ရေဆက်တက်၍ ကလေးနှင့် ကလေးဝမြို့ရှိ လူဦးရေ တစ်သောင်းခန့် ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုးလျော့သွားသော်လည်း မြစ်ရေဆက်လက်တက်နေသော ကြောင့် ရေဘေးသင့် လူဦးရေတိုးနေကာ စုစုပေါင်း တစ်သောင်းခန့်သည် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးနှင့် ကလေးဝမြို့၌ ရေ ဘေးရင်ဆိုင်နေရပြီး ကလေးမြို့မှ လူဦးရေ ၉,၄၀၀ ကျော်၊ ကလေးဝမြို့မှ လူဦးရေ လေးရာကျော်သည် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစ၀ီလီဖရန့်က ပြောသည်။ တစ်ရက်အတွင်း ရေဘေးကြောင့် လူဦးရေ ငါးထောင်ခန့် တိုးလာခြင်းဖြစ်သည်။

Read more

YBS ကတ်စနစ်အတွက် တင်ဒါပြိုင်ကုမ္ပဏီတွေ နည်းပညာပိုင်းတွေ ပြိုင်ဆိုင်ရမယ်

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ကျင့်သုံးမယ့် Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်အတွက် တင်ဒါပြိုင်ကုမ္ပဏီတွေက နည်းပညာပိုင်းဆိုင်ရာတွေကို ယှဉ်ပြိုင်ရမယ်လို့ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်၊ တိုင်းအစိုးရရုံးမှာ Yangon Payment Services (YPS) ငွေပေးချေကတ်စနစ်နဲ့ ပတ်သက်ပြီး တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်နော်ပန်းသဉ္ဇာမျိုးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Read more

Group Certificate in Logistics & Supply Chain Management သင်တန်း ဖွင့်လှစ်မည်

Logistics & Supply Chain Management အား စိတ်ဝင်စားသူများနှင့် နိုင်ငံတကာ ကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်တဲ့ Middle Management Level, Head of Department, Top Management Level များအတွက် ရည်ရွယ်၍ Group Certificate in Logistics & Supply Chain Management သင်တန်းကို WISE College မှ အောက်တိုဘာလ ၁၄ရက်တွင် စတင်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Read more

တရုတ်တွင် ၅၈ စက္ကန့်အတွင်း Mi Mix 2 များ ရောင်းကုန်သွား “

Xiaomi က တရုတ်တွင် စက်တင်ဘာလ 15 ရက်နေ့မှာ Mi Mix 2 ရဲ့ ပထမအသုတ်ကို ရောင်းချပေးလိုက်ပါတယ်။ Xiaomi ကရောင်းချရတဲ့ စမတ်ဖုန်းအလုံးရေကို ကြေညာခြင်းမရှိပေမယ့် 58 စက္ကန့်အတွင်းမှာ စမတ်ဖုန်းအားလုံးရောင်း ကုန်သွားတယ်လို့ ပြောပါတယ်။

Read more

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်

 

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး   ပါတီရုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးရားဝမ်ဂျုံ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးမောင်မောင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ကချင်ပြည်နယ်ဥက္ကဌ ဦးလာမေတားနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဗဟို အကြံပေး ဦးစိုးထွေးမောင်တို့ပါဝင်သော ပါတီအသီးသီးကိုယ်စားပြု အဖွဲ့ဝင်များတွေ့ဆုံ၍ ”ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ” ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

Read more

´မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူတက်ရောက်

 

(22.9.2017)ရက်နေ့ မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”ကို ရှမ်းရွာအုပ်စု သူဌေးကုန်းရွာ၌ပြု လုပ်ရာ ကန်ကြီးထောင့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူနှင့်မြို့ နယ်ပါတီကော်မတီဝင်များ၊ခရိုင်နှင့်မြို့ နယ်ကျေးလက်ဦးစီးရုံးမှ တာဝန်ရှိသူများ၊ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြပါ သည်။

USDP Ayeyarwady Region New


Read more

ရပ်/ကျေးကော်မတီ ပြန်လည်စီစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမျိုးမြင့်/မြို့နယ်ကော်မတီဝင် ဦးနေဝင်း၊ဦးဝင်းအောင်တို့ ဦးဆောင်၍ တကူပတီကျေးရွာ/ဖံဖကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီပြန်လည်စီစစ်ခြင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aye Zaw Than


Read more

နာနတ်သီး အခွံတွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း

 

နာနတ်သီးဆိုရင် အသားဝါ ဝါလေးတွေကိုသာ စားလေ့ရှိကြ ပေမယ့် အခွံတွေကိုတော့ အမှိုက် အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါတယ်။ နာနတ်သီးအခွံမှာလည်း  ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရ အောင် ဖော်ပြလိုက်ပါတယ်။

Read more

ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ်

ကမ္ဘာတဝှမ်းလုံးက လူသန်းပေါင်းများစွာဟာ မိမိကိုယ်ကိုယ် ဆေးလိပ်ဖြတ်ဖို့လိုပြီလို့ ပြောရင်း ဆေးလိပ်မဖြတ်နိုင် ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဆေးလိပ်လျှော့သောက်သင့်ပြီဆိုတဲ့ အတွေးနဲ့ပဲ ရပ်တန့်ပစ်လိုက်မိကြပါတယ်။ တကယ်တမ်းကျတော့ ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓာကိုယ်က တောင့်တမှုထက် စိတ်မှာအကျင့်ဖြစ်သွားလို့ ဆက်သောက်မိတာက ပိုများပါတယ်။

ဆေးလိပ်ဖြတ်ဖို့အတွက် ပရိုဂရမ်တွေ၊ အထောက်အကူပစ္စည်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်အရ ဆေးလိပ်ဖြတ်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ အတွက် နည်းနည်းပြေးလွှားပေးဖို့တော့ လိုအပ်ပါတယ်။

Read more

နမ္မတူမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းသွေးလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ / ​​နေ့လည်​(၄:၀၀)နာရီအချိန်​သ.တ.လ​ (၁)​ရပ်​ကွက်​နေ ​လူနာ​​ဦး​အောင်​လင်းဦးအတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူ ရှင်​အသင်းဝင် သ.တ.လ(၂)ေ​န သွေးလှူ ရှင်​​ ​ဦးထွန်းမင်းလှိုင်​မှ လိုအပ်​​သော​သွေး (O) ​သွေး အမျိုးအစားကို အချိန်​နှင့်​တ​ပြေးညီ လှူ ဒါန်း​ပေးခဲ့​ကြောင်းသိရှိရ​သည်။

Read more