မုန်တိုင်းဒဏ်သင့် ပြည်သူများအားကူညီရန် ရန်ပုံငွေရရှိရေးအခမ်းအနားသို့ ကန်သမ္မတဟောင်းငါးဦး တက်ရောက်

ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းခံစားခဲ့ရသော ဒေသခံများအား အကူအညီပေးရန် ရန်ပုံငွေရရှိရေးဖျော်ဖြေပွဲအခမ်းအနားတစ်ခုသို့ ကန်သမ္မတဟောင်း ငါးဦး စုပေါင်းတက်ရောက်ခဲ့သည်။

အောက်တိုဘာ ၂၁ ရက် တက္ကဆက်ပြည်နယ်တွင် ကျင်းပသော ထိုအခမ်းအနားသို့ ဘားရက်အိုဘားမား၊ ဂျော့ခ်ျဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်၊ ဂျော့ခ်ျအိတ်ဒဗလျူဘုရှ်၊ ဂျင်မီကာတာ တို့ တက်ရောက်လာကြသည်။
ဟာဗေ၊ အာမာနှင့် မာရီယာစသည့် ဟာရီကိန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား ကူညီရန် One America Appealအဖွဲ့နှင့် အတူ အဆိုပါဒီမိုကရက်တစ် သမ္မတဟောင်း သုံးဦးနှင့် ရီပက်ဘလေကန်သမ္မတဟောင်း နှစ်ဦးတို့အတူ ပါဝင်ခဲ့ကြသည်။

Read more

ဂျပန်ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အပြတ်အသတ် အနိုင်ရ

ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းနဲ့အပြိုင် စောစောစီးစီး ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ အာဘေးရဲ့ ညွန့်ပေါင်းက အမတ် ၄၆၅ နေရာရှိတဲ့ ပါလီမန်မှာ ၃၁၁ နေရာ အနိုင်ရဖွယ်ရှိတဲ့အတွက် အမျိုးသားရေးဝါဒီ လက်ရှိဝန်ကြီးချုပ်ဟာ ဂျပန်ရဲ့ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်လာဖို့ ရှိနေပါတယ်။

Read more

ဇင်ဘာဘွေ သမ္မတ မူဂါဘီကို နှလုံးလှ သံတမန်အဖြစ် ခန့်အပ်မှုကို WHO ပြန်လည်ရုပ်သိမ်း

ဒေါသတကြီး ဝေဖန်ကန့်ကွက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အနေဖြင့် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီကို နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ထားမှုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရသည်။

WHOက မူဂါဘီ အနေဖြင့် ဇင်ဘာဘွေနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် အပြည့်အဝ အာရုံစိုက် ကူညီနေခြင်းအတွက် ဂုဏ်ထူးဆောင် နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

Read more

Facebookပို့စ် ဘာသာပြန် အမှားကြောင့် အစ္စရေး ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့

Facebookပေါ်တွင် ရေးသားထားသည့် ပို့စ်တစ်ခု ဘာသာပြန် အမှားကြောင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်း အမျိုးသား တစ်ဦးသည် အာရပ်ဘာသာဖြင့် Facebook ပေါ်တွင် “ကောင်းသော မနက်ခင်းပါ”ဟု ရေးသားထားခဲ့သည်။ သို့သော် ယင်းစာသား ကို ဟီးဘရူးဘာသာဖြင့် ပြန်ဆိုချိန်တွင် “သူတို့ကို တိုက်ကြ”ဟု မှားယွင်းသွားခဲ့သည်။

Read more

မာရာဒိုနာနဲ့ ကိုဘီဘရိုင်ယန်တို့ စပါး-လီဗာပူးလ်ပွဲကို လာရောက်ကြည့်ရှု

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အာဂျင်တီးနား ဘောလုံးအကျော်အမော် ဒီယေဂိုမာရာဒိုနာနဲ့ ဘတ်စကတ်ဘော အကျော်အမော် ကိုဘီဘရိုင်ယန်တို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။

