ကက်တာလိုနီးယား မခွဲထွက်ရေး စပိန်ပြည်သူ ထောင်သောင်းများစွာ ချီတက်ဆန္ဒပြ

ဘာစီလိုနာ၊ အောက်တိုဘာ ၃၀

ကက်တာလိုနီးယား၏ မြို့တော် ဘာစီလိုနာတွင် စပိန်ပြည်သူ ထောင်သောင်းများစွာက နိုင်ငံတော်အလံနှင့် ဥရောပအလံများကို ကိုင်ဆောင်ဝှေ့ယမ်းလျက် ချီတက်ဆန္ဒပြပြီး စပိန်မှ ကက်တလန်ဒေသခွဲထွက်ရေးကို မဲပေးသည့် ဌာနေလွှတ်တော်အမတ်များကိုလည်း ရှုတ်ချကြသည်။

လူလှိုင်းလုံးကြီးသဖွယ် တအိအိ ချီတက်လာသော ဆန္ဒပြသူများက သီချင်းများ သံပြိုင်ဆိုကာ လက်ခုပ် သြဘာများ တီးလျက် ဘာစီလိုနာ လမ်းများတစ်လျှောက် ချီတက်ကြကာ အနီနှင့် အဝါခြယ် စပိန်အလံများဖြင့် လူပင်လယ်ပြင်ကြီး ဖြစ်သွားသည်။

Read more

မြန်မာနိုင်ငံ ခရီးသွားလာရေးဥပဒေ အမြန်ဆုံးအပြီးသတ်ရန် တိုက်တွန်းမည်

မြန်မာနိုင်ငံ ခရီးသွားလာရေးဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးရန် အောက်တိုဘာ ၃၁ ရက်တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံ မည်ဖြစ်ပြီး ယင်းဥပဒေကို အမြန် ဆုံး အပြီးသတ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးသက်လွင် တိုးက ပြောသည်။

Read more

ဆော်ဒီမှာ အမျိုးသမီးတွေ အားကစားပွဲ ကြည့်ခွင့်ရ

ဆော်ဒီအာရေးဘီးယားတွင် အမျိုးသမီးများကို အားကစားရုံများထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ကြည့်ရှုခွင့် ပေးလာဖွယ် ရှိနေကြောင်း သိရသည်။

ဆော်ဒီ အာဏာပိုင်များက အမျိုးသမီးများနှင့် ပတ်သက်၍ ကြီးကြီးမားမား ကန့်သတ်တားဆီးမှု အချို့ကို ဖယ်ရှားဖွယ် ရှိနေကြောင်း အတည်ပြုခဲ့သည်။ ဆော်ဒီအစိုးရသည် ပြီးခဲ့သည့် လပိုင်းအတွင်းက အမျိုးသမီးများ ကိုယ်တိုင် ကားမောင်းခြင်းကိုလည်း နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့သည်။

Read more

ရန်ကုန်-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ

ထိုင်းမြန်မာနယ်စပ်မဲဆောက်မြိုနဲ့ ရန်ကုန်ကိုသွားသွားမဲ့ လေကြောင်းခရီးစဉ်ကိုအောက်တိုဘာလ ၂၉ရက် နေ့က စတင်ပြေးဆွဲနေပြီဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ မဲဆောက်က ထိုင်းဘုရားဖူးခရီးသည်များ စတင်သွားကြတာဖြစ်ပြိး လေယဉ်ပေါ်မှာလူ၈၀ကျော်လိုက်ပါသွားခဲ့ပါတယ် ဒီလိုမဲဆောက်ရန်ကုန်ကို လေယာဉ်ခရီးရှိတဲ့အတွက် ကုန်သည်တွေအတွက်ကော ဆေးကုသမဲ့သူတွေအတွက်ပါ အဆင်ပြေချောမွေ့ နိုင်တယ်လို့ ဆိုကြပါတယ် မအေးအေးမာကသတင်းပေးပို့ထားပါတယ်

Read more

ဒုသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံ

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ လစဉ်ပုံမှန်တွေ့ဆုံပွဲကို ၁၁ ကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဒေသတွင်း စီးပွားရေးဆိုင်ရာ တင်သွင်းမှုများ၊ မော်တော်ယာဉ်လုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာများအား သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းများ က တင်ပြဆွေးနွေး ခဲ့ကြသည်။

