မင်္ဂလာဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှုတ်မှုစွမ်းရည်သင်တန်းအမှတ်စဉ်(၁)ဖွင့်

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပ ပြုလုပ်သော နှုတ်မှုစွမ်းရည် သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ကော် မတီဝင် ဦးမျိုးဇော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးစိုးမင်း၊ အတွင်းရေးမှူး ဦးမျိုးမင်းနိုင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်း သူများ တက်ရောက်ပြီး မြို့နယ် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ် ခဲ့ကြကြောင်း သိရသည်။

Read more

အနောက်ပိုင်းခရိုင်လူငယ်အဖွဲ့ဓမ္မစင်္ကြာသုတ်ရွတ်ဖတ်ပူဇော်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီ လူငယ်လှုပ်ရှားမှုအဖြစ် ယမန်နေ့ ညနေ ၄ နာရီခွဲ၌ ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ အနောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်မှ မြို့နယ်၊ ရပ်ကွက်ပါတီကော်မတီဝင်များစုပေါင်း၍ လူငယ်လှုပ်ရှားမှုအနေဖြင့် ခရိုင်ပါတီရုံးတွင် ဘုရားကန်တော့ခြင်း၊ ဓမ္မစင်္ကြာသုတ် ရွတ်ဖတ် ပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)

Read more

ကွာစေ့စားရင် ဒီလိုကောင်းကျိုးတွေ ရမယ်

ကွာစေ့ဆိုတာ တကယ်တော့ ဖရဲသီးစေ့ကို လှော်ထားတာပါပဲ။ ဖရဲသီးစားရင် အစေ့ကိုတော့ လွှင့်ပစ်ကြပေမဲ့ ကွာစိအနေနဲ့ကျတော့ ပြန်ဝယ်စားကြပြန်ရော။ ကွာစေ့စားတာကလည်း လူကို ကောင်းကျိုးဖြစ်စေပါတယ်။

၁။ အမိုင်နိုအက်ဆစ် (Amino Acid)တွေ ပါဝင်ပြီး အာဂျင်နိုင်း၊ ဂလူတမစ်အက်ဆစ်၊ Lysine ၊ tryptophan တို့လို အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး နှလုံးကို ကျန်းမာ စေပါတယ်။

Read more

ခြင်ပြေးစေမယ့် စမတ်ဖုန်းသစ်တစ်မျိုးကို LG မိတ်ဆက်

LG က ခြင်အန္တရာယ်ကာကွယ်ပေးမယ့် နည်းပညာပါဝင်တဲ့ K7i အမည်ရစမတ်ဖုန်းကို India Mobile Congress မှာ မိတ်ဆက်ခဲ့ပါတယ်။ LG K7i ဖုန်းရဲ့ကျောဘက်က mesh grid ကနေ နှုန်းလွန်အသံလှိုင်း (ultrasonic) ကိုထုတ်လွှင့်ပြီး ခြင်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီလှိုင်းတွေက ပိုးမွှားအမျိုးမျိုးကို ကာကွယ်ပြီး လူတွေအပေါ် ဘေးဥပါဒ်မဖြစ်စေဘူးလို့ LG က ထုတ်ြပန်ခဲ့ပါတယ်။

Read more

MPT အော်တိုတယ်လီဖုန်းလိုင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် လိုင်းတိုးချဲ့ခြင်းများဆောင်ရွက်

MPT ရဲ့ အော်တိုတယ်လီဖုန်းတွေ လိုင်းအဆင့်မြှင့်တင်တာနဲ့ လိုင်းတိုးချဲ့ခြင်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိအသုံးပြုနေတဲ့ TDM (Time Division Multiplex) အိတ်ချိန်းတွေကို MSANs (Multi-Service Access Nodes) နောက်ဆုံးပေါ် ခေတ်မီအိတ်ချိန်းစက်များဖြင့် လဲလှယ်တပ်ဆင်လျက် ရှိတယ်လို့ ဆိုပါတယ်။

Read more

NCA လက်မှတ်ထိုးရေး ညှိနှိုင်းမှု အောက်တိုဘာ ၁၅ ရက်နောက်ပိုင်း ပြုလုပ်ရန် အစိုးရအကြောင်းပြန်ဟု UNFC

