ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် လစ်ဗျားရှိ အိုင်အက်စ်များကို အမေရိကန် လေကြောင်းမှတိုက်ခိုက်

သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်က လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဖရိက မြောက်ပိုင်းရှိ စစ်သွေးကြွ ပစ်မှတ်များကို အမေရိကန်စစ်ဘက်က လက်တွေ့ပါဝင် တိုက်ခိုက်ခြင်းသည် ထရမ့် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

Read more

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစနစ်ကိုပြောင်းလဲကျင့်သုံး၍ အခက်အခဲများ တွေ့နေဟုဆို

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။ အဆိုပါရုံးတွင် တစ်ရက်လျှင် လူဦးရေနှစ်ထောင်ခန့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားနေပြီး လုံခြုံရေးအရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုယ်တိုင်ရုံး အတွင်း တန်းစီဝင်ရောက်သည့် စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က  စတင်ကျင့်သုံးခဲ့သည်။

Read more

တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်ရောင်းဝယ်ခွင့်နှင့် လူထုကို ကာကွယ်နိုင်သော ဥပဒေပြဋ္ဌာန်းပေးရန် ရှမ်းစာယဉ်ကော်မတီ တောင်းဆို

ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ခန္တီးမြို့နယ် နန်စီ ပွန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ် ရေးမှူးအပါအ၀င် ဒေသခံ ၁၁ ဦး ကို တရားမ၀င်ကျောက်စိမ်း ရောင်းဝယ်မှုဖြင့် အရေးယူပြီး နောက် တစ်နိုင်တစ်ပိုင် ကျောက်စိမ်း တူးဖော်ရောင်းဝယ်ခွင့်ပေးရန်နှင့် လူထုကို အကာအကွယ်ပေးနိုင်မည့် ကျောက်မျက်ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီက စက်တင်ဘာ ၂၂ ရက်၌ တောင်းဆိုသည်။

Read more

လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ်တွင် လူငယ်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ငြိမ်းချမ်းရေးဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည်။ ‘‘ငြိမ်းချမ်းပြီးသားဒေသက လူငယ်တွေကြားထဲမှာ ငြိမ်းချမ်းရေးအဓိပ္ပာယ်၊ ငြိမ်းချမ်းရေးရဲ့အနှစ်သာရ၊ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက် ရမလဲဆိုတဲ့ အတွေးအမြင်ရသတွေကို ဖော်ဆောင်တဲ့ ရည်ရွယ်ချက်လေး ပါပါတယ်ဗျ’’ ဟု ပွဲစီစဉ်သည့် ပျဉ်းမနားမြို့နယ် လူငယ်ကွန် ရက်ဥက္ကဋ္ဌ ဦးသိန်းသန်းဦးက ပြောသည်။

Read more

ရခိုင်အရေးအပါအဝင် အချက်ခြောက်ချက်ကို ပါတီ (၂၉)နှစ်ပြည့်တွင် တစညထုတ်ပြန်

ရခိုင်ပြည်နယ်အရေးတွင် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများက လွဲမှားသော ရပ်တည်ချက်များနှင့် မလျော်ဩဇာသုံးကာ ပြည်တွင်းရေးစွက်ဖက်လိုသူများသည် မြန်မာတစ်နိုင်ငံလုံး နှင့် တစ်မျိုးသားလုံးကို ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်ကြောင်း အပါအဝင်အချက်ခြောက်ချက်ပါသော သဘောထားရပ်တည်ချက်ကို တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ (၂၉) နှစ်မြောက် အခမ်းအနား၌ ထုတ်ပြန်သည်။

Read more

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အတည်ပြုရွေးချယ်ခြင်း

 

