NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အချက် ၈ ချက်အနက် သုံးပုံ နှစ်ပုံကျော် ပြေလည်ပြီး အချက်အားလုံးပြေလည်ရန် လတ်တကမ်းအလိုရောက်လာပြီဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး ကပြောဆိုလိုက်သည်။

Read more

လူ့အခွင့်အရေးနောက်ကွယ်မှ နိုင်ငံလုံခြုံရေးထိခိုက်လာသည့်အပေါ် သတိထားရန် တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်အရေးကိစ္စမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေကို အကြောင်းပြုပြီး နောက်ကွယ်မှ ရည်ရွယ်ချက်ရှိရှိ ပြုမူလုပ်ဆောင်လာတာတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက် လာတဲ့အပေါ် အထူးသတိထား စောင့်ကြည့်ကာကွယ်သွားဖို့ တပ်မတော်က သဘောထားထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီတွေရဲ့  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ်  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့  ထုတ်ပြန်လိုက် တာပါ။အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ လွန်စွာရှုပ်ထွေးတဲ့ အခြေအနေတွေ သမိုင်း နောက်ခံအကြောင်းအရာ အချက်အလက်တွေ များစွာရှိတာကို ဦးစွာလေ့လာသိရှိဖို့  လိုအပ်တယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Read more

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးတိုးမူဝါဒများအပေါ် မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာန အရေးပေါ် အစည်းအဝေးခေါ်မည်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ် ဆရာ၊ဆရာမများ၏ ရာထူးတိုး မူဝါဒများအပေါ် ဝေဖန်မှုများ၊ မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာနက ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ်အစည်းအဝေးခေါ်မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

Read more

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု အလောသုံးဆယ်မလုပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အချို့နဲ့ တပ်မတော်သားကိုယ်စားလှယ်အချို့ ထောက်ပြ

(နေပြည်တော် ၊ အောက်တိုဘာ ၂၃)

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မှုနဲ့ပတ်သက်လို့ အလောသုံးဆယ် မလုပ်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အချို့တို့က ထောက်ပြလိုက်ပါတယ်။

“၄၃ နှစ် ကျင့်သုံးခဲ့တဲ့ ဘဏ္ဍရေးနှစ်ကို မဖြစ်မနေ ပြောင်းလဲကျင့်သုံးမယ်ဆိုပါက လက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို သက်ဆိုင်သူတွေ ၊ အဖွဲ့အစည်းတွေ ၊ စိတ်ပါဝင်စား သူတွေနဲ့ အချိန်ယူ ဝိုင်းဝန်းစဉ်းစားပြီးမှသာဆောင်ရွက်သင့်ပါတယ်၊ အလောသုံးဆယ်ပြောင်းဖို့ မသင့်ပါဘူး”လို့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသောင်းစိန်ကပြောပါတယ်။

Read more

ပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးနှင့် ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်တွေ့ဆုံပွဲ

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးတက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။

#HtayWin
crd.photo


Read more

ဗလီတစ်ခုက နောက်ဆုံးတိုက်ပွဲအပြီး မာရာဝီမြို့စစ်ပွဲများ အဆုံးသတ်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ပြော

မနီလာ၊ အောက်တိုဘာ ၂၄

ဖိလစ်ပိုင်တောင်ပိုင်းတွင် အိုင်အက်စ်ထောက်ခံသော ဘာသာရေးစစ်သွေးကြွများကို ချေမှုန်းသည့် ငါးလကြာ စစ်ပွဲသည် ဗလီတစ်ခုအတွင်း   နောက်ဆုံးတိုက်ပွဲတစ်ရပ်အား တိုက်ခိုက်ပြီးနောက် အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။

Read more

နျူကလီးယား ဗုံးကြဲလေယာဉ်ကြီးများ ၂၄ နာရီ တပ်လှန့်ထားမည့် စနစ်ကို အမေရိကန်လေတပ် ပြန်လည် အသက်သွင်း

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ၂၄ နာရီ နိုးနိုးကြားကြား အသင့်ပြင်ထားရန် အမေရိကန်စစ်ဘက်က စီစဉ်နေကြောင်း သိရသည်။

B-52 ဗုံးကြဲလေယာဉ်ကြီးများ သည် အချိန်တိုင်း အရေးပေါ်ပျံတက်ပြီး စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် အသင့်အနေအထားဖြင့် ရှိနေမည့်သဘော ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အဆုံးသတ် သွားသည့် စစ်အေးကာလ နောက်ပိုင်းတွင် အမေရိကန် လေတပ်သည် ထိုကဲ့သို့ အသင့်ပြင်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိချေ။

Read more

အိုင်အက်စ်လက်မှ လွတ်မြောက်လာသည့် မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့

အိုင်အက်စ် လက်အောက်မှ ပြန်လည် သိမ်းယူရရှိသည့် မြို့တစ်မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။

Read more

ထရမ့်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌တွေ့ဆုံစဉ် မြောက်ကိုရီးယားအရေးကိစ္စဆွေးနွေး

ဝါရှင်တန်၊ အောက်တိုဘာ ၂၄

အမေရိကန်သမ္မတနှင့် စင်္ကာပူဝန်ကြီးချုပ်တို့သည် အိမ်ဖြူတော်၌တနင်္လာနေ့က တွေ့ဆုံစဉ်တွင် မြောက်ကိုရီး ယားအရေးကိစ္စနှင့် ပက်သက်၍ဆွေးနွေးခဲ့ပြီး   ပြုံယမ်းအစိုးရ၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန် တုံ့ပြန်ရန် လိုအပ်သည့်အကြောင်းအရာများကို ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်နှင့် လီရှင်လောင်းတို့သည် ဘဲဥပုံရုံးခန်းထဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထို့နောက်တွင် သူတို့သည် သတင်းစာရှင်းလင်းပွဲအသီးသီး ပြုလုပ်ခဲ့ကြသည်။

Read more

ဥရောပ အကောင်းဆုံး လူငယ် ကစားသမားဆု မက်ဘီရရှိ

၂၀၁၇ အတွက် ဥရောပ အကောင်းဆုံး လူငယ်ကစားသမားဆု (Golden Boy) ဆုကို ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဘီက ရရှိသည်။

ယင်းဆုအတွက် အခြားရွေးချယ်ခံရသူများတွင် မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်၊ မန်ယူတိုက်စစ်မှူး ရက်ခ်ျဖို့ဒ်နှင့် ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီ တို့ ပါဝင်ခဲ့သည်။

Read more