ကိုယ့် ဖုန်းက နှေးကွေးနေတယ်ဆိုရင် UNINSTALL လုပ်သင့်တဲ့ APPLICATION ၇ ခု

October 24, 2017

Android ဖုန်းတစ်ခု ဝယ်ယူထားတယ်ဆိုရင် ဖုန်းက ဝယ်လာတုန်းက သုံးရတာမြန်ဆန်ပေမယ့် အချိန်ကြာလာ တာနဲ့အမျှ နှေးကွေးလာတာကို ကြုံဖူးကြမှာပါ။ အဲ့ဒါဟာ ဘာကြောင့်လဲဆိုရင် Application တွေကို ဖုန်းက မနိုင်တဲ့ လေးပင်တဲ့ Application တွေပဲ Install ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ်။ အခုပြောပြသွားမယ့် Application တွေက ဖုန်းကို အဓိကလေးလံစေတဲ့ Application တွေဖြစ်တဲ့အတွက် တကယ်လို့ သွင်းထားမိရင် Uninstall လုပ်ထားတာ အကောင်းဆုံးဖြစ်မှာပါ။

Read more

နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း [၁/၂၀၁၇] ဖွင့်ပွဲအခမ်းအနား

ရန်ကုန် အောက်တိုဘာ ၂၄
 
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက် ၈ နာရီ ၃၀ မိနစ်က ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး၌ ကျင်းပခဲ့ပါသည်။
 
အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းအတွင်းရေးမှူး ဦးသာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
 
အလှူရှင်များက အလှူငွေပေးအပ်ခြင်းကို အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်မှ အလှူငွေများ လက်ခံခဲ့ပါသည်။ အခမ်းအနားသို့ တ်ုင်းဒေသ ကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ မြို့ နယ် ပါတီ ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်ပါတီကော်မတီဝင် သင်တန်းသား ၄၂ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် ၉ နာရီအချိန် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
 
Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဝင်လူငယ်ထု တွေ့ဆုံပွဲကျင်းပ

အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဝင်လူငယ်ထု တွေ့ဆုံပွဲအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမဆောင်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်တွင်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များနှင့် မြို့နယ် ၂၆ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်ကိုယ်စားလှယ် ၁၂၀၀ ဦးခန့်တက်ရောက်ခဲ့သည်။

Read more

စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ပျဉ်ချဆိပ်အုပ်စုတွင် ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့၌ ကျင်းပသော စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ကျုံပျော်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ အခမ်းအနားနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး အသစ်ဝင်ရောက်လာသော ပါတီဝင်များမှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြကြသည်။
ထို့နောက် ပါတီဝင်အသစ်များအတွက် ပါတီဝင်ကြေး ၁၃၅၀၀၀၀(တစ်ဆယ့်သုံးသိန်းငါးသောင်း) ကျပ်အားပေးအပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးညဏ်လင်းမှလက်ခံရယူပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ပါတီဝင်အသစ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီသီချင်းဖြင့် ရုပ်သိမ်းခဲ့သည်။

Read more

စမ်းကုန်းကျေးရွာရှိ ၉၃ရာခိုင်နှုန်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၊ အုတ်တွင်းအုပ်စု၊ စမ်းကုန်းကျေးရွာတွင် ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့၌ ကျင်းပသော ပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ကြံခင်းမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်မှ အခမ်းအနားနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး အသစ်ဝင်ရောက်လာသော ပါတီဝင် ဦးအေးနိုင်မှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြကြသည်။

Read more

ကြက်ဥ တစ်နေ့တစ်လုံး စားပေးမယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ကြက်ဥအနှစ်ထဲမှာ သံဓာတ်နဲ့ ကယ်လ်ဆီယမ်လို ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင် နေသလို ကြက်ဥအကာ ထဲမှာ လည်း ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥ တစ်နေ့စားပေးမယ် ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့…

Read more

ကြွက်နို့နှင့် ငါးမျက်စိ လွယ်လွယ်လေးသတ်မယ်

လွယ်လွယ်ကူကူပျောက်စေသောဆေးမီးတို ငါးမျက်စိရောဂါကို အင်္ဂလိပ်လို Cron ခေါ်ပါသည်။ငါးမျက်စိ ရောဂါ(molluscum Contagiosum) သည် အရေပြားပေါ်တွင်ဖြစ်ပေါ်နေသော အဖုလေးအလုံးလေးများဖြစ်ပါသည်။

ညှစ်လိုက်ပါက အဖုလုံးလေးများမှ အဆံလေးများထွက်တတ်ပါသည်။ ကူးစက်မှုလွယ်ကူးပြီး။ ထိမိ၊ ဖိမိကနာလှပါသည်။ ခန္ဓာကိုယ်အနှံအပြားတွင် လည်း ပေါက်တတ်ပါသည်။ သို့သော် ငါးမျက်စိသည် ခြေထောက်တွင် ပေါက်သည်ကများပါသည်။အချို့က အသားမာဟုလည်း ခေါ်သည်။

Read more

U ပစ္စည်းသစ်ထွက်လာမယ်လို့ HTC အတည်ပြု

 

U ပစ္စည်းသစ် ထွက်လာမယ်လို့ သတင်းတွေ ထွက်နေချိန်မှာ U ပစ္စည်းအတွက် HTC က တရားဝင် အတည်ပြုပေးလိုက်ပါပြီ။ HTC ဟာ ဒီနေ့မှာ Twitter ကနေတစ်ဆင့် တရားဝင် အတည်ပြုခဲ့ပါတယ်။ နိုဝင်ဘာလ ၂ရက်နေ့ ရက်စွဲနဲ့အတူ #BrilliantU ဆိုတဲ့ Hashtag နဲ့ တင်ခဲ့တာပါ။

Read more

Galaxy Note 8 ရဲ့ Deep Sea Blue ကို ဂျာမနီနိုင်ငံမှာ စတင်ရောင်းချသွားမည်

Samsung Galaxy Note 8 ဖုန်းကို Initial အနေနဲ့ အရောင်လေးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ Midnight Black, Maple Gold, Orchid Grey နဲ့ Deep Sea Blue တို့ပါ။ ဒါပေမယ့် အရောင်အားလုံးကို နိုင်ငံတိုင်း မရသေးပါဘူး။

Read more

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိ

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အလှူငွေစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၇၂,၅၃၅ ရှိပြီဖြစ်ကြောင်း သိရသည်။

Read more