မြောက်ကိုရီးယားအရေးကို သံတမန်နည်းအရ ဖြေရှင်းရမည့်အချိန်မဟုတ်တော့ဟု ဂျပန်ဝန်ကြီးချုပ်ပြော

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၁ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားအရေးကို ဆွေးနွေးညှိုနှိုင်းနည်းအရ ဖြေရှင်းရတော့မည့် အချိန်မဟုတ်တော့ကြောင်းနှင့် အရေးယူဖို့ ရွေးချယ်စရာနည်းလမ်းအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့သော အာဘေးက လွန်ခဲ့သောရက်သတ္တပတ်များ အတွင်း ၄င်းတို့၏ပိုက်နက်ပေါ်မှ ဖြတ်သန်း၍ ဒုံးပျံများပစ်လွှတ်ကာ ရန်စခဲ့သော မြောက်ကိုရီးယားတို့အား အရေးယူဖို့ အချိန်အများကြီး မကျန်တော့ကြောင်း ပြောခဲ့သည်။

Read more

ထရမ့်၏ ကုလသမဂ္ဂ မိန့်ခွန်းသည် ခွေးဟောင်နေသည်နှင့်တူကြောင်း မြောက်ကိုရီးယားတုံ့ပြန်

ကုလသမဂ္ဂတွင် ဒေါ်နယ်လ်ထရမ့် ပြောကြားသွားသည့် မိန့်ခွန်းမှာ ခွေးဟောင်နေသကဲ့သို့ ခံစားရကြောင်း မြောက်ကိုရီးယားက တုံ့ပြန်ခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်သည် ၎င်း၏ ပထမဆုံး ကုလသမဂ္ဂ မိန့်ခွန်းတွင် ပြင်းထန်သော ဝေါဟာရများ အသုံးပြုခဲ့သဖြင့် နိုင်ငံတကာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထရမ့်သည် မိန့်ခွန်းအတွင်းတွင် မြောက်ကိုရီးယား နှင့် ပတ်သက်၍ ရန်လို ကြမ်းတမ်းသော သဘောထားများ ထည့်သွင်း ပြောဆိုသွားရာ ယခုအခါ မြောက်ကိုရီးယား က ထရမ့်၏ မိန့်ခွန်းအပေါ် တန်ပြန် ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

Read more

ထရန့်၏ မိန့်ခွန်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ တုံ့ပြန်

နယူးယောက် စက်တင်ဘာ ၂ဝ

နယူးယောက်မြို့တွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ထရန့်ပြောကြားခဲ့သည့် မိန့်ခွန်းကို အီရန်နှင့်ဗင်နီဇွဲလားနိုင်ငံတို့က တုံ့ပြန်ပြောဆို ခဲ့ကြကြောင်း သိရသည်။

ထရန့်က အီရန်သည် ၄င်း၏နျူကလီးယား အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက် အဖွဲ့အစည်းများကို ကူညီအားပေးလျက် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေ ကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

Read more

ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူသည့် သမ္မတဦးထင်ကျော် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဘန်ကောက်၌ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတသည် ဆေးကုသမှု ခံယူအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြထားသည့် သမ္မတရုံးသတင်း ထုတ်ပြန်ချက် အောက်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက သမ္မတကြီးဦးထင်ကျော် ကျန်းမာစေရန် ဆုတောင်းပေး သူများ ရှိသကဲ့သို့ သမ္မတကြီး ပိန်သွားသည်ဟု ယူဆ၍ မှတ်ချက်ပြုထားသူများလည်းရှိသည်။

Read more

ဗြိတိန်မှ သင်တန်းဆိုင်းငံ့ခံရသော တပ်မတော်အရာရှိ ငါးဦးကို အမြန်ဆုံးပြန်လည်ခေါ်ယူမည်

ဗြိတိန်နိုင်ငံ၌ သင်တန်းပေးမှု ဆိုင်းငံ့ခံရသော တပ်မတော်အရာရှိငါးဦးကို မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက စက်တင် ဘာ ၂၀ ရက်တွင် သတင်းထုတ် ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ် သက်၍ ဗြိတိန်ပါလီမန်အမတ် များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့တပ် မတော် သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်း ဆိုမှုအရ အဆိုပါသင်တန်းသား အရာရှိများကို မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Read more

သမ္မတညွှန်ကြားချက်နှင့် ကော်မရှင်အကြံပြုချက်များ ပေါင်းစပ်ဆောင်ရွက်မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြော

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီသည် နိုင်ငံတော်သမ္မတက တာဝန်ပေးထားသည့်အချက်များနှင့် အကြံပေးကော်မရှင်မှ အကြံပြုထားသည့် အချက်များကို ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

Read more

လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သောအင်အားဖြင့် ဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသည့် ဒေသများ လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သော အင်အားဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။  သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။

Read more

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစင်္ကြာတရားဒေသနာတော် ရွတ်ဆို ပူဇော်

 

၂၀.၉.၂၀၁၇ ရက်​နေ့ ည​နေ ၄း၀၀ နာရီအချိန်မှ ၅း၀၀ နာရီအချိန်ထိ သံတွဲ မြို့နယ်​ သာသနာ့ဗိမ္မာန်​​ပေါ်တွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်​.၊ ဘဏ္ဍာရေးမှူး ဦးရဲမြင့်​၊ အမျိုးသမီး​ရေးရာနှင့်​  လူငယ်​​ရေးရာ ပါတီဝင်​ ၂၅ ဦး တို့သည်​ ဓမ္မစင်္ကြာတရား​ဒေသနာ​တော်​ကို ကုသိုလ်​ပြု ရွတ်​ဆိုခဲ့ကြပါ သည်။


Read more

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ​​အဟာရဒါနကုသိုလ်​ပြုလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ (၁၃း၀၀)အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ကော်​မတီဝင်​များ၊ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ပါတီ​ကော်​မတီအဖွဲ့တို့သည်​ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ရှိ အမှတ်​(၁)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းသို့သွား​ရောက်​၍ ဆရာ/ဆရာမများနှင့်​ ​ပညာသင်​ကြား​နေကြ​သော​ကျောင်းသား/သူ(၄၀၀)​ကျော်​အား အဟာရဖြစ်​​စေရန်​အတွက်​ နွားနို့နှင်​​ပေါင်​မုန့်​များ​ဝေငှကုသိုလ်​ပြုခဲ့ကြပါသည်​။

Zaw Aung Htet


Read more

ပြည်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

 

ပြည်တောင်တန်းတောရကျောင်းဆန်လှူအသင်းကြီး၏ ( ၃၆ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော် (၃၆ )အိတ်ကို ပါဝင်လှူဒါန်းခဲ့ပြီး လုပ်အားဒါနများကိုပါ အခြားအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Moe San’


Read more