မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများကို ဖြိုခွင်းရန် ရဲချုပ်တိုက်တွန်း

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသော ပင်ရင်း နေရာများအထိ ဖြိုခွင်းဆောင် ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက တိုက်တွန်း ပြောကြားသည်။ မူးယစ်ဆးဝါးတားဆီးနှိမ် နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ် ဖော်ဆောင်နေပြီး မူးယစ်ဆေးဝါး အန္တရာယ်ရှိသော ဒေသများကို ရွေးချယ်ဖော်ထုတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း ကထည့်သွင်းပြောကြားသည်။

Read more

ကျေးရွာအုပ်စုပါတီဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကျင်းပ

 

မဘိမ်းမြို့နယ်ကုန်းမခံကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ကုန်းမခံကျေးရွာရှိ ဦးထွန်းလှိုင်၏နေအိမ်၌ကျင်းပရာ အခမ်းအနားသို့ မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

Read more

တိုင်းဒေသကြီးပါတီကော်မတီဝင်နယ်မြေကွင်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တိုင်းပါတီကော်မတီဝင်၊ မြို့နယ်တာဝန်ခံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည်ယနေ့နံနက် ၁ဝ နာရီ တွင် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင် များနှင့်တွေ့ဆုံပြီးပါတီ ရှေ့လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်။

Read more

မအူပင်ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော မြို့ နယ်ပါတီကော်မတီနှင့် ရပ်ကျေး ကော်မတီများ တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့ နံနက် ၁ဝ နာရီ၌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမှတ်(၂)ဘကပညာရေးကျောင်းတွင် အာဟာရဒါနကုသိုလ်ပြုလှူဒါန်း

 

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ အမှတ်(၂) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား အာဟာရ ဒါနကုသိုလ်အဖြစ် နွားနို့နှင့်ပေါင်မုန့်များကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက လှူဒါန်း ခဲ့သည်။

လှူဒါန်းရာသို့ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ် အတွင်းရေးမှူးဒေါ်စောမြိုင်နှင့် မြို့နယ်ကော်မတီဝင် များ၊ ဆင်စွယ်ပွတ်ရပ်ကွက်မှ ပါတီကော်မတီအဖွဲ့ဝင်များ တက်ရောက် ၍ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့သည်။

Read more

ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုး Youth day လှုပ်ရှားမှုသန့်ရှင်းရေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးစုပေါင်း၍ Youth day လှုပ်ရှားမှုအနေဖြင့် ခနောင်တိုအရှေ့ရပ်ကွက် သာသနရက္ခိတကျောင်းတိုက် အောင်ချမ်းသာဆုတောင်းပြည့်စေတီဝင်းအတွင်း မြက်ရိတ်ခြင်း၊ ကန်ဆယ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများအား ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

ဝင်းမြင့်ဦး(ဆိပ်တို)


Read more

နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်(နေပြည်တော်)ရှိ ပြည်ထောင်စု ခန်းမတွင်၊ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်း အနားကျင်းပပြုလုပ်သည်။

ယင်းသင်တန်းတွင် တက်ရောက်လျှက်ရှိသောတိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်း သား/သူ(၉၈)ဦးတို့အား ပါတီ(ဗဟို)အထွေထွေအတွင်းရေးမှုးမှ သင်တန်းဆင်းလက်မှတ် များချီးမြှင့်သည် ။

သင်တန်းဆင်းပွဲသို့ ပါတီ ဥက္ကဌကြီးမှ အမှာစကားပြောကြားခြင်း ၊ ပါတီဗဟိုအလုပ်မှု ဆောင်များနှင့် မှတ်တမ်းဓါတ်ပုံများရိုက်ကူးပါသည်။

Read more

အင်္ဂလန်အသင်းခေါင်းဆောင် ရာထူးလိုချင်နေတဲ့ ဟယ်ရီကိန်း

စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ အနာဂတ်အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို လိုချင်နေတယ်လို့ ထုတ်ဖော်ပြောကြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ကိန်းအနေနဲ့ယခုနှစ်အစောပိုင်းက ကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ ပွဲမှာတော့ ကိန်းအနေနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့တာကြောင့်လာမယ့် ကမ္ဘာ့ဖလာပြိုင်ပွဲကို လည်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ချင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပက်သက်ပြီးကိန်းကကျွန်တော်နောက်ထပ်အသင်းခေါင်းဆောင်တာဝန်ကိုယူလို့ရရင်ယူချင်ပါသေးတယ်။အဲ့ဒီအခိုက်အတန့်ဟာ တစ်ကယ်ကို ဂုဏ်ယူစရာ အကောင်းဆုံးအချိန်ပါပဲ။” လို့ ပြောခဲ့ပါ တယ်။

Read more

အောင်လအန်ဆန်၏ Super Fight ပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်​ပြသမည်

ရန်ကုန်မြို့၌ နိုဝင်ဘာ ၃ ရက်တွင်ကျင်းပမည့် အောင်လအန်ဆန်ပါဝင်သော One Championship ပြိုင်ပွဲကို ပြည်တွင်း ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်တွင် အောင်လအန်ဆန်သည် Super Fight ပွဲစဉ်အဖြစ် နီဂါလန်(ဟောင်ကောင်)နှင့် ယှဉ်ပြိုင် မည်ဖြစ်ပြီး ငါးချီစိန်ခေါ်ပွဲဖြစ်သည်။

Read more

စပိန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့ ကမ်းလှမ်းလိုက်တဲ့ ပီကေး

ကတ်တာလိုးနီးယားပြည်နယ်ခွဲထွက်ဖို့ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် နှုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ဂျရတ်ပီကေးက စပိန်နိုင်ငံလက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့ အတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ ကတ်တာလိုးနီးယားပြည်နယ်ကို စပိန်နိုင်ငံကနေ ခွဲထွက်ဖို့အတွက် ဘာစီလိုနာမြို့မှာ ဆန္ဒမဲပေးဖို့ ကြိုးစားခဲ့တဲ့သူတွေကို စပိန်နိုင်ငံ လုံထိန်းတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ လုံထိန်းတွေဟာ နံပါတ်တုတ်နဲ့ ရော်ဘာကျည်တို့ကို အသုံးပြုပြီး ဖြိုခွဲခဲ့တာကြောင့် လူပေါင်း ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Read more