Read more

ကစားသမားဘ၀မှာ ၈ ကြိမ်မြောက် အနီကတ် ပြသခံခဲ့ရတဲ့ နေမာ

တစ်ဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ပွဲမှာ နေမာဟာ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက် ၈ ကြိမ်မြောက် အနီကတ်ပြသခံခဲ့ရပါတယ်။

နေမာကို မာဆေးလ်ကစားသမားတွေက အကြိမ်ကြိမ်ပြစ်ဒဏ်ကျူးလွန်ခဲ့ရာမှာ နေမာက မခံနိုင်တော့ပဲ နောက်ဆုံးဘောလုံးဖျက်ထုတ်ခဲ့တဲ့ အော်ကမ်ပို့စ်ကို ဆောင့်တွန်းခဲ့ရာက ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

Read more

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

၂၀၁၇ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းရဲ့ အပြီးသတ်လူစာရင်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီလူစာရင်းမှာ အုပ်ချုပ်သူနဲ့ နည်းပြအဖွဲ့က လူ ၇ ဦးနဲ့ ကစားသမား ၁၆ ဦးရှိတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

Read more

မြန်မာပရိတ်သတ်တွေကို အမှတ်တရတွေ ပေးသွားချင်တယ် ဆိုတဲ့ အလိန်းဂါလာနီ

အွန်လိုင်းတွင် စိတ်ဝင်စားနေကြတဲ့ ဖိုက်တာကြီး အလိန်းဂါလာနီကတော့ မြန်မာပရိတ်သတ်တွေကို အမှတ်တရတွေ ပေးခဲ့ချင်ပါတယ်လို့ ပြောလိုက်ကြောင်း One ChampionShip စာမျက်နှာတွင် ဖော်ပြထားသည်။

လာမည့် နိုဝင်ဘာလ ၃ ရက်(သောကြာနေ့) ရန်ကုန်မြို့တွင် ကျင်းပမည့် အောင်လအန်ဆန်နှင့် အလိန်းဂါ လာနီတို့ရဲ့ One Hero’s Dream ဖိုက်တင်ပွဲကို မြန်မာပရိတ်သတ်များ အထူးစိတ်ဝင်စားနေကြသည်။

Read more

အားကစားလိုက်စားခြင်းက အသက်ကြီးလာတဲ့အခါ ပိုပြီးကျန်းမာစေ

အားကစားလိုက်စားသူတွေဟာ ကာယလေ့ကျင့်ခန်းလုပ်သူတွေနဲ့ယှဉ်ရင် အသက်ကြီးလာတဲ့အချိန်မှာ ပိုကျန်းမာနေနိုင်တယ်လို့ BMJ Open ဆေးပညာစာစောင်က ဖော်ပြပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ဝါသနာပါတဲ့ အားကစားနည်းကို ရှာတွေ့ခဲ့ပြီး မကြာခဏ ကစားသင့်ပါတယ်။

ကိုယ်နှစ်သက်တဲ့ အားကစားကို မကြာခဏကစားပေးခြင်းဟာ အသက် ၇၀ ကျော်၊ ၈၀ ကျော် အချိန်တွေမှာပါ ဖျတ်လတ်နေနိုင်မယ့် သော့ချက် တစ်ခု ဖြစ်နိုင်ပါတယ်။

Read more

အိုင်အိုဒင်းချို့တဲ့မှု လက္ခဏာများနှင့် ကာကွယ်ရန် လမ်းညွှန်ချက်များ

အိုင်အိုဒင်းဓာတ်သည် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် စာဖတ်စွမ်းရည်အပြင် ကိုယ်အလေးချိန် ထိန်းချုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။

အိုင်အိုဒင်းဓာတ်ချို့တဲ့သော လက္ခဏာများတွင် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းနှင့် ဆံပင်ကျွတ်ခြင်း စသော လက္ခဏာများပါဝင်သည်။

ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်း၊ အမြဲအားအင်ကုန်ခန်းနေခြင်း စသော လက္ခဏာများသည်လည်း အိုင်အိုဒင်းချို့တဲ့သည့် လက္ခဏာများဖြစ်သည်။

Read more