ဂျူဗင်တပ်ဥက္ကဋ္ဌ အက်နယ်လီ တစ်နှစ်ပိတ်ပင်ခံရ

အမာခံအစွန်းရောက် ပရိသတ်များကို လက်မှတ်များ ရောင်းချခဲ့သဖြင့် ဂျူဗင်တပ်ဘော လုံးအသင်းဥက္ကဋ္ဌ အန်ဒရေးအက် နယ်လီကို အီတလီဘောလုံးအဖွဲ့ချုပ်က တစ်နှစ်ပိတ်ပင်သည်။ ဂျူဗင်တပ်အသင်းကိုလည်း တရားရုံးက ယူရို သုံးသိန်းဒဏ်ငွေ ချမှတ်သည်။

လက်မှတ်များ အမြတ်တင် ရောင်းချမှုကို အားပေးရာရောက် သည်ဟု ဆိုသော အမှုတွင် ဘောလုံးအဖွဲ့ချုပ်၏ ရှေ့နေက အက်နယ်လီကို ၂ နှစ်ခွဲပိတ်ပင်ရေး၊ ဒဏ်ငွေရိုက်ခြင်းနှင့် ဂျူဗင်တပ် ကို အိမ်ကွင်းနှစ်ပွဲ ပရိသတ် မပါဘဲ ကစားစေရေး တောင်းဆိုခဲ့သည်။

Read more

အီရန်တို့ ဒုံးပျံအသစ်စမ်းသပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အမေရိကန်သတင်းဌာနများငြင်းဆန်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချထားသော အီရန်တို့၏ဒုံးပျံအသစ် စမ်းသပ်မှုသည် မည်သည့်အခါကမှ ဖြစ်ပေါ်လာခဲ့ခြင်းမရှိကြောင်းနှင့် သတင်းဌာနများက တင်ပြခဲ့သော ဒုံးပျံ ပစ်လွှတ်နေသည့် ဓာတ်ပုံများသည် လွန်ခဲ့သော ၇ လခန့်က လုပ်ဆောင်ခဲ့သည့် ဒုံးပျံစမ်းသပ်မှုမှ ဓာတ်ပုံများ ဖြစ်ကြောင်း အမေရိကန် သတင်းဌာန Fox News မှ တနင်္လာနေ့က တင်ပြခဲ့သည်။

Read more

မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့ကို ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်အတွင်း ထည့်သွင်း

ဝါရှင်တန် စက်တင်ဘာ ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မူလက ¤င်းချမှတ်ထားခဲ့သည့် ခရီးသွား လာခွင့်ပိတ်ပင်မှုစာရင်းတွင် မြောက် ကိုရီးယား၊ ဗင်နီဇွဲလားနှင့်ချက်သမ္မတ နိုင်ငံတို့မှ နိုင်ငံသားများကို ထည့်သွင်း ကာ နိုင်ငံရှစ်ခုအထိ ပိတ်ပင်မှုကိုတိုးမြှင့် လိုက်ပြီး ခရီးသွားလာမှုကန့်သတ်ချက်အသစ်များထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

Read more

အီရတ်နိုင်ငံ ကာ့ဒ်လူမျိုးများ သမိုင်းဝင်လွတ်လပ်ရေးအတွက် မဲပေး

 နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေသည့် အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသအတွက် လွတ်လပ်ရေးဆိုင်ရာ သမိုင်းဝင် ပြည် သူ့ဆန္ဒခံယူပွဲတွင် ကာ့ဒ်လူမျိုးများ မဲပေးနေကြသည်။

အီရတ်နိုင်ငံ ကာ့ဒ်ဒေသလွတ်လပ်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွင်း မဲထည့်နေသော ကာ့ဒ်ဒေသဆိုင်ရာသမ္မတ မာဆူဘာဇာနီ (Azad Lashkari/reuters)

Read more

ကိုယ်ပိုင်အာကာသအေဂျင်စီ တည်ထောင်မည်ဟု သြစတြေးလျ ကြေညာ

သြစတြေးလျမှာ ကိုယ်ပိုင် အာကာသအေဂျင်စီ တည်ထောင်တော့မယ်လို့ သြစတြေးလျ အစိုးရက စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ အဒယ်လိဒ်မှာ ကျင်းပတဲ့ နိုင်ငံတကာ အာကာသသိပ္ပံပညာဆိုင်ရာ ညီလာခံမှာ သြစတြေးလျ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး ဝန်ကြီးက ကြေညာခဲ့တာပါ။

အချိန်ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ အဲဒီကြေညာချက်ကို လက်ရှိစီးပွားရေးနဲ့ သိပ္ပံပညာ အခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး ကြေညာခဲ့တာ ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

Read more

အားကစားတွင် အလားအလာရှိသူများကို ၀န်ထမ်းအဖြစ် ခန့်အပ်ရန် စီစဉ်မည်ဟုဝန်ကြီးပြော

အားကစားတွင် အလားအလာရှိသူများကို အစိုးရ ၀န်ထမ်းအဖြစ် ခန့်အပ်ရန် စီစဉ်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ ‘‘အလားအလာရှိတဲ့အားက စားသမားတွေကို အလုပ်ခန့်ရမယ်။ အားကစားလုပ်ပြီးတော့ ထမင်းစားဖို့၊ ညကျတော့ သူတို့ ဘာသွားစားမလဲ၊ အဲဒီလိုမရဘူး။ သူတို့ရဲ့ ဘ၀ဖူလုံရေးပေါ့။ အားကစားတော်တဲ့သူတွေကို အလုပ်တွေခန့်တဲ့နေရာမှာ ဦးစားပေး စနစ်နဲ့ ကျွန်တော်တို့လုပ်မယ်’’ ဟု စက်တင်ဘာ ၂၅ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင် ပြုလုပ်သည့် ၂၀၁၇ ဆီး ဂိမ်းဆုရအားကစားသမားများ အား ဂုဏ်ပြုချီးမြှင့်ပွဲ၌ ၎င်းက ပြောသည်။

Read more

NCA လက်မှတ်ထိုးနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် UNFC အဆိုပြု

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် အစိုးရထံ အဆိုပြုကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် က ပြောသည်။

Read more

ကုလအထွေထွေညီလာခံတက်ရောက်ခဲ့သည့် ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ

(၇၂)ကြိမ်မြောက်ကုလ သမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သော ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၅ ရက်တွင် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင် ရာ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာခဲ့သည်။  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ အထွေထွေ မူဝါဒမိန့်ခွန်းပြောကြားသော ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၄ ရက်တွင် ဂျွန်အက်ဖ် ကနေဒီလေဆိပ်မှ အင်ချွန်းအ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန် လည်ထွက်ခွာခဲ့သည်။

Read more

ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး မြန်မာအစိုးရ၏ အစီအစဉ်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြိုဆို

ရခိုင်ပြည်နယ်တွင် မကြာမီက ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးများက စိုးရိမ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ်လူသားချင်း စာနာထောက်ထားရေး  အခြေအနေ ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ပြီး မြန်မာအ စိုးရ၏ ပြဿနာဖြေရှင်းရေးအစီ အစဉ်များကို ထောက်ခံကြောင်း ဖော်ပြထားသည်။

Read more

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပ

 

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို (၂၆.၉.၂၀၁၇) ရက်နေ့ တွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် ၊ စည်းကမ်းချက်များ ဆုချီးမြှင့်မည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Read more