Read more

မောင်တော၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်လျှက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ နိုင်ငံသား စိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ထုတ်ပေးရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကွင်းဆင်းလုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (အဌမ)အကြိမ် ပါတီနှစ်စဉ် ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

(၂၇.၁၀.၂၀၁၇) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (အဌမ) အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသ ကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်း ညှိနှိုင်းအစည်းအ​ဝေး (၉/၂၀၁၇) ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်ကျော်​မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Read more

သီ​ပေါတွင်​ တတိယသုံးလပတ်​ လုပ်​ငန်းညှိနှိုင်း​ဆွေး​နွေးပွဲအ​တွေ့အကြုံ ရှင်းလင်းခြင်းနှင့်​ ​ရှေ့လုပ်​ငန်းစဉ်​များ​ဆွေး​နွေး

သီ​ပေါမြို့နယ် ပါတီ​ကော်​မတီများ၏ လပတ်​အစည်းအ​ဝေးနှင့်​ ပြည်​နယ်​ တတိယ သုံးလပတ်​ လုပ်​ငန်းညှိနှိုင်းစည်း​ဝေးပွဲ၏ အ​တွေ့အကြုံနှင့်​ ပါတီ၏ ​ရှေ့လုပ်​ငန်းစဉ်​များ ​ဆွေး​နွေးပွဲကို ၂၇.၁၀.၂၀၁၇ နံနက်​ ၉း၃၀ နာရီ အချိန်က မြို့နယ်​ရုံးခန်းမတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်။
 
အဆိုပါအခမ်းအနားသို့ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းစိန်​လင်း၊ ခရိုင်​ပါတီ​ကော်မတီ ဦးအုန်း​မောင်​၊ မြို့နယ်​ဥက္ကဌ ဦး​အောင်​​အောင်​နှင်​ မြို့နယ်​​ကော်​မတီများ တက်​​ရောက်​ကြပါသည်​။
 
ဆွေး​နွေးပွဲတွင်​ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းစိန်​လင်းမှ ပြည်​နယ်​တတိယ သုံးလပါတ်​ လုပ်ငန်းအ​တွေ့အကြုံများကို လည်းကောင်း၊ မြိုနယ်​ဥက္ကဌ ဦး​အောင်​​အောင်​မှ ​ရှေဆက်​လုပ်​​ဆောင်​ရမည့်​ လုပ်​ငန်းစဉ်​များကို ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။
 
၎င်းေ​နာက်​ တက်​​ရောက်​လာကြ​သော ခရိုင်​နှင့်​မြို့နယ်ပါတီ​ကော်​မတီဝင်​များက အကြံပြု​ဆွေး​နွေးကြပါသည်​။ ထို့​နောက်​ မြို့နယိဥက္ကဌမှ လုပ်​ငန်း ညှိနှီုင်း စည်း​ဝေးပွဲ၏ ဆုံးဖြတ်​ချက်​များကို ဖတ်​ကြားပြီး အစည်း​အဝေးကို ၁၁း၃၀ နာရီအချိန်​တွင်​ ​အောင်​မြင်​စွာဖြင့်​ ပြီး​မြောက်​​စေခဲ့ပါသည်​ ။
 
credit >>> ag ag
Read more

မုဒုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေလှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်၊ ပြည်နယ်ကော်မတီဝင် ဦးဇော်မြင့်၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တို ဘာလ (၂၈) ရက်နေ့တွင် ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်း ဘုံကထိန် ပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ထံ အလှူငွေ (၁၂၅၀၀၀)အား ကပ်လှူ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။

Read more

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများ ဆွေးနွေးလျှောက်ထားပြီး အလှူငွေများလှူဒါန်း

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးခင်မောင်ရွှေ ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်တို့သည် အောက်တိုဘာ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန်က မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဦးနန္ဒိယအား ဖူးမျှော်ကြည်ညိုပြီး ဘာသာရေးဆိုင်ရာ မိမိတို့ပါတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ဆွေးနွေးလျှောက်ထားပြီး အလှူငွေများ လှူဒါန်းခဲ့ပါသည်။

Read more