၂၀၁၇ – ခုနှစ် ၊ စက်တင်ဘာလ(၂၂) ရက်နေ့ ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ အသစ်ပြန်လည် ရွေးချယ် ခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ရန်ကင်းပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် ရပ်ကွက်အစည်းအဝေး ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပြည်ခိုင်ဖြိုးရုံး၌ အပါတ်စဉ်ရပ်ကွက် အစည်အဝေးကို၂၄. ၉ . ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ရန်ကင်းပါတီဥက္ကဌ ဦးဘချစ်က ကျန်ရှိနေ သော ရပ်ကွက်တို့မှ ပါတီနှစ်စဉ်ကြေး ဆက်လက်ကောက်ခံရန် လူငယ် လူပ်ရှားမှုဖြင့် သီတင်းကျွတ်လပြည့်နေ့ ကလေးဆေးရုံ စတုဒီသာ ကျွေးမွေးရန်တို့ကို ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးအောင်ဇော်ရဲ ၊ ဘဏ္ဍာရေးမှူး ဦးနေလင်းသိန်းတို့က တင်ပြကြပြီး အလုပ်အမှုဆောင်နှင့် ရပ်ကွက်စည်းရုံးမှူးတို့က မေးမြန်းကြပြီး အစည်းအဝေးကို ၁၇း၀၀ နာရီ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့ တလျန်လေဆိပ် ပါတီဝင်များ၏ စံပြအိမ်ရာသွား သွားရောက်လေ့လာ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တလျန်မြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်    ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက်(၀၉း၀၀)နာရီချိန်တွင် တလျန် တရုတ်ကွန်မြူနစ်ပါတီသင်တန်းကျောင်းခန်းမ၌ သင်တန်းကျောင်း ဒုတိယပါမောက္ခ Mr.Liu Yanbo မှ ဒီမိုကရေစီနှင့် ဗဟိုဦးစီးစနစ်အကြောင်း ရှင်းလင်းတင်ပြရာ တက်ရောက်ခဲ့ကြသည့် ကိုယ်စာလှယ်အဖွဲ့မှ သိရှိလိုတာများအား မေးမြန်းဆွေးနွေးရာ ဒုတိယပါမောက္ခမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်းတည့်(၁၂း၀၀)နာရီချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့သည်။

Read more

ပါတီဗဟိုအတွင်းရေးမှူးဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စာ လှယ်အဖွဲ့ လင်ဟိုင်ရပ်ကွက်သို့ သွားရောက်လေ့လား

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လျောင်းနင်မြို့ တလျန်မြို့ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးဆောင်သော မြန်မာ့ချစ်     ကြည်ရေးကိုယ်စာလှယ်(၂၁) ဦးသည် ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့က ဒေသစံတော် ချိန် (၀၉း၀၀) နာရီချိန်တွင် တလျန်မြို့ လင်ဟိုင်ရပ်ကွက်သို့ သွားရောက် ကာ တရုတ်ကွန်ြ မူနစ်ပါတီရဲ့ ဆောင်ရွက်ချက်များကို ကြည်ရှုလေ့လာ ခြင်း၊ သိရှိလိုသည့်အချက်များအား ရပ်ကွက်ပါတီမှ တာဝန်ရှိသူများအား မေးမြန်ဆွေးနွေးပြီး မွန်းတည့်(၁၂း၀၀) နာရီချိန်တွင် ဆွေးနွေးပွဲ
ပြီးမြောက်ကာ ကိုယ်စာလှယ်အဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့သည်။

Read more

နမ္မတူပြည်ခိုင်ဖြိုးပါတီ မြို့နယ်သွေးလှူ ရှင်အသင်း၏စုပေါင်း သွေးလှူဒါန်း

 

နမ္မတူပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မနက်​​(၁၁:၀၀)နာရီတွင် ပန်ဟိုက်​​​ (၈)​ရပ်​ကွက်​နေ ​လူနာ​​ ဦးသာလွန်အတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူရှင်​အသင်းဝင် သွေးလှူရှင်​​ ​​​​​ဦး​နေ​အောင်​မှ လိုအပ်​​သော​သွေး(A/B) ​သွေးအမျိုးအစားကိုလည်းကောင်း၊မွေးလူနာလွယ်စပိရွာနေ​ ​ဒေါ်ဇီလူးမီး အ​ရေး​ပေါ်​သွေးလိုအပ်မှုအတွက် မြို့ နယ်​​ကော်​မတီဝင်​ဦး​ကျော်​မြလွင်​မှ (O)​သွေးလှူဒါန်း      ခဲ့ကြောင်း သိရှိရသည်။

Read more