲထွက်လူစာရင်းကို ကိုးဦးထိအပြောင်းအလဲလုပ်ခဲ့ပေမယ့် လက်ရှိချန်ပီယံအသင်းအနေနဲ့ အင်အားတောင့် တင်းနေဆဲဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဘာတန်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

မော်ရင်ဟိုက “ဒီပြိုင်ပွဲမရှိရင် အင်္ဂလိပ်ဘောလုံးအသင်းတွေအကျိုးရှိမလားလို့ မေးလာခဲ့ရင် အကျိုးရှိနိုင် တယ်လို့ ပြန်ဖြေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဥရောပပြိုင်ပွဲတွေအတွက် အားပြည့်လန်းဆန်းနေနိုင် ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Read more

နေမာနှင့်မပြေလည်သည့် ကာဗာနီကို ချယ်လ်ဆီး၊ နာပိုလီနှင့် အဲဗာတန်တို့ ခေါ်ယူလိုနေ

နေမာနှင့်ပြဿနာဖြစ်ပွားခဲ့ပြီး ပီအက်စ်ဂျီအသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်လာသည့် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို ၎င်း၏ အသင်းဟောင်း နာပိုလီအပါအ၀င် ချယ်လ်ဆီးနှင့် အဲဗာတန်တို့က ခေါ်ယူရန် အလိုရှိ နေကြသည်။

လိုင်ယွန်နှင့်ပွဲတွင် ကာဗာနီသည် နေမာနှင့် ပင်နယ်တီကန်ရန် အငြင်းပွားခဲ့ရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကာဗာနီဘက်က နေမာနှင့် မည်သည့်ပြဿနာမှ မရှိကြောင်း ပြောဆိုထားသော်လည်း   နေမာ ဘက်က ကာဗာနီနှင့်အတူ တွဲဖက်ကစားရန် အဆင်မပြေတော့ကြောင်း ပီအက်စ်ဂျီအသင်း ပိုင်ရှင်ထံ အကြောင်းကြားခဲ့ သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

Read more

ပြိုင်ဘက်မှာ ၀ိတ်မတူသော်လည်း မြန်မာ့ ဂုဏ်ဆောင်သူ တစ်ဦးဖြစ်ရန် ကြိုးစားမည်ဟု အောင်လအန်ဆန်ပြော

ရန်ကုန် စက်တင်ဘာ ၂၀

ရန်ကုန်မြို့၌ အောက်တိုဘာ ၃ ရက်တွင် ကျင်းပမည့် MMA ပြိုင်ပွဲတွင် မစ်ဒယ် ၀ိတ်တန်းချန်ပီယံ ကချင်တိုင်း ရင်းသား အောင်လအန်ဆန်အနေဖြင့် မိမိထက်ဝိတ် ကြီးသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မြန်မာ့ ဂုဏ်ဆောင်သူ တစ်ဦးဖြစ်ရန် ကြိုးစား မည်ဖြစ်ကြောင်း အောင်လအန်ဆန်က ၎င်းင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားထားသည်။

Read more

အီရန်ခေါင်းဆောင်က နျူကလီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်အား အချိန်ဖြုန်းနေကြောင်း ပြော

တီဟီရန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခေါင်းဆောင်က ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံသည် “ အချိန်ဖြုန်းနေ”ကြောင်း ပြောကြားလိုက်သည်ဟု ဒေသတွင်း မီဒီယာက စက်တင်ဘာ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကုလသမဂ္ဂတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ အား တွေ့ ရစဉ်

Read more