ချောင်းဆုံပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်

 

စက်တင်ဘာလ (၂၅)ရက်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး/မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်သူ /မြို့နယ်ကော်မတီဝင်များ ဦဆောင်၍ကရင်ဝင်းစိန်/ကမနင်း ကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီဝင်များစီစစ်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Aye Zaw Than


Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာ လှယ်အဖွဲ့ တလျန်အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပြတိုက်သို့ သွားရောက်လေ့လာ

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တလျန်ပြည်နယ်(ခွဲ)သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော   မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် (၀၉း၀၀) နာရီချိန်တွင် တလျန်ပြည်နယ်(ခွဲ)ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပညာပေး ပြတိုက်သို့ သွားရောက်လေ့လာရာ ပြတိုက်မှတာဝန်ရှိသူများက တရုတ် နိုင်ငံတွင် အဂတိလိုက်စားသူများရဲ့ အကြောင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် အဂတိကင်းစင်သော စံနမူနာယူရမည့်သူများအကြောင်းတို့အား လိုက်လံ ရှင်းလင်းပြသခဲ့ကာ ပြတိုက်မှ တာဝန်ရှိသူများအတူ ကိုယ်စာလှယ်အဖွဲ့မှ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

Read more

တံတားဦး ပြည်ခိုင်ဖြိုးပါတီ လူငယ်လှုပ်ရှားမှုအဖြစ် သမ္ဗုဒ္ဓေဘေးရန်ကင်း စေတီတော် ပရ၀ုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်

 

(၂၅.၉.၂၀၁၇) ရက်နေ့တွင်​ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွင့်ဖြိုးရေးပါတီမှ လူငယ်လှုပ်ရှားမှုအဖြစ် ရန်ကုန်- မန္တလေး အမြန် လမ်း၊ စကားအင်းတိုးဂိတ်အနီး တည်ထားကိုးကွယ်ထားသော သမ္ဗုဒ္ဓေ ဘေးရန်ကင်းစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်ကာ လုပ်​အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ပါသည်။

Crd;


Read more

ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပြုလုပ်

 

(25.9.2017)နေ့လည်(2:30)အချိန်တွင် ကန်ကြီးထောင့်မြို့နယ်စည်ပင်၊ စီမံ၊မြို့မြေစီမံ ခန့်ခွဲမှုကော်မတီများအစည်းအဝေးကိုမြို့နယ်ထွေအုပ်စည်းအဝေးခန်းမ၌ကျင်းပရာပြည်သူ့လွှတ်  တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူ၊မြို့နယ် အုပ်ချူပ်ရေးမှုးနှင့်ဌာနဆိုင်ရာများ၊မြို့နယ်စည်ပင်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါ သည်။

USDP Ayeyarwady Region News


Read more

ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဌာနချုပ်ရှိ၊ ပြည်ထောင်စုခန်းမ ဆောင်တွင် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျှက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများ ´´ နိုင်ငံတော် အခြေပြမိတ်ခွန်းနှင့်စပ်လျှဉ်းပြီးပါတီတွင်းအဖွဲ့(၆)ဖွဲ့ခွဲ၍ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ပါ သည် ။

ယင်းဆွေးနွေးပွဲတွင် ပါတီဗဟိုအကြီးအကဲများတက်ရောက်ပြီး အကြံပြုဆွေးနွေးသူများမှာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လျှက်ရှိသော “နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ် စဉ်(၂)တွင်တက်ရောက်လျှက်ရှိသည့်သင်တန်းသား/သူ အစုအဖွဲ့ (၉၇)ဦးတို့မှ အဖွဲ့(၆)ဖွဲ့ ခွဲ၍ အဖွဲ့ကိုယ်စား (၆)ဦး၏ဆွေးနွေးမှုအပေါ် ထပ်ဆင့်တင်ပြဆွေးနွေးသူများဖြင့်
ဆွေးနွေးခဲ့ကြပါသည်။

Read more

သန်လျင်ပြည်ခိုင်ဖြိုးဘုန်းတော်ကြီးကျောင်းများသို့ဝတ္ထုငွေနှင့်အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ နှင့်သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီအဖွဲ့များ အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မင်္ဂလွန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပြည်တော်သာ ကျေးရွာများသို့ ယမန်နေ့ကသွားရောက်ပြီး ဆရာတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်ကြားနေသော ကလေးငယ်များအား အာဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်၍ကျေးရွာများရှိ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အဆင့်နှုတ်မှုရေးရာနှင့်သီချင်းဆိုပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှုတ်မှုစွမ်းရည်စကားပြောနှင့်သီချင်းဆိုပြိုင်ပွဲအား ယနေ့နံနက် ၁ဝ နာရီတွင် စတင်ကျင်းပခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သောအခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ဆင်းပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁/၂ဝ၁၇ ဆင်းပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက သင်တန်းဆင်းအမှာစကားပြော ကြားသည်။

Read more

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂နာရီခွဲက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်နှစ်ခုမှ ခရိုင်နှင့်မြို့နယ် ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့   နယ်ပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။

Read more

နာနတ်သီး အခွံတွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း

နာနတ်သီးဆိုရင် အသားဝါ ဝါလေးတွေကိုသာ စားလေ့ရှိကြပေမယ့် အခွံတွေကိုတော့ အမှိုက်အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါတယ်။ နာနတ်သီးအခွံမှာလည်း  ကျန်းမာရေးကောင်းကျိုး တွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရအောင် ဖော်ပြလိုက်ပါတယ်။

Read more