ဖာဂူဆန်ရဲ့ စံချိန်တစ်ရပ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါး

အဆိုပါပွဲစဉ်မှာ နောက်ခံလူ မွန်နရယ်နဲ့ လူငယ်တိုက်စစ်မှူး အိုင်အိုဘီတို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ကြပြီး အာဆင်နယ်အသင်းလည်း အဆင့် (၅)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါ တယ်။

အာစင်ဝင်းဂါးအနေနဲ့လည်း အနိုင်ရလဒ်နဲ့အတူ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စံချိန်ကတော့ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ ကလပ်အသင်း ၄၅ သင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Read more

မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ကြိုးစားမှုသည် အချိန်ဖြုန်းခြင်းသာဖြစ်ဟု ထရမ့်ဆို

မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ကြိုးစားနေခြင်းသည် အချိန်ဖြုန်းသည့်သဘော သက်သက်သာ ဖြစ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

၎င်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ကုလသမဂ္ဂမိန့်ခွန်းတွင် လှောင်ပြောင်ခဲ့သည့် အသုံးအနှုန်းအတိုင်း ထပ်မံခေါ်ဝေါ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန် အနေဖြင့် မြောက်ကိုရီးယားကို သည်းခံစိတ်ထား ညှိနှိုင်းနေရန် မလိုအပ်တော့ဟု ယူဆကြောင်း မှတ်ချက်ပေးခဲ့သည်။

Read more

ဗီယက်နမ်၌ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ၆ ဦးသေ ၊ ၁ဝ ဦး ဒဏ်ရာရ

ဟိုချီမင်း ၊ အောက်တိုဘာ ၂

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Tay Ninh ပြည်နယ်၌ ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်အစောပိုင်းတွင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားရာ လူ ၆ ဦးသေဆုံးပြီး အခြား ၁ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Read more

ပါကစ္စတန်က စစ်သွေးကြွ နိုင်ငံရေးပါတီ

ပါကစ္စတန်နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွအုပ်စုတွေကို နှိမ်နင်းဖို့ ပါကစ္စတန် အစိုးရပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာနေချိန်မှာပဲ၊ တချို့သော စစ်သွေးကြွအုပ်စု တွေက နိုင်ငံရေးပါတီအဖြစ် တည်ထောင် လာကြပါတယ်။

Milli Muslim League ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် Mohammad Yaqoob Sheikh

Read more

မြောက်ကိုရီးယားသံအမတ်ကို အီတလီနှင်ထုတ်

 

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်လတ်တလောအတွင်း စမ်းသပ်မှုများနှင့်စပ်လျဉ်း၍ ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံအတွင်းမှ နှင် ထုတ်မည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာနို၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်း ဌာနက ဖော်ပြသည်။

သို့သော် အီတလီသည် ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းခြင်းသည် အသုံးကျသောကြောင့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည် မဟုတ်ကြောင်း အယ်လ်ဖာနိုက အီတလီသတင်းစာ တစ်စောင်အား ပြော သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ ဆုပေးပွဲသို့ တက်ရောက်

 

၂၉.၉.၂၀၁၇ ရက်နေ့ သောကြာနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပသော ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှုယှဉ်ပြိုင်ပွဲ ဆုပေးပွဲ      အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားသို့ ပင့်ဖိတ်ထားသော ဆရာတော် နှင့် သီလရှင် ဆရာကြီးများ ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဦးတင်လှိုင်မြင့် ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဋ္ဌ နှင့် ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဓမ္မစကြာင်္ဝတ်အသင်းများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ပါတီအကြီးအကဲများ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၂) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်းအမှတ်​စဉ်​ (၂) သင်တန်းသား/သင်တန်း သူများ ညစာစားပွဲအခမ်းအနားကို ၂၈.၉.၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌနှင့်​ ပါတီအကြီးအကဲများ တက်ရောက်​ချီးမြှင့်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။


Read more

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ (သတ္တမ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

(၂၉.၉.၂၀၁၇)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (သတ္တမ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေးစုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​  ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၁၇)ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့် တိုင်းဒေသကြီးပါတီ      ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၆၆၉၇)ဦးအတွက် ပါတီနှစ်စဉ်ကြေး(၃၃၄၈၅၀၀ိ/-)အား ခရိုင်ဘဏ္ဍာရေးမှူးများမှ တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။ မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​ပါတီများအ​နေဖြင့်​ ယခုသတ္တမအကြိမ်​အထိ ပါတီဝင်​​ပေါင်း(၈၆၉၁၂)ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး(၄၃၄၅၆၀၀၀/-)အား​ပေးသွင်းပြီးဖြစ်​​ကြောင်းသိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရှိရပါသည်​။

Read more

မောင်တောခရိုင်၊ မြို့နယ်ပါတီများမှ သေဆုံးသွားသော ဟိန္ဒူဘာသာဝင် လူမျိုးများ၏ နာရေးကိစ္စရပ်များအား သွားရောက်ကူညီခဲ့ကြ

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် မောင်တောခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန်(ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)ဦးဆောင်၍ ခရိုင်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူးနှင့်ကော်မတီဝင်များမှ ခမောင်းဆိပ်တောင်ရွာ-ရဲဘော်ကျ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့်သွားရောက်ပြီး ဗျွှဗ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူ လူမျိုးတို့၏ သေဆုံးသူအလောင်း(၄၅)လောင်းအတွက် ပဏာမအလှူငွေ(၃)သိန်းကျပ်လှူဒါန်း ပေးခဲ့ပါသည်။ ဆက်လက်ပြီး သစ်တုံးနားခွဆုံ     ကျေးရွာအုပ်စု လေးမြို့ကေဒီကျေးရွာမှ အိမ်ထောင်စု(၃၆)စု၊ ကြောင်နဖေကျေးရွာမှ အိမ်ထောင်စု(၉)စု၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု(၅)စုတို့အား အိမ်ထောင်စု (၁)စုလျှင်(၁၀၀၀၀ိ/-)    ကျပ်နှုန်း ဖြင့် အိမ်ထောင်စု(၅၀)စုအတွက် အလှူငွေ(၅၀၀၀၀၀ိ/-)ကျပ်နှင့် ကျေးရွာ ဆရာတော်(၁)ပါးအား အလှူငွေ(၁၀၀၀၀ိ/-)ကျပ်အား ပံ့ပိုးကူညီခဲ့ကြ သည်။

Read more

ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်

 

ပြည်မြို့နယ်ပြခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀)အချိန်တွင် အောင်ဆန်းပြည်သာယာရပ်ကွက် အတွင်းရှိ မင်းပေါင်းစုတည်ဘုန်းကြီးကျောင်း၊သပြေရိပ်ဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင်မင်းပေါင်းစုတည်စေတီတော်ကြီးတွင် သန့်ရှင်းရေးကုသိုလ် လုပ်အားဒါနကိုပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးအောင်ချိုဦးမှလည်း ကိုယ်တိုင်ပါဝင်လုပ်အားပေးသည့်အပြင် ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သပြေရိပ်ဘုန်းကြီးကျောင်း ဆီမီးတစ်ထောင်ပူဇော်ပွဲအတွက် အလှူတော်ငွေသုံးသောင်းကျပ်၊ကုကျောင်းအကျိုးတော်ဆောင် ကိုမျိုးဟန်က ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လှူဒါန်းခဲ့ပါသည်။

Min Ko Ko

Read more