စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအား ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာ အဟာရနှင့် ငွေလှူဒါန်း

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ရုံးအဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ စစ်တွေမြို့ ဘိုးဘွား ရိပ်သာ၌ တစ်နေ့တာ အဟာရဒါန သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဘိုးဘွားရိပ်သာ၌ အဘိုး (၇) ဦး၊ အဘွား (၂၉) ဦးအား နံနက်/ ညနေ ထမင်းနှင့် အဘိုးအဘွား (၁) ဦးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် (၃၆၀၀၀ိ/-) ကျပ်အား လှူဒါန်းခဲ့ကြသည်။

Read more

ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီမှ လူမူကူညီရေးအသင်း( ကျိုက်ထို) ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

လူမူကူညီရေးအသင်း( ကျိုက်ထို)၏ အရေးပေါ်လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ် ပေးအပ် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ကျိုက်ထိုမြို့နယ် လူမှုကူညီရေး အသင်းရုံးတွင်စက်တင်ဘာလ ၂၄ ရက် နံနက် ၀၉းဝဝ နာရီတွင်ကျင်းပရာ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဦးဌေးလွင်၊ မြို့ နယ်ပါတီ ဥက္ကဌ ဦးဇေယျာဦးတို့  တက်ရောက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား လူမှုကူညီရေး အသင်းနာယက ဦးဌေးလွင်မှပေးအပ်ပြီး မြို့နယ်‌ ပါတီဥက္ကဌ ဦးဇေယျာဦးမှ လက်ခံရယူခဲ့ပါသည်။

Read more

စဥ့်ကိုင်ကြီးကျေးရွားအတွင်းရှိ ကျောင်းသူ/ကျောင်းသားများအတွက် ဗလာစာအုပ်များ လှူဒါန်း

 

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထွန်းနိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များသည်​ ( ၂၄.၉.၂၀၁၇ ) ရက်နေ့တွင် စဉ့်​ကိုင်​ကြီး​ကျေးရွာအတွင်းရှိ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းသား /ကျောင်းသူ (၁၂၀) ဦးအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့ပါသည်​။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာ လှယ်အဖွဲ့နှင့် တလျန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၀၉း၀၀) နာရီချိန်တွင် တလျန်တရုတ်ကွန်မြူနစ် ပါတီ သင်တန်းကျောင်းခန်းမ၌ တွဲဖက်ပါမောက္ခ Mrs.Zhu Qianမှ ပါတီနှင့် အစိုးရသန့်ရှင်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြောင်းအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်ခဲ့ကြသည့် ကိုယ်စာလှယ်အဖွဲ့မှ သိရှိ လိုတာများအား သင်တန်းကျောင်း တွဲဖက်ပါမောက္ခမှ ပြန်ရှင်းဆွေးနွေးခဲ့ သည်။

Read more

ကျိုက်ထိုပြည်ခိုင်ဖြိုး သိမ်တပတ်ဆွမ်း လောင်းလှူပူဇော်

 

ကျိုက်ထို၊ စက်တင်ဘာ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်နှစ်တစ်ခါ ကျင်းပပြုလုပ်သော ဗုဒ္ဓဘာသာဝင်များအလေးအမြတ်းထားရာ ပွဲတော်တစ်ခုဖြစ်သော သိမ်တပတ်ဆွမ်းလောင်းပွဲတော်ကို စက်တင်ဘာလ ၂၃ ရက် နံနက်‌ ဝ၄းဝဝ နာရီအချိန်တွင်ကျင်းပရာ ကျိုက်ထို့မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း ၎င်းတို့ပါတီရုံး၌ ပါဝင်ကုသိုလ်ယူ လောင်းလှူခဲ့ကြသည်။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝနာရီက မြို့သစ်ကြီးကျေးရွာသို့ သွား       ရောက်၍ မိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

Read more

တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ(၁ဝ)ကြိမ်မြောက်ဆွမ်းလောင်းပွဲကျင်းပ

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ (၁ဝ)ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်ကို ယနေ့ နံနက် ၄နာရီမှစတင်ကာ မြို့နယ်ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။

ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ အဆိုပါဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၅ကျောင်းတို့မှ သံဃာတော် ၆၇၄ပါး ကြွရောက်တော်မူကြသည်။

Read more

သာကေတပြည်ခိုင်ဖြိုးပါတီလူငယ်ပရဟိတအဖွဲ့သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးဦးဇော်ဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ လူငယ်ပရဟိတ     အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၅ဝ ဖြင့် ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ခြင်များမပေါက်ဖွားစေရေးအတွက် မြက်ပင်ရှည်များကိုမြက်        ဖြတ်စက်များဖြင့် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read more

ချက်သမ္မတ နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖွယ်ရှိနေ

ရန်ကုန် ၊ စက်တင်ဘာ ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် ချက်သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိနေသည်ဟု ချက်သမ္မတနိုင်ငံထုတ် Prague Daily Monitor က ရေးသားထားသည်။

Read more

နေရပ်စွန့်ခွာ မောင်တောဒေသခံများနှင့် နယ်စပ်ခြံစည်းရိုးကာရန် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ် သိန်းနှစ်ထောင် လှူဒါန်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့(ယခင်မဘ သ) ဆရာတော်များသည် မောင်တောဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော ဒေသခံများအတွက်နှင့် နယ်စပ်ခြံစည်းရိုး ကာရန် အလှူငွေကျပ် သိန်း နှစ်ထောင်သွားရောက်လှူဒါန်းခဲ့သည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ်သိန်း ၂,၀၀၀ လှူဒါန်းနေစဉ် (ဓာတ်ပုံ − ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း-ဗဟို)

Read more