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းမှု ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှသာ ပြုလုပ်နိုင်မည်ဟု အစိုးရဘက်ကအကြောင်း ပြန်ကြောင်း ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက ပြော ကြားသည်။

Read more

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်ရန် တိုင်းရင်းသားပါတီများကို UNFC တိုက်တွန်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုကို အရှိန်မြှင့်တင်၍ ပါဝင်ဆောင်ရွက်ရန် တိုင်းရင်းသား နိုင်ငံရေးပါတီ များဖြင့် ဖွဲ့စည်းထားသော UNA ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းပြောကြားသည်။

Read more

မိုးကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သောင်ဦးကျောင်တိုက်၌ လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နန့်ရင်း ရပ်ကွက်သောင်ဦး ကျောင်တိုက်တွင် စက်တင်ဘာ ၃၀ ရက်မနက် ၇ နာရီမှစ၍ မိုးကောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝငှ် ဦးဝင်းကို မြို့နယ်စည်းရုံးရေးတာဝန်ခံဦးမြင့်စိုး ဦးငွေရှိန်း၊ဦးသန်းစိုးဒေါ်အေးတို့နှင့်အတူမိုးကောင်းမြို့နယ်ရှမ်းမျိုးနွယ်စုရိုးရာယဉ်ကျေးမှုနာရေးကူညီမှုအသင်း ဥက္ကဌ    ဦးစိုင်းထွန်းလှ ဦးအောင်ကျင်တို့နှင့်အင်အား ၄၅ ဦးဖြင့် သောင်ဦးကျောင်းတိုက်တွင်းရှိ ချုံနွယ်ရှင်းခြင်း ထင်များသယ်ခြင်း| အမှိုက်များရှင်းခြင်း| မြက်များကိုစက်များဖြင့်ရှင်းခြင်းလုပ်ငန်းများကိုစေတနာရှိစွာဖြင့်လုပ်ဆောင်ရာသောင်ဦး ကျောင်းတိုက်ဆရာတော်ဘုရားကြီမှအားရ၀မ်းသာပြီလုပ်အားပေးလုပ်ဆောင်သူများကိုအဟာထမင်းများကိုကျွေးလျက်ရှိပါကြောင်းတင်ပြအပ်ပါသည်

Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

 

( ၁ – ၁၀ – ၂၀၁၇ ) ရက်နေ့၊.နံနက် (၉)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊မကာဟိုခမ်းရပ်ကွက်မြို့နယ်ဓမ္မရုံတွင် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်ပိုများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တာချီလိတ်မြို့ပေါ်-ရပ်ကွက်မှ အဘိုး-အဘွား (၂၀၁)ဦးရှိသည့်အနက် (၉၂)ဦးတက်ရောက်ခဲ့ကြပါသည်၊ ယနေ့ဘိုးဘွားများအားစုပေါင်းကန်တော့ငွေနှင့် ပစ္စည်း တန်းဘိုးမှာ ကျပ်(၈၃)သိန်း၊(၇)သောင်းဖြစ်ကြောင်း ကျန်ဘိုးဘွားများကိုလည်း နေအိမ် အရောက်သွားရောက်ကန်တော့မှာဖြစ်ကြောင်းသိရပါသည်။

Read more

မိုင်းဆတ်မြို့ပြည်ခိုင်ဖြိုးပါတီမှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် ဘိုး-ဘွား (၁၀၇)ဦးပူဇော်ကန်တော့ခြင်း

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်-မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုး-ဘွား(၁၀၇)ဦးအားစုပေါင်းကန်တော့ခြင်းအခမ်းအနားကို မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် (၁ – ၁၀-၂၀၁၇ )ရက်နေ့ ၊နံနက် (၀၇း၃၀ )တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခထ္ထိယ ၊ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့်       ဦးစိုင်းသန်းဝင်း၊ဦးဒါဝိတ်တို့မှလှူဘွယ်ပစ္စည်းများနှင့်အတူတက်ရောက်အားပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ

Read more