ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များ စာရင်းတွင် စင်ကာပူပတ်စ်ပို့တ် ပထမဆုံးအကြိမ် ဦးဆောင်

စင်ကာပူ ပတ်စ်ပို့တ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးမားဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာကြောင်း သိရသည်။ နိုင်ငံတစ်ခု၏ ပတ်စ်ပို့တ် ဩဇာ သက်ရောက်နိုင်စွမ်းကို အခြားနိုင်ငံများသို့ သွားလာရာတွင် ဗီဇာကင်းလွတ်ခွင့်နှင့် တိုင်းတာလေ့ ရှိသည်။ ပါရာဂွေး အစိုးရက စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သည့်နောက် ဂျာမနီကို ကျော်တက်ကာ စင်ကာပူက ထိပ်ဆုံးနေရာ ရောက်လာခြင်း ဖြစ်သည်။

Read more

မော်စီတုန်းနောက်ပိုင်း ‘သြဇာအကြီးဆုံး’ တရုတ်ခေါင်းဆောင် ရှီ

ပါတီဖွဲ့စည်းပုံကို ပြင်ပြီးနောက် ရှီဂျင်ပင်း (ဝဲ)ဟာ မော်စီတုန်း (ယာ) နောက်ပိုင်း သြဇာအရှိဆုံးဖြစ်လာ

 တရုတ်နိုင်ငံမှာ ကွန်မြူနစ် ပါတီ ခေါင်းဆောင် မော်စီတုန်း နောက်ပိုင်း သြဇာအကြီးဆုံး ခေါင်းဆောင် အဖြစ် လက်ရှိ သမ္မတ ရှီ ဂျင်ပင်းကို ကွန်မြူနစ် ပါတီက သတ်မှတ်လိုက်ပါတယ်။

Read more

၂၀၁၈ မော်တော်ယာဉ်မူဝါဒသစ်ကို ပြင်ဆင်ရန်မရှိဟု စီး/ကူးဒုညွှန်ချုပ်ပြော

၂၀၁၈ တွင်စတင်ကျင့်သုံးမည့် မော်တော်ယာဉ် မူဝါဒသစ်သည် ကောင်းမွန်သောစနစ်ဖြစ်ပြီး ပြန်လည်ပြုပြင်ရန် ညှိနှိုင်းဆွေးနွေးနေခြင်းမျိုး မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းကပြောသည်။ ‘‘မူဝါဒထုတ်ပြီးတဲ့နောက်မှာ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးပြန် လုပ်တယ် ဆိုတဲ့ သတင်းတွေဟာ မှားပါတယ်။ မဟုတ်ပါဘူးခင်ဗျာ’’ဟု ဦးမင်းမင်းက ပြောသည်။

Read more

ရခိုင်ဒေသပြန်လည်နေရာချထားရေး နိုဝင်ဘာတွင် ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် အပါအဝင် အချက် ၁၀ ချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူ

မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးကို ယမန်နေ့အစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို နေပြည် တော်တွင် ပြုလုပ်ခဲ့ပြီး အချက် ၁၀ ချက် သဘောတူညီမှုရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးများနှင့် ဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်ကနေပြည်တော် ရှိ Horizon Lake View Hotel နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး တို့တွင် ပြုလုပ်ခဲ့ပြီး သဘောတူညီ ချက်များကို ချမှတ်နိုင်ခဲ့သည်။

Read more

ပါတီဝင်အဆိုပြုလွှာနှင့် ပါတီကြေးပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲဝင်များသည် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်တွင် မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ ငါးထပ်ကြီးဘုရားဝင်း ဓမ္မာရုံတွင်ကျင်းပသော ပါတီဝင် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဆွေးနွေးပွဲ၌ အဆိုပြုချက် ခုနစ်ချက် သဘောတူနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့၏ သတ္တမအကြိမ်မြောက် နှစ်ရက်ကြာဆွေးနွေးမှုတွင် အဆိုပြုချက် ခုနှစ်ချက်အား သဘောတူဆွေးနွေးနိုင်ခဲ့ ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။

Read more

မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲတွင် သေနတ်ထောက် အနုကြမ်းစီးမှု ဖြစ်ပွား

မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ကန်ဖျားလမ်းမကြီးတွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲမှာ အောက်တိုဘာလ ၂၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က အမည်မသိအမျိုးသားတဦးမှ သေနတ်ထောက်ပြီး အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဘဏ်မှာငွေလာလွှဲသူတဦးက ပြောပါတယ်။

အနုကြမ်းစီးသွားတဲ့ အမျိုးသားဟာ ကန်ဖျားလမ်းဆုံဘက်မှ ပိတောက်ပင်လမ်းဆုံ ဘက်သို့ မောင်းနှင်လာပြီး ကမ္ဘောဇဘဏ်ခွဲရှေ့မှာ ရပ်နားကာ ဘဏ်ခွဲတွင်းသို့ ငွေလွှဲဖို့ ၀င်ရောက်လာသူကို သေနတ်နဲ့ ထောက်ပြီး ဘဏ်ခွဲမှတာဝန်ရှိသူကို အမိန့်ပေး ငွေထုတ်ယူသွားကြောင်း သိရပါတယ်။

Read more

သွားအလှပျက်စေတဲ့ အပြုအမူ (၆) မျိုး

ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကို ဝါထိန်ပြီး အလှပျက်စေတဲ့ အပြုအမူတွေလည်း ရှိပါသေးတယ်။
သွားတိုက်ဆေးကြော်ငြာတွေထဲမှာ တွေ့ဖူးကြမှာပေါ့။ ဖြူဖွေးညီညာတဲ့ သွားတွေပေါ်အောင် ပြုံးပြကြတာမျိုး ပေါ့။ တကယ်တော့ အပြုံးလေးတွေ လှပနေစေဖို့ သွားရဲ့ အခန်းကဏ္ဍက လည်း အလွန်အရေးပါ ပါတယ်။ ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကို ဝါထိန်ပြီး အလှပျက်စေတဲ့ အပြုအမူတွေလည်း ရှိပါသေးတယ်။

Read more

ကျီးပေါင်း ရောဂါ လက်တွေ့ပျောက်စေမဲ့ ပေါက်ပန်းဖြူ

ကျီးပေါင်း တက်တာကို ကုသပေးတဲ့ ပေါက်ပန်းဖြူ နေ့တိုင်း အဲ့လောက်ပွင့်တယ်။ ရေကြိုက်၊ နေကြိုက်မို့ ရေဘုံဘိုင်ဘေးမှာ စိုက်ထားတယ်။ အဲ့အပွင့်ကို ပြုတ်ပြီးတို့စားရင် ကျီးပေါင်း တက်လို့ဖြစ်တဲ့ လည်ပင်း အရိုး၊ အဆစ်နာကို ထူးခြားစွာ ပျောက်လို့ ပြန်လည် မျှဝေလိုက်ပါတယ်။

Read more