ရွိုင်ယန်ဂစ်ကို နည်းပြခန့်ရန် လက်စတာနှင့် အဲဗာတန်တို့စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက်နှင့် ဝေးလ်ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်ကို မိမိကို လက်စတာနှင့် အဲဗာတန် နည်းပြအလုပ်များက စိတ်ဝင်စားနေသည်ဟု ပြောသည်။

လက်စတာအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က နည်းပြရှိတ်စပီးယားကို ထုတ်ပယ်ခဲ့ပြီး အဲဗာတန်သည် တနင်္လာနေ့တွင် ကိုးမန်းကိုထုတ်ပယ်ခဲ့ရာ နှစ်သင်းစလုံးနည်းပြ မရှိဘဲ ဖြစ်နေသည်။

ဗန်ဟားလ်လက်ထက်က အိုးထရက်ဖို့ဒ်တွင် လက်ထောက်နည်းပြဖြစ်ခဲ့သည့်ဂစ်သည် ၂၀၁၆ တွင် ဆွမ်ဆီး နည်းပြရာထူးကို အင်တာဗျူးဖြေခဲ့ဖူးသည်။

Read more

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုနှင့် သီးခြား တွေ့ဆုံ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ မေဖဲလ်ဟိုတယ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီက သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ – MFF)

Read more

ဖီဖာအကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနိုရော်နယ်ဒို ဆက်လက် ရရှိ

၂၀၁၇ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကပဲ ဆက်လက်ဆွတ်ခူးရရှိသွားပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၇ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး(၄၀)ကျော်သွင်းခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံဆုတွေကို ရီးရဲလ်မက်ဒရစ် ဆွတ်ခူးနိုင်ခဲ့ရာမှာ သူ့သွင်းဂိုးတွေက အရေးပါခဲ့ပါတယ်။ အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့မှာကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို ကမ္ဘာကျော်ဘောလုံးသမားတွေအပြင် ဟောလီးဝုဒ်မှ အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့ ကြပါတယ်။ အကောင်းဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ရရှိခဲ့ပြီး အကောင်းဆုံး သွင်းဂိုး (ပွတ်ရှ်ကတ်ဆု)ကိုတော့ အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကိုတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ၀ါရင့်ဂိုးသမား ဘူဖွန်က နော်ယာနဲ့ ကေလာနာဗက်စ်တို့ကို ကျော်ပြီး ရရှိခဲ့ပါတယ်။ တခြားအကောင်းဆုံးဆုများ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျောင်းကုန်းမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ အောက်တိုဘာ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိ/ရပ်ဖ များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ့ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဝင်များနှင့် ဒေသခံပြည်သူလူထု(၆၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်များ လိုက်ပါသောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

Read more

ပြည်နယ်ပါတီအတွင်းရေးမှူး သံဖြူဇရပ်မြို့နယ်ပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

သံဖြူဇရပ် အောက်တိုဘာ ၂၃

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် အောက်တိုဘာလ ၂၃ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်ရုံးရေးမှူးများ နှင့်တွေ့ဆုံခဲ့သည်။

Read more

လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးတွင် နေအိမ် ၂၂ လုံးနှင့် စာသင်ကျောင်း ၂ လုံး ပြိုကျပျက်စီး

ရန်ကုန်၊ အောက်တိုဘာလ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၂ လုံးနှင့် အခြေခံပညာမူလတန်းကျောင်းဆောင် ၂ လုံး ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

Read more

ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် ပြောင်းလဲရန် လွှတ်တော်တွင် ဆွေးနွေးနေဆဲ

 

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်ပြမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၂၃ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အကြံပြုဆွေးနွေးလိုက်သည်၊၊

“နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော မြန်မာနိုင်ငံ၏ ဘဏ္ဍရေးနှစ်ပြောင်းလဲသတ်မှတ်သည့် ကိစ္စအား နိုင်ငံတော်၏ နိုင်ငံရေး စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနှင့် ဆက်စပ်နေပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်သည့်အတွက် အဆောတလျင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံမှ ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း အကြံပြု လိုပါတယ်”ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ပြောသည်၊၊

Read more

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိ

ရန်ကုန်၊ အောက်တိုဘာလ ၂၃

 ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အလှူငွေစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၇၂,၅၃၅ ရှိပြီဖြစ်ကြောင်း သိရသည်။

Read more

ကုလပိတ်ဆို့မှုစာရင်းတွင်ပါသော မြောက်ကိုရီးယား သံတမန်တစ်ဦးကို မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဒုတိယအတွင်းဝန်တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

‘‘ဖေဖော်ဝါရီထဲမှာ ကုလသမဂ္ဂရဲ့စာရင်းထွက်တော့ သူ့နာမည်ပါတဲ့အခါကျတော့ ကျွန်တော်တို့က မြောက်ကိုရီးယားသံရုံးကို ပြောလိုက်တယ်။ အဲဒီလိုပါတဲ့သူတော့ ငါတို့ဆက်ထားလို့မရဘူး။ မင်းတို့အနေနဲ့ ဒီလူကို သက်ဆိုင်ရာနိုင်ငံကို ပြန်ထွက်ခွာအောင်လုပ်ပေးပါလို့ ပြောတဲ့အခါ လုပ်ပေးပါတယ်။ သူက မြန်မာပြည်ရောက်တာ လပိုင်းပဲရှိသေးတယ်။ တကယ်တမ်း သူပြန်ထွက်တဲ့အချိန်ရောဆို ခြောက်လ မပြည့်သေးဘူး ထင်တယ်’’ဟု ဦးကျော်ဇေယျက ပြောသည်။

Read more