နတ်တလင်း ပြည်ခိုင်ဖြိုးပါတီ သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များနှင့် မျိုးဆက်သစ်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၇၅ ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီက နတ်တလင်းမြို့နယ် သာစည်ရပ်ကွက် အိုးမြေတွင်း ခေမာသီဝံ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေသားချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ ကျောင်းတိုက်များ အတွင်းအပြင် တံမြက်စည်းလှည်းခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသော        လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

Read more

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင်မကွေးတိုင်းဒေသကြီးပါ တီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေးရာတာဝန်ခံ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်သီမာလှိုင်၊ အတွင်း ရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ ငါးမြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ နှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

Read more

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းအား ယမန်နေ့ နံနက် ၈နာရီခွဲက ဆက်လက် ပို့ချလျက်ရှိရာ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ‘စွမ်းရည်ပြည့်ဝပြီး အင်အားတောင့် တင်းသောပါတီဖြစ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီအောင်နိုင်ရေး’ သင်ခန်းစာကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ‘၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ရေးဥပဒေ’ကိုလည်းကောင်း နှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သမိုင်းနှင့် ပါတီသမိုင်း’ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။

Read more

ရွန်နီ၏ ဒဏ်ငွေအား ဒေသတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်ရန် အဲဗာတန်လှူဒါန်း

အဲဗာတန်အသင်းသည် ရွန်နီအား ပြစ်ဒဏ်ချမှတ်ထားသည့် ဒဏ်ငွေ ပေါင် ၃ သိန်းအား ဒေသတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် လှူဒါန်းခဲ့သည်။

အရက်မူးပြီးကားမောင်းခဲ့သည့်အတွက် ရွန်နီအား Stockport Magistrates တရားရုံးမှ ကားမောင်းခွင့်လိုင်စင် ၂ နှစ်ပိတ်ပင်ခဲ့ပြီး လူမူရေးလုပ်ငန်းများ၌ နာရီ ၁၀၀ လုပ်အားပေးရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

Read more

စံချိန်ချိုးမယ့် စပွန်ဆာစာချုပ်အတွက် ရီးယဲလ်မက်ဒရစ်နှင့် အမ်းမရိတ်စ်လေကြောင်းလိုင်းတို့ သဘောတူညီမှုရ

ရီးယဲလ်မက်ဒရစ်အသင်းနှင့် Fly Emirates လေကြောင်းလိုင်းတို့ဟာ ၎င်းတို့ရဲ့ အင်္ကျီစပွန်ဆာအဖြစ် လာမယ့် ၅ နှစ်အတွက် တစ်နှစ်လျှင် ယူရို သန်း ၇၀ တန်ဖိုးရှိ သဘောတူညီမှုသစ် တစ်ရပ်ကို သက်တမ်းတိုးခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

စုစုပေါင်း ယူရို ၂၈၀ သန်းတန် အဆိုပါသဘောတူညီမှု စာချုပ်သစ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကျိုးအမြတ်အများဆုံး အင်္ကျီစပွန်ဆာဖြစ်လာပါလိမ့်မယ်။

Read more

လူငယ်တွေခေါ်ယူမှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့မန်စီးတီးကို ဖီဖာစစ်ဆေးနေ

လူငယ်ကစားသမားတွေကိုခေါ်ယူမှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့မန်စီးတီးအသင်းတွေကို ဖီဖာကစုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ချဲလ်ဆီးအတွက်တော့ဒါဟာ တတိယအကြိမ်မြောက်စစ်ဆေးခံရခြင်းဖြစ်ပြီး ၂၀၀၉ တုန်းကဆိုရင် လူငယ်ုတွေ ခေါ်ယူခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

မန်စီးတီးဆိုရင်လည်းပြီးခဲ့တဲ့မေလတုန်းက လူငယ်တွေခေါ်ယူရာမှာစည်းမျဉ်းချိုးဖောက်ခဲ့မှုနဲ့ ဒဏ်ငွေပေါင် ၃၀၀၀၀၀ ပေးဆောင်ခဲ့ရပြီး လူငယ်ခေါ်ယူခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ဒီပြစ်ဒဏ်ကိုအယူခံဝင်ခဲ့လို့ကျခံခဲ့ရခြင်းတော့မရှိပါဘူး။ဖီဖာဟာအသက် ၁၈နှစ်အောက်လူငယ်တွေခေါ်ယူရာမှာ အနိုင်ကျင့်သလိုဖြစ်မှာနဲ့ လူကုန်ကူးမှုလိုဖြစ်မှာ စိုးရိမ်လို့ စည်းမျဉ်း တွေကို တင်းကြပ်ထားပါတယ်။

Read more

ရန်စမှုများ ရှိလာလျှင် အမေရိကန် ထောက်ခံသည့် ဆီးရီးယား သူပုန်များကို တိုက်ခိုက်မည်ဟု ရုရှားသတိပေး

လှုံ့ဆော် ရန်စလာသည်ဟု ယူဆပါက အမေရိကန် ထောက်ပံ့ပေးနေသည့် ဆီးရီးယား သူပုန်တပ်များကိုပါ တိုက်ခိုက်မည်ဟု ရုရှားက သတိပေး ပြောကြားလိုက်သည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက သမ္မတ ဘာရှာ အယ်လ်အာဆတ်ဘက်မှ ရပ်တည်ပြီး အမေရိကန်ကမူ အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် သူပုန်အင်အားစုများကို ထောက်ပံ့ ကူညီလျက် ရှိသည်။ ထိုအင်အားစု နှစ်ခုစလုံးသည် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်သည့် အခါတွင်မူ မူအားဖြင့် အချင်းချင်း ရန်မပြုကြချေ။

Read more

မြောက်ကိုရီးယားအရေးကို ဆွေးနွေးညှိုနှိုင်းမှုဖြင့်သာ အဖြေရှာရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၂ 

မြောက်ကိုရီးယားအရေးကိစ္စကို ဖြေရှင်းရာတွင် ဆွေးနွေးညှိုနှိုင်းသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်   ဖြစ်ကြောင်းနှင့်   ပြုံယမ်းအစိုးရအနေဖြင့်လည်း နျူကလီးယားလက်နက်ကို လက်ကိုင်မပြုထားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက ကြာသာပတေးနေ့တွင် သတိပေးပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိပါသေးတယ်။ ကျနော်တို့လက်မလျှော့သင့်ပါဘူး။ ဆွေးနွေးညှိုနှိုင်းမယ့် နည်းလမ်းတစ်ခုတည်းကသာ ဒီကိစ္စကိုဖြေရှင်းနိုင်မှာဖြစ်ပြီး ကျနော်တို့ကြိုးစားကြည့်သင့်ပါတယ်” ဟု ၀မ်ရီက ကုလသမဂ္ဂအထွေထွေ အစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။

Read more

ဒူတာတေးအား ဆန့်ကျင်သူနှင့် ထောက်ခံသူများ လမ်းများပေါ် တန်ပြန်ဆန္ဒပြ

မနီလာ၊ စက်တင်ဘာ ၂၂

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အသေအကြေများပြားသော မူးယစ်ဆေးဝါး စစ်ပွဲနှင့် မာရှယ်လော ပြဌာန်းမည် ခြိမ်းခြောက်မှုများအပေါ် နိုင်ငံအနှံ့   ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားပြီး ဆန့်ကျင်ကန့်ကွက်သူများနှင့် ထောက်ခံသူများ ထောင်ပေါင်းများစွာက စက်တင်ဘာ ၂၁ ရက်တွင် လမ်းများပေါ် တန်ပြန်ဆန္ဒပြကြသည်။